Nov 12, 2012

စက်သုံးဆီဆိုင်များတွင် MPU ကတ်ဖြင့် ကိုယ်တိုင်ဆီထည့်နိုင်မည့်စနစ် စတင်ရန် စီစဉ်

FROM: Aye Chan Mon
စက်သုံးဆီဆိုင်များတွင် MPU ကတ်ဖြင့် ငွေချေပြီး ကိုယ်တိုင်ဆီထည့်နိုင်မည့် စနစ်ကို စတင်အသုံး ပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ယင်းစနစ်ကို အကောင်အထည်ဖော် လုပ်ဆောင်မည့် အင်ဖိုစစ် မြန်မာနည်း ပညာကုမ္ပဏီမှ သတင်းရရှိသည်။

ယင်းစနစ်ကို eFilling Station ဟုခေါ်ပြီး စက်သုံးဆီဆိုင်တစ်ခုလုံးကို ကွန်ပျူတာစနစ်ဖြင့် အလုံးစုံ ထိန်းချုပ်စီမံခြင်း၊ မည်သည့်အချိန်တွင်ဖြစ်စေ ဆီဆိုင်ဝန်ထမ်းများ မရှိသော်လည်း MPU ကတ်ဖြင့်ငွေချေပြီး ကိုယ်တိုင်ဂေါက်တံကိုင်၍ ဆီထည့်နိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ ယင်းစနစ်တွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


တာမွေမြို့နယ်အတွင်းရှိ ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်နေမှုကို တွေ့ရစဉ်


''ဆီဆိုင်တွေမှာ အခြင်အတွယ် မပြည့်တဲ့ပြဿနာတွေဖြစ်တာ ကြုံရတယ်။ အဲဒါကို ဆော့ဖ်ဝဲတွေအသုံးပြုပြီး ကွန်ပျူတာစနစ်နဲ့ ဆီဆိုင်တစ်ခုလုံးကို ထိန်းချုပ်နိုင်တယ်။ ဒီစနစ်မှာ ပန့်ကို ကွန်ပျူတာနဲ့ ၁၀၀ ရာခိုင်နှုန်း ချိတ်ဆက်ထားတယ်။ အရင်တုန်းက စနစ်ကတော့ ကွန်ပျူတာအရောင်းစနစ်ဖြစ်ပြီး အခုစနစ်က စီမံခန့်ခွဲမှုတွေကိုပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဆီဆိုင်တွေကနေ တောင်း ဆိုကြလို့ ထိုင်းမှာသွားလေ့လာပြီးတော့ ထိုင်းကTatsuno ကုမ္ပဏီနဲ့ လက်တွဲဖြစ်တယ်။ ဒီစနစ်က ၂၄ နာရီဝန်ဆောင်မှု ပေးနိုင်အောင်လည်း ရည်ရွယ်ထားတယ်။ နောက်ပိုင်းမှာ တွင်ကျယ်လာမယ့် MPU ကတ်တွေကို အသုံးပြုပြီး ငွေချေနိုင်တာ၊ ကိုယ်တိုင်ပဲ ဆီထည့်နိုင်တာ စတာတွေကိုလည်း လုပ်ဆောင်နိုင်မယ်။ ဒီဇင်ဘာဆိုရင် ဆီဆိုင်ငါးဆိုင်မှာ စလုပ်ဖို့ ရှိပါတယ်'' ဟု အင်ဖိုစစ် မြန်မာနည်းပညာကုမ္ပဏီမှ ဦးဇော်မင်းအေးက ပြောကြားသည်။

eFilling Station အဖြစ် လုပ်ဆောင်မည်ဆိုပါက အသုံးပြုရမည့် ဟာ့ဒ်ဝဲပစ္စည်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၀၀၀ ခန့် ကျသင့်ပြီး ဟာ့ဒ်ဝဲပစ္စည်းနှင့်ဆော့ဖ်ဝဲ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၇၀၀၀ ခန့်ရှိကြောင်း သိရသည်။

ယင်းစနစ်အား လုပ်ဆောင်နိုင်ရန် အင်ဖိုစစ် မြန်မာကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံရှိ Tatsuno Thailand ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ