Nov 14, 2012

အိမ်မဲမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ မှာလည်း စားခွက်လုလို့ ထကိုက်ကုန်ပြီ

အိမ်မဲမြို့နယ်၊ အမျိုးသားဒီိမိုကရေးစီအဖွဲ့ချုပ်ပါတီ သည်.. 1988 ခုနှစ်နောက်ပိုင်းတွင်  အမျိုးသား ဒီိမို ကရေစီအဖွဲ့ချုပ်ပါတီတည်ထောင်ချိန်မှ စတင်ပြီး မြို့နယ်ရုံးဖွင့်လှစ်ကာ ပါတီလုပ်ငန်းများ အားဆောင် ရွက် ခဲ့ပါသည်။  မြို့နယ်အလုပ်အမှုဆောင်ကော်မတီအား ဦးတင်အေး၊ ဦးဂုဏ်တန် တို့မှ ဦးဆောင်ဖွဲ့စည်း ခဲ့ရာ အဖွဲဝင်(15)ဦး ပါဝင်ခဲ့ပါသည်။ထိုအချိန်တွင် ယခု အိမ်မဲမြို့နယ် စည်းရုံးရေးကော်မတီ ဥက္က္ကဌ ၊ မြောင်းမြခရိုင် ပါတီညီလာခံကျင်းပရေးကော်မရှင် ဥက္က္ကဌ ၊ ဧရာဝတီတိုင်းဒေသကြီး လုပ်အမှုဆောင်ကော် မတီဝင်၊ဧရာဝတီတိုင်းဒေသကြီး  တောင်သူလယ်သမား  စည်းရုံးရေး တာဝန်ခံကြီးဖြစ်သူ ဦးမောင်မောင် ကြီး မှာ အဖွဲ့ဝင်အဖြစ်ပါဝင်လာခဲ့ပါသည်။

ထိုသို့ အဖွဲ့ဝင်ဖြစ်လပြီးနောက်ပိုင်းတွင် ပါတီဗဟိုနှင့် အဆက် အသွယ်များ ရရှိလာခဲ့ ကာ ဧရာဝတီတိုင်း ဒေသကြီး အလုပ်အမှုဆောင်ကော်မတီ ဥက္က္ကဌ ဦးလှဖေ (မော် လမြိုင်ကျွန်း) နှင့် ရင်းနှီးလာခဲ့ပါသည်။ ၄င်းနောက် ပါတီဗဟိုသို့ မကြာခဏ သွားလာခြင်း၊ အကြောင်းမရှိ အကြောင်း ရှာကာ ဦလှဖေထံသွားလာခြင်းများဆောင်ရွက်ခဲ့ပြီး ဦးတင်အေး၊ ဦးဂုဏ်တန်တို့ အား ဖြုတ်ချ ရန်အတွက် မိန်းမဥာဏ်သုံးကာ ဆောင်ရွက်လာခဲ့ပါသည်။ အစိုးရမှ ပါတီရုံးများအား ဆိုင်းဘုတ် ဖြုတ် ချ ရန် ဆောင်ရွက်ရန် စေခိုင်းလာချိန်တွင် မြို့ခံဖြစ်သော ဦးဂုဏ်တန်(ရှေ့နေ)မှ ပါတီရုံးဆိုင်းဘုတ် အားဖြုတ် ချခြင်း၊ ရုံးအား ပိတ်ထားခြင်းများဆောင်ရွက်ခဲ့ ခြင်းအပေါ်တွင် အခွင့်ကောင်းယူကာ ဦးမောင်မောင်ကြီး (ဘန်ကီမွန်းထက်၊ အိုဘားမား ထက် နေရာများစွာ ပိုင်ဆိုင်ထားသူ) မှ ပါတီဗဟိုသို့ သွားရောက်ပြီး ဦး လှဖေနှင့် ဦးတင်ဦး တို့ထံတိုင်တန်းခဲ့ရာ တွင် ဦးဂုဏ်တန်သည် ပါတီ အပေါ်နှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် တွင် လေးစားမှုမရှိသောကြောင့် ပါတီရုံးဆိုင်းဘုတ်အား မိမိသဘောဖြင့် ဖြုတ်ချခဲ့ခြင်း ဆောင် ရွက် ခဲ့သည်ဟု မိန်းမဥာဏ် ဖြင့် ပြောဆိုခဲ့ရာ ပါတီဗဟိုမှလည်း လက်ခံပြီး ဦးဂုဏ်တန်အား ဖြုတ်ချပြီး အဖွဲ့ ၀င်ဖြစ်သူ ဦးမောင်မောင်ကြီးအား ဥက္က္ကဌ ခန့်အပ်ခဲ့ချိန်မှ စတင်ပြီး အိမ်မဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ သည် အချင်းချင်း စိတ်ဝမ်းကွဲမှုများ စတင်ဖြစ်လာခဲ့ပါသည်။


ဦးမောင်မောင်ကြီးသည် အိမ်မဲမြို့နယ် အလုပ်အမှုဆောင်ကော်မတီ ဥက္က္ကဌ ဖြစ်လာချိန်တွင် ဦးတင်ဝင်း သည် အတွင်းရေးမှူးအဖြစ်ပါဝင်လာခဲ့ပါသည်။ ဦးမောင်မောင်ကြီးသည် ပုသိမ်မြို့၊ (424) ထောက်ပို့တပ် မှ တပ်ထွက်တစ်ဦး၊ အလုပ်လက်မဲ့ တစ်ဦးဖြစ်ပြီး အိမ်မဲမြို့နယ်၊ ကွင်းယားတံခွန်တိုင်ကျေးရွာ တွင် နေထိုင် သူ တစ်ဦးဖြစ်ပါသည်။ ပညာအရည်အချင်းမှာ (8)တန်း သာရှိ ပါသည်။ ထို့ကြောင့် ကျေးရွာ တွင် နေ ထိုင်ခြင်း ထက် ပါတီဗဟိုတွင် သွားရောက်နေထိုင်ကာ ဦးလှဖေ၊ ဦးတင်ဦး တို့၏ တောက်တိုမရ လုပ်ငန်း များ၊ ပန်ကန်ဆေး၊ သောက်ရေဖြည့် အလုပ်များ အားသွားရောက်လုပ်ကိုင်မှ သားထမင်းစားရမည့် အခြေ အနေဖြစ်နေသောကြောင့် ရန်ကုန်မြို့ရှိ ဦးလှဖေနေအိမ်တွင်သွားရောက်နေထိုင်ကာ မိမိကိုယ်ကျိုးအတွက် ပါတီကိုခုတုံးလုပ်ကာ နေထိုင်ခဲ့ပါသည်။

အိမ်မဲမြို့နယ်ရှိ ပါတီလုပ်ငန်းများအား ဦးတင်ဝင်းမှ ဆောင်ရွက်လျှက်နေပြီး ဦးမောင်မောင်ကြီးမှာ တစ်လ ၊ နှစ် လခန့် ကြာမှ တစ်ကြိမ်ခန့်သာ အိမ်မမြို့သို့ ပြန်လာပါသည်။ ထို့သို့ပြန်လာလျှင်လည်း အိမ်မမြို့ နယ် အတွင်းရှိ ကျေးရွာများသို့သွားရောက်ကာ ပြည်ပ သတင်းဌာနများတွင် ဌာနဆိုင်ရာများ ၏သတင်းများ အား တင်ပေးမည် ငွေကြေးဘယ်လောက်ပေးပါ၊ သတင်းတစ်ပုဒ်လျှင် ငွေကျပ်(10000)မှ (25000)ကျပ်အ ထိတောင်းခံပြီး ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ခုတုံးလုပ်ကာ ကိုယ်ကျိုးအတွက် ဆောင်ရွက် ခဲ့ ပါသည်။

ထိုစဉ်က အိမ်မဲမြို့သို့ ပြန်လာခြင်းမရှိသူ သည်ယခုတရားဝင်ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက် ပွဲဆောင် ရွက်ချိန်တွင် အိမ်မဲမြို့နယ်မှ ဘယ်မှမသွားတော့ပါ။ မသိနားမလည်သော တောသူ တောင် သား များအား ပါတီနှင့် ကိုင်ပေါက်ကာ ကျေးရွာရုံးခွဲများ ဖွင့်လှစ်ရန်အလှူခံခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြပြီး (10)အောင် အောင်ဆောင်ရွက်ပေး မည်ဟုပြောဆိုကာငွေတောင်းခြင်းများဆောင်ရွက်လာပါ သည်။

သို့သော်လည်း မည်သို့မည်ပုံ လုပ်လိုက်သည်မသိ မြောင်မြခရိုင်တွင် ပါတီညီလာခံကျင်းပရေးကော်မရှင် ဥက္က္ကဌ အဖြစ် ဆောင်ရွက်ရန် ဗဟိုပါတီညီလာခံ ကျင်းပရေးကော်မရှင်မှ တာဝန်ပေးအပ်ခဲ့ ရာ မြောင်းမြမြို့ နယ် တွင် ပါတီဝင်များအချင်းချင်း စိတ်ဝမ်းကွဲခဲ့ပြီး စီတန်းလမ်းလျှေက်ကာ ဆန္ဒပြခဲ့ခြင်းများဖြစ်ပေါ်ခဲ့ပါသည်။

ယခု အိမ်မဲတွင်လည်း ပါတီညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဒေါ်ကြူကြူ( 1990 ရွေးချယ်ခံ ကိုယ် စားလှယ် ဦးမြင့်မောင်(ကွယ်လွန်) ) ၏ဇနီး အငြိမ်းစားကျောင်းဆရာမ အား ဗဟိုညီလာခံကျင်း ပရေးကော်မရှင်မှ တာဝန်ပေးအပ်ထားခြင်းအား ဖြုတ်ချရန်အတွက် ပါတီသို့ ငွေကြေးပေးကာ ၀င်ရောက် လာသူ ဦးကြည်ဝင်း(လယ်စိုက်ရှင်း မန်နေဂျာဟောင်း)အား အတွင်းရေးမှူး အဖြစ်ထားရန် စခင်ဇော် လင်း (ဧရာဝတီတိုင်းဒေသကြီး လူငယ်တာဝန်ခံ) ဆိုသူနှင့်ပူးပေါင်းကာ မိန်းမဥာဏ်သုံးပြီး ကာယကံရှင်မသိဘဲ ကျန်းမာရေးမကောင်းပါဟု ဗဟိုကော်မရှင်သို့တင်ပြခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခြင်းအား တိုင်ကော်မရှင် မှသိရှိခြင်းမရှိခဲ့ပါ။ အောက်တိုဘာလဆန်းမှ သိရှိခဲ့သည်ဟု တိုင်းကော်မရှင် အတွင်းရေးမှူး  ဒေါက်တာမျိုးညွန်မှ  ပြောကြားလာပါသည်။   ဒေါ်ကြူကြူအား ဦးကြည် ၀င်းထံသို့ တာဝန်လွှဲပြောင်းပေးရန် ဗဟိုညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းမှ စက် တင်ဘာလ (7)ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။ ၄င်းစာအား စခင်ဇော်လင်းမှ ထိန်းသိမ်း ထားပြီး အောက်တိုဘာလ (30)ရက်နေ့မှ ဒေါ်ကြူကြူထံသို့ ပေးလာပါသည်။

ထိုသို့ဆောင်ရွက်လာခြင်းအား မြို့ခံပါတီဝင်များမှကျေနပ်မှု မရှိပါ။ ထို့အပြင် ကော်မရှင် ဥက္က္ကဌဖြစ်သူ ဦး စိန်မြင့်မှာလည်း ပညာအရည်အချင်းနည်းပါသူ၊ (4)တန်းတောင်မအောင်သူ ဖြစ်ပြီး ဦးမောင်မောင်ကြီးနှင့် စခင်ဇော်လင်းတို့မှ တင်မြောက်ထာခဲ့ခြင်းများ၊ ငွေကြေးထောက်ပံ့မှုများပြုလုပ်သူ ဦးကြည်ဝင်းအားနေ ရာပေးခြင်းများ၊ ဦးကြည်ဝင်းမှ ပါတီဝင်များအပေါ်တွင် မောက်မာစွာပြောဆိုခြင်းများအပြင် 21-9-2012 ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ကမန်းအုန်းပင်စုကျေးရွာတွင် ပါတီဝင် ဦးချစ်ဦး၏နေအိမ်သို့ သွားရောက်ပြီး ရပ်ကျေးကော်မရှင် ဖွဲ့စည်းခြင်းအား ဦးကြည်ဝင်းမှ မိမိသဘောဖြင့် ဖွဲ့စည်းနိုင်ကြောင်း၊ ဒီမိုကရေစီစ နစ် မရောက်သေးကြောင်း၊ ဗဟိုဦးစီးစနစ်ဖြင့် မိမိမှ ဆောင်ရွက်နိုင်ကြောင်း၊ ဦးမောင်မောင်ကြီးနှင့် စခင်ဇော် လင်း တို့အား ငွေကျပ်(120000)ကျပ်ပေးပြီးပါတီဝင်ဖြစ်လာကြောင်း၊ မကျေနပ်ပါက တိုင်တန်းနိုင်ကြောင်း၊ မြို့နယ်ပါတီရုံးသို့ လာရောက် ဆန္ဒပြနိုင်ကြောင်းတို့အားပါတီဝင်တစ်ဦးမပီသစွာပြောဆိုမှုများကြောင့် ကျေး ရွာ မှ ခရိုင်၊ တိုင်း၊ ဗဟို ညီလာခံကျင်းပရေးကော်မရှင်သို့ တိုင်တန်းခဲ့သော်လည်းအရေးယူမှု မရှိခြင်း များကြောင့် ပိုမိုကာမကျေနပ်မှုများဖြစ်ပေါ်လာခဲ့ပါသည်။

ပါတီရုံးဆိုင်းဘုတ်တင်ခြင်းများတွင်လည်း ပွဲတိုင်းတွင် ဦးမောင်မောင်ကြီး၊ စခင်ဇော်လင်းနှင့် ဦးကြည်ဝင်း တို့ (3)ဦးသည် ဒေသခံပြည်သူများနှင့် ရန်ဖြစ်ခြင်း၊ စကားများခြင်း၊ များဖြစ်ပေါ်မှုများမှာလည်း ပါတီတွင်း ဒီ မိုကရေစီမကျမှုများ ၊ အာဏာလုခြင်းများ ကြောင့် ဖြစ်ပေါ်လျှက်ရှိနေခြင်းအား ပါတီ ဗဟိုအနေဖြင့် စုံစမ်း စစ်ဆေးသင့်သော်လည်း မည်သည့်အတွက် ကြောင့် ယုန်သငယ်နှာစေးရသည်တော့မသိပါ။

အဆိုပါအကြောင်းအရာများအား ဂျာနယ်တိုက်များ သို့ဆက်လက်ပေးပိုရန်အစီအစဉ်များရှိနေပါကြောင်း သ တင်းကောင်းပါးလိုက်ပါရစေ .....(မောင်ကျောက်ခဲ အဖွဲ့)(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ