Nov 13, 2012

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ဝန်ဆောင်မှု ၂၄ နာရီ ဖုန်းဆက်မေးမြန်းနိုင်

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဖုန်းဆက်မေးမြန်းနိုင်ရန် ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဝန်ဆောင်မှုမှာ ၂၄ နာရီ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


 အဆိုပါဘဏ်အနေဖြင့် လက်ရှိအချိန်တွင် ဘဏ်ခွဲပေါင်း ၂၄ ဘဏ်ရှိပြီး ၎င်းဘဏ်များနှင့် ပတ်သက်၍ သိလိုသမျှကို Call Center ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၄ နာရီ Call Center ဝန်ဆောင်မှု-

  • ဖုန်း-၀၁-၂၃၉၉၁၁၁ ၊
  • ဖုန်း-၀၁-၂၃၉၉၂၂၂ ၊

ထံ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေး ဘဏ်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။


အငှားဝယ်ယူ ရောင်းချသောစနစ်ဖြင့် မော်တော်ယာဉ် ဝယ်ယူလိုသူများကို ငွေကြေးအာမခံမလိုဘဲ မည်သူမဆို ဝယ်ယူနိုင်စေရန် ဝန်ဆောင်မှုပေးခြင်း၊ ATM နှင့် ပတ်သက်သော ဝန်ဆောင်မှု၊ MPU နှင့် ပတ်သက်သော ဝန်ဆောင်မှု အစရှိသည်တို့ကို ၂၄ နာရီ ဖုန်းဆက် မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် Facebook စာမျက်နှာတွင်လည်း ဝင်ရောက် မေးမြန်းနိုင်ပြီး လိပ်စာမှာ www.facebook.com/AGDBank ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ