Nov 11, 2012

ငလျှင် နောက်ဆက်တွဲ သတင်းများ စုစည်းမှု(၂)

ငလျင်နောက်ဆက်တွဲသတင်း(၈)
********************** 
ယနေ့နံနက်တွင်လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘိုမြို့နယ်ရှိ ကျောက်မြောင်းမြို့နှင့် စဥ့်ကူးမြို့ကို ဆက်သွယ်သည့် တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတားဖြစ်သော ရတနာ သိင်္ဃတံတား၏ ချဉ်းကပ်တံတားပြိုကျခဲ့သည့်အတွက် လူ၃ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိသွားကြောင်း ထိုနေရာတွင်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေသော အောင်ဇေယျလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 မြေငလျင်နောက်ဆက်တွဲသတင်း(၉)
************************ 
မြေငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးဝါးကုသခံယူနေသူများမှာ ကျောက်မြောင်းမြို့နယ် ဆေးခန်းတွင် ၁၄ဦး၊ ရွှေဘိုမြို့နယ်ဆေးရုံတွင် ၁၁ဦး၊ စုစုပေါင်း၂၅ဦးရှိနေကြောင်း ကျောက်မြောင်းရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ကနဦးရရှိသော သတင်းများအရ ရတနာသိင်္ဃတံတားပြိုကျရာမှ တစ်ဦးသေဆုံးပြီး ကျန်ရှိသူများမှာ ရွှေဘိုမြို့နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး၊ ကျောက်မြောင်းမှ ဒေသခံအမျိုးသမီးတစ်ဦးမှာလည်း အုတ်တံတိုင်းပိ၍ သေဆုံးခဲ့သည့်အတွက် လောလောဆယ် သေဆုံးသူ ၂ဦးရှိပြီဖြစ်ကြောင်း သတင်းပေးပို့သည်။

မြေငလျင်နောက်ဆက်တွဲသတင်း(၁၀)
*************************** 
ရွှေဘိုဆေးရုံသို့ ဒဏ်ရာရရှိပြီး ရောက်ရှိလာသူ ၁၃ဦးရှိလာပြီဖြစ်ပြီး၊ ရတနာသိင်္ဃတံတားပြိုကျ၍ ဒဏ်ရာရရှိသူများထဲမှ သုံးဦးမှာ ဒဏ်ရာပြင်းထန်၍ မန္တလေးဆေးရုံသို့ ပို့ဆောင်ကုသစေလျက်ရှိကြောင်း ရွှေဘိုဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ တည်ဆောက်ဆဲအထက်ပါတံတားပြိုကျမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး၊ ငါးဦးမှာရေထဲပြုတ်ကျကာ ပျောက်ဆုံးလျက်ရှိကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။

မြေငလျင် နောက်ဆက်တွဲသတင်း(၁၁)
*************************** 
ယနေ့ငလျင်ကြောင့် စဥ့်ကူးမြို့တွင် ရွှေစည်းခုံဘုရားပြိုကျခဲ့သည်ဟု ဒေသခံ ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ ကိုတင့်လွင်ကပြောသည်။ ထို့အပြင် ရွှေကူကြီး
အ.မ.က စာသင်ကျောင်း တစ်ထပ်ဆောင် ပင်မဆောင်တစ်ခုပြိုကျခဲ့သည်။ ကျောင်းပိတ်ရက်ဖြစ်၍ ထိခိုက်မူမရှိပေ။ "ကျန်တာကတော့အုတ်တံတိုင်းတွေပြိုတယ်။ ထိခိုက်တာတော့ နည်းပါတယ်" ဟု ၄င်းကပြောသည်။

မြေငလျင်သတင်းနောက်ဆက်တွဲ (၁၂)
*************************** 
ယနေ့ငလျင်ကြောင့် မိုးကုတ်မြို့၊ ကသည်းအုပ်စု၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုံသီတာကျောင်းတိုက်ရှိ ရှေးဟောင်းဘုရားတစ်ဆူ ပြိုကျရာမှ ဘုရား(၃)ဆူ
ပေါ်ထွက်လာခဲ့သည်ဟု မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဒေါ်နန်းကြည်တောင် အ၀င်ဝမှ စေတီတစ်ဆူ ထီးတော်အောက်စိုက်သွားခြင်း၊ ကင်းကျေးရွာ၊ ကင်း အ.ထ.က ခွဲကျောင်းမှ ပုလဲဆောင် ကျောင်းနံရံပြိုကျခြင်း
တို့ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မိခြင်း မရှိဟုရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ကျရဲအရာထမ်းတစ်ဦးက ဖြေကြားသည်။

မြေငလျင်သတင်းနောက်ဆက်တွဲ (၁၃)
*************************** 
မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အိမ်ခြေ ၂၀ ခန့်ပြိုကျပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဆက်လက်စာရင်းကောက်ယူနေဆဲ
ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ငလျင်အန္တရာယ်သင့်ရာနေရာများသို့ ကနဦးကယ်ဆယ်ရေးများလုပ်ကိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ
ကူညီကယ်ဆယ်ရေးအဖွဲ့များက အိမ်ခြေ ၂၀၀ စာထောက်ပံ့ရေး ပစ္စည်းများဖြင့် ကျောက်မြောင်းမြို့သို့သွားနေပြီဖြစ်ကြောင်းလည်း
အထက်ပါပုဂ္ဂိုလ်ကပြောသည်။

မြေငလျင်သတင်းနောက်ဆက်တွဲ (၁၄)
************************** 
မြေငလျင်ကြောင့် စဥ့်ကူးမြို့နယ်တွင် ၅ ဦးသေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိကြောင်း မန္တလေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြေငလျင်ဒဏ်ခံရသောမြို့များတွင် သပိတ်ကျင်းမြို့နယ်မှာ အခြေအနေအဆိုးဆုံးဟု သိရပြီး၊ သေဆုံးဒဏ်ရာရသူစာရင်းကို မသိရှိရသေးကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ ယခုအခါ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဆောင်သော အဖွဲ့ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ်များသို့ ကယ်ဆယ်ရေးပစ္စည်းများဖြင့် သွားရောက်နေကြောင်းသိရသည်။


(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ