ဘားရက်အိုဘားမား၏ မြန်မာပြည်ခရီးစဉ်အတွင်း လူ့အခွင့်အရေးအဖွဲ့များ၏ ကန့်ကွက်မှူများ ရှိနေသလို ရန်ကုန်မြို့ ကြေးရတတ်အသိုင်းအဝိုင်း ကြား အပျော်တမ်း လောင်းကြေးထပ် ခန့်မှန်းမှူများ ရှိနေကြောင်းလည်း သိရသည် ။နိုင်ငံရေးကို စောင့်ကြည့်လှုပ်ရှားတတ်သော စီးပွါးရေးသမားများနှင့် ရန်ကုန်မြို့ရှိ သာမာန်ထက်ကြွယ်ဝသော ကြေးရတတ်များ ကြား လောင်းကြေး ခန့်မှန်းမေးခွန်း ၂ ခု လွန်စွာ ခေတ်စားနေပြီဖြစ်ကြောင်း ပုသိမ်မြို့တွင် စီးပွါးရေး အခြေစိုက်ထားသော စမ်းချောင်းမြို့နယ်မှ အမည်ဖော်ပြရန် ငြင်းဆိုသော အဆိုပါ စီးပွါးရေး လုပ်ငန်းရှင်တစ်ဦးမှ မောင်ကျောက်ခဲ ၏ အထောက်တော် တစ်ဦးအား ပြောကြားပါသည် ။ အများအားဖြင့် ထို လောင်းကြေးအသုံးပြု ခန့်မှန်း မှုများကို ဂေါက်ကလပ်များတွင် အများဆုံး ပြုလုပ်ကြကြောင်းလည်း ထပ်မံသိရှိရသည် ။ အဆိုပါ ခန့်မှန်းမှုများမှာ အောက်ဖော်ပြပါ အချက် (၂)ချက်ဖြစ်သည် ။
- ဒေါ်အောင်ဆန်းဆုကြည်မှ အိုဘားမား အား -
- (၁)လက်ဆွဲနှုတ်ဆက်မည် ၊
- (၂)ပါးအပ်ကာ နှုတ်ဆတ်မည်၊
နှင့်
- မြန်မာ မီဒီယာ သတင်းထောက်များအား -
- (၁) အလေးထား ဆက်ဆံမည်
- (၂) ယခင်ကလန်တန်လာစဉ်ကလို ခွေးများနှင့် စစ်ဆေးမည်
- (၃) ယခု တစ်ခါ တကိုယ်လုံး ချွတ်ကာ နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမည်
တို့ဖြစ်ကြောင်း သိရပါသည် ။ အချို့လောင်းကြေးများမှာ လောင်းကြေးထပ်သူ တို့ အပေါ်မူတည်ပြီး သိန်းရာဂဏာန်းနှင့်ပဲ ရှိနေကြောင်း အဆိုပါ လုပ်ငန်းရှင်မှ ထပ်မံပြောကြားသွားပါသည် ။
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။