ဒီစကားကို ဒီနေရာမှာပြောပါတယ်
ယနေ့ချက်ထရီယမ်ဟော်တယ်(အရင်နာမည်ကဟိုတယ်နီကိုး)မှာငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုလုပ်ပါတယ် ။ရခိုင်ကိစ္စက အများဆုံးပြောဖြစ်ကြတယ်-အစ္စလာမ် ညီအကိုတော် နှစ်ယောက်လည်း ပါဝင်ဆွေးနွေးတယ်
ပြောတာတွေကတော့ အများကြီးဘဲ။ဦးအေးသာအောင်အပါအ၀င် ရခိုင် ညီအကိုတွေလဲ အများကြီးဆွေးနွေးတယ်
ကျနော်ကတော့ နဲနဲလေး မေးမြန်းခဲ့ပါတယ်
((( အစ္စလာမ် ညီအကိုတော်များခင်ဗျား - ဘဂ်လားဒေ့ရှ်ကနေ အခုလတ်တလော ခိုးဝင်လာတဲ့သူတွေ အပေါ်ဘယ်လိုသဘောထားပါသလဲ - အကယ်၍ ဘင်္ဂလားဒေ့ရှ် နဲ့ စစ်ဖြစ်ရင် နိုင်ငံသားတစ်ယောက် အနေနဲ့ မြန်မာနိုင်ငံတော်ကို ကာကွယ်ဖို့ မြန်မာ့တပ်မတော်ဝင်ဖို့ ကတိပေးပါသလား )))
ဟုတ်ကဲ့ - မဖြေနိုင်ပါဘူး ခင်ဗျား -
တိုင်းရင်းသားဖြစ်တာမဖြစ်တာ အသာထား နိုင်ငံသားဖြစ်ရင် နိုင်ငံတော်ကို သစ္စာခံရမယ် ။
အမေရိကန်မှာတောင် ကန်းထ၇ီးအော့ဖ် အော်၇ီဂျင်က ဘာပဲ ဖြစ်နေပါစေ အမေရိကန်နိုင်ငံသားအဖြစ်ခံယူရင် အမေရိကန်နဲ့ စစ်ဖြစ်တဲ့ ဘယ်နိုင်ငံကိုမဆို ပါဝင်ပြီးတိုက်ရပါလိမ့်မယ်
မြန်မာလူမျိုးတစ်ယောက်အနေနဲ့ အမေရိကန် နိုင်ငံသားခံယူရင် မြန်မာ အမေရိကန် စစ်ဖြစ်ရင် အမေရိကန်ဖက် ပါပြီး မြန်မာကို တိုက်ရဲရပါလိမ့်မယ် ။ ဒါဟာ မှန်ကန်တဲ့ သစ္စာရှိတဲ့ နိုင်ငံသားဖြစ်ပါတယ် ။
(မောင်ကျောက်ခဲ အဖွဲ့)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။