Nov 11, 2012

လက်ဖက်ရည်ကြမ်းက ဆေးလိပ်သောက်၍ ဖြစ်သည့် အဆုတ်ကင်ဆာ အပေါ် ကောင်းနိုင်ဟုဆို

တိုင်ဝမ် ကျွန်းဆေးရုံ တစ်ရုံက အမေရိကန်ပြည်ထောင်စု၊ ကင်ဆာ သုတေသနအသင်းရဲ့ ယခုနှစ်စာတမ်းဖတ်ပွဲမှာ တင်ပြ ထားပါတယ်။ တိုင်ဝမ်းဆေးတက္က သိုလ်က ဒေါက်တာလင်က “ အဆုတ်ကင်ဆာဆိုတာ တရုတ်okw(တိုင်ပေ) မှာ သေနှုန်းများတဲ့ ရောဂါဖြစ်ပါတယ်၊
လက်ဖက်ရည်ကြမ်းက စိတ်ဝင်စားဖို့ ကောင်းတယ်၊သူမှာပေါ် လီဖီနာလို့ခေါ် တဲ့ အင်တီအောက်စီဒင့်ပါတယ်၊ သူက အလုံး၊ အကြိတ်ဖြစ်တာကို တားတယ် ” လို့ ဆိုပါတယ်။



ဒေါက်တာလင်နဲ့ သူ့အဖော်တစ်စုက အဆုတ်ကင်ဆာဖြစ်ပြီး လူနာ ၁၇၀ နဲ့ ပကတိ ကျန်းမာသူ ၃၄၀ ကို မေးခွန်းတွေမေးပြီး သုတေသနပြုပါတယ်။ သူတို့ရဲ့နေထိုင်ရာဒေသ၊ စီးကရက်သောက်သုံးမှု၊ လက်ဖက်ရည်ကြမ်းသောက်သုံးမှု၊နေ့စဉ်စားသုံးမှု (အသီးအ နှံ၊ ဟင်းသီးဟင်းရွက်)၊ ချက်ပြုတ်ပုံ၊ မိသားစုမှာကင်ဆာမျိုးရိုး ရှိမရှိ တို့နဲ့ဆက်စပ်ပြီး စူးစမ်းပါတယ်။

သုတေသနပြုခံရသူ အုပ်စုထဲပါ၊ ဆေးလိပ်သောက်သူရော၊ မသောက်သူရော တစ်နေ့ လက်ဖက် ရည်ကြမ်းတစ်ခွက်ကလေးတောင် မသောက်ဘူးဆိုရင် ကင်ဆာဖြစ်ဖို့ (ရဖို့) ၅.၁၆ဆဖြစ်နိုင်ခြေရှိကြောင်း။
ဆေးလိပ်လည်းသောက်မယ်၊ ပုံမှန်လည်း လက်ဖက်ရည်ကြမ်းသောက်လေ့ မရှိဘူးဆိုရင်တော့ ၁၂.၇၁ ဆ တောင်ဖြစ်နိုင်ခြေရှိကြောင်း တွေ့ထားပါတယ်။



ကင်ဆာအားပေးဗီဇ (ဂျင်း) လဲမပါ၊လက်ဖက်ရည်ကြမ်းလဲ ပုံမှန်သောက်မယ် ဆိုရင် ကင်ဆာကင်းဝေးဖို့ ၆၆ရာခိုင်နှုန်းတောင်ရှိတယ်၊ ဒါပေမဲ့ ဆေးလိပ်သောက်ပြီး ကင်ဆာ အားပေးဗီဇ(ဂျင်း) လဲပါမယ်ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေက အလွန့်အလွန်များတယ်လို့ဆိုပါတယ်။
ကျွန်တော်တို့ ပြောနိုင်တာက ဆေးလိပ်သောက်လို့ရတဲ့ အဆုတ်ကင်ဆာ ကို လက်ဖက်ရည်ကြမ်းက တစ်မျိုး တစ်ဖုံပြောင်းနိုင် ( လျော့နိုင်) တယ်၊ အဆုတ်ကင်ဆာက ဗီဇပေါ်မှာပဲမူတည်တယ် ” လို့
ဒေါက်တာ လင်က ဆိုပါတယ်။

(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ