Nov 11, 2012

ရွှေကူတွင် မှောင်ခိုနွားများဖမ်းဆီးရမိ

From:.K.D.N..//-
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် တရားမ၀င် မောင်းနှင်လာသော နွား အကောင် ၄၀ ပါ နွားအုပ်အား ဖမ်းဆီးရမိခဲ့ပါသည်။ ဖြစ်စဉ်မှာ မြို့လှ ရဲစခန်းမှ ရဲအုပ် ခင်မောင်ဝင်း ပါဝင်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကျောင်းကုန်း ကျေးရွာ၏ အနောက်ဘက် ၀က်မစား ကုန်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်ဘက်မှ ကသာ - ဗန်းမော် မီးရတားလမ်းအတိုင်း ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိပဲ တရားမ၀င် မောင်းနှင်လာသော နွားထီး ၄၀ ကောင်၊ ကာလတန်ဘိုး သိန်း ၁၂၀ ကျပ်အား တရားခံ ၇ ဦးနှင့်အတူ ည ၉ နာရီအချိန်ခန့်တွင် ဖမ်းဆီး ရမိခဲ့ပါသည်။



(၁)     ဖိုးတုတ်၊ ၄၆ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၂)     ထွန်းထွန်းနိုင်၊ ၂၃ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၃)     ကျော်မင်း၊ ၂၄ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၄)     ကျော်ဆန်းဦး၊ ၂၉ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၅)     စိုးသူ၊ ၂၈ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
(၆)     ကျော်လင်း၊ ၂၆ နှစ်၊ မော်လူးကျေးရွာ၊ အင်းတော်မြို့။
အဆိုပါ တရားခံ ၇ ဦးအား ရွှေကူရဲစခန်းတွင် အရေးကြီး ကုန်ပစ္စည်း အက်-၅ ဖြင့် အရေးယူ အမှုဖွင့် ထားကြောင်း သိရပါသည်။.(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ