Nov 13, 2012

သတင်းသမား အယောင်ဆောင်ပြီး စီးပွားဖြစ် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးနေ

မျက်မှောက်ကာလတွင် နေ့စဉ်ထုတ် သတင်းစာနှင့် အပတ်စဉ်ထုတ် ဂျာနယ်များ၌ သတင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာရာ လူအများမှာ သတင်းများကို စိတ်ဝင်တစား ရှိလာကြပြီး သတင်းရေးသားသော သတင်းသမားများကိုလည်း တလေးတစား ရှိလာကြသည်။

ယင်းအခြေအနေကို အခါအခွင့်ယူ၍ သတင်းသမား အယောင်ဆောင် ဓာတ်ပုံဆရာအချို့က ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များက ကြီးမှူးကျင်းပသော အခမ်းအနားများကို ဝင်ရောက်၍ သတင်းသမား အယောင်ဆောင်ပြီး စီးပွားဖြစ် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးလျက်ရှိနေကြောင်း သိရသည်။

ကလင်တန် လာစဉ်က ခွေးနဲ့စစ်ဆေးခံနေရတဲ့ မြန်မာ့သတင်းထောက်များ
 “အခုတလော အခမ်းအနားတွေမှာ အယောင်ဆောင် သတင်းသမားအချို့ကို တွေ့နေရတယ်။ တစ်နည်းအားဖြင့် ဒေါင်းယောင်ဆောင်တဲ့ကျီး လက်သစ်တွေပေါ့။ သူတို့က စေတီပုထိုးတွေမှာ၊ ပန်းခြံတွေမှာ တွက်ခြေမကိုက်လို့ အခမ်းအနားတွေကိုဝင်ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်တာကိုတော့ ဘာမှ မပြောလိုပေမယ့် သတင်းဓာတ်ပုံရိုက်မယ့် သတင်းသမားရှေ့မှာ ကာဆီးကာဆီး ရပ်နေတော့ သတင်းသမားတွေကို စိတ်အနှောင့်အယှက် ပေးနေသလို ဖြစ်နေတာပေါ့” ဟု သတင်းမီဒီယာ သမားတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြသည်။

ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြုပြင်ပြောင်းလဲလိုက်ပြီးနောက် သတင်းလွတ်လပ်ခွင့် ပြုလိုက်သဖြင့် ပြည်ပသတင်းဌာနများမှ ထုတ်လွှင့်သော သတင်းများကို စိတ်ဝင်စားမှု နည်းပါးလာပြီး ပြည်တွင်းမှ ထုတ်ပြန်သော သတင်းများကို လူအများ ပိုမိုစိတ်ဝင်စားလာကြကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ