Nov 13, 2012

ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မြန်မာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်

FROM:ထွန်းထွန်း

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်းမှာ မြန်မာ စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ အကြား မနေ့ညနေက ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဟာ နစက နယ်မြေ (၁) လို့ သတ်မှတ်ထားတဲ့ အောင်သေပြ အပိုင် ဗန္ဓုလ ကျေးရွာ အနီးမှာ ယမန်နေ့ညနေ ၈ နာရီခွဲကနေ ၁၁ နာရီထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ အောင်သပြေကျေးရွာ သားတဦးက နိရဉ္စရာကို အခုလို ပြောပြပါတယ်။

“ ည ၈ နာရီကျော်မှာ ဘင်္ဂလာဒေခ်ျ့ နယ်မြေထဲက ဓါတ်မီးတွေနဲ့ လူတချို့ ၀င်ရောက်လာရာကနေ စတင် တိုက်ပွဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဗန္ဓုလနယ်မြေ နယ်စပ် မိုင်တိုင်အမှတ် (၅၂) (၅၃) အကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ညဥ့် ၁၁ နာရီထိ သေနတ်သံတွေ ကြားနေရပါတယ်။ လက်နက်ကြီးသံတွေလည်း ကြားရပါတယ်။ ဒီမှာ သတင်းဖြစ်နေတာကတော့ ဟိုဘက်က ၀င်လာတာက ကုလား ပြောက်ကျားတွေလို့ ပြောပါတယ်။”


မိုးချုပ်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် ဘယ်အဖွဲ့အစည်းနဲ့ ဖြစ်ပွားတယ်ဆိုတာ အတိအကျ မသိရသေး သလို အထိအခိုက် ဘယ်လောက်ရှိတယ်ဆိုတာလည်း မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားပြီး သိပ်မကြာခင်မှာဘဲ အောင်သပြေရွာမှာ ရှေ့တန်း စခန်းထိုင်နေတဲ့ ဗျူဟာမှူး ကိုယ်တိုင် ကား ၃စီးနဲ့ အတူ တိုက်ပွဲ ဖြစ်တဲ့ နယ်စပ်ကို လိုက်သွားခဲ့တယ်လို့ ပြောပါတယ်။

နိုဝင်္ဘာလ ၆ ရက်နေ့က အခု တိုက်ပွဲ ဖြစ်ပွားရာ နေရာ နယ်စပ်အနီးမှာ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုရဲ့ ၀င်ရောက် တိုက်ခိုက်တဲ့အတွက် ဂျီအီးတပ်သား တစ်ဦး ကျဆုံးပြီး သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်ခံ သွားခဲ့ရပါတယ်။

အဲဒီနေ့က စပြီး နယ်စပ်မှာ မြန်မာဘက်က စစ်တပ် တပ်ရင်း (၆) ခုခန့် တိုးချဲ့ချထားပြီး ဖမ်း ဆီး ခေါ်ဆောင်ခံသွားရတဲ့ တပ်သားတွေကို လိုက်ရှာဖွေနေတဲ့ အတွက် အခြေအနေဟာနယ်စပ်မှာ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသမှာ ရခိုင်နဲ့ တောင်ပေါ်သား ကျေးရွာ (၇) ရွာခန့်ရှိပြီး အဲဒီအထဲမှာ ဗန္ဓုလ၊ တပ်ချောင်း၊ အောင်သပြေ၊ ဒိန်းညိုစတဲ့ ရွာတွေပါဝင်ပြီး အိမ်ခြေပေါင်း ၅၀၀နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

thanthanusoe said...

စစ်သားမှကုလားသတ်လို့သေရတယ်လို့ကွာ ရင်နာဖို့ကောင်းလိုက်တာ ပြည်ပက၀ယ်ထားတဲ့အမြောက်တွေဒီတခါမသုံးရင်
ဘယ်တော့သုံးမှာလည်း။

htet koe said...

အလစ်တိုက်ခံရလို့နေမှာပေါ့ ကုလားတွေတော့နော်------------

Unknown said...

အမျိုးယုတ်တွေကိုမထားတာအမှန်ပါမြန်မာပြည်မှာနေမြန်မာပြည်မှာကြီးပြင်းမြန်မာပြည်မှာမွှေးပြီးတော့မြန်မာလူမျိုးကိုစိုကာတယ်လို့ကွာမင်းတိအခွင့်ရလို့ပေါ့ကွာ ......................မင်းတို့တစ်နေ့နေ့မှာသေတွင်းကိုသာတူးထားကုလားယုတ်တွေ....




Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ