Nov 13, 2012

စစ်ဗိုလ်ကိုတောင် သမ္မတနာမည်နဲ့ လာလိမ်တဲ့လူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဆီမှာ လက်ထိပ်နဲ့ပါသွားပြီ

From:...Myanmar Police Force..//-
၂၆.၁ဝ.၂ဝ၁၂ ရက်နေ့ ၁၁ဝဝ အချိန်ခန့်တွင် တရားလို ကြည်း ၄ဝ၈၇ဝ ဗိုလ်ကြီး ကျော်နိုင်လင်း ခလရ(၂၇၃)၊ တာဆိုင်း၊ မိုးမောက်မြို့နယ်နေသူသည် ဗန်းမော်မြို့နယ်ထဲ၌ရှိနေစဉ် ၎င်းကိုင်ဆောင်ထားသော CDMA ဖုန်းအမှတ် ဝ၉၄၉၅၈၆၉၃ဝ သို့ ဝ၉၄၃၁၃၄၁ဝ၄ ဖုန်းဖြင့် အမျိုးသားတစ်ဦးမှ ဆက်သွယ်ခဲ့ပြီး

၎င်းသည် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုဗိုလ်မှူးကြီး သန်းထွဋ်ဖြစ်ကြောင်းပြောကြားပြီး ရုပ်ရှင်စာနယ်ဇင်း အဖွဲ့ရှေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်မှ ဖုန်းအလုံး (၇)သိန်းထဲမှ (၅)လုံးအား ရွေးချယ်ပြီး ကံထူးရှင် ရွေးချယ်မည့်အကြောင်း နှင့် ဆုချီးမြှင့်မည်ဖြစ်ကြောင်း ယုံကြည်အောင် ပြောဆိုခဲ့သည့်အပြင် ဖုန်း (၅)လုံးထဲမှ တရားလို၏ဖုန်းနံပါတ်မှာ ပထမဆု ရရှိကြောင်း။


ဆုငွေ သိန်းပေါင်း (၂၇ဝဝိ/-)ကိုပြည်တွင်း အခွန်မှာ အပြီးထုတ်ယူရမည်ဖြစ်ကြောင်း၊ အဆိုပါငွေမှာ နိုင်ငံတော်ဘဏ္ဍာထဲမှ ပေးတာဖြစ်၍ တိုက်ဆောက် ဆောက်၊ ကား စီးစီး ထာဝရ အခွန်ကင်းလွတ်ခွင့် ရရှိဖို့အတွက် အခွန်ငွေ (၁၇၅ဝဝဝဝိ/) ပေးသွင်းရမည်ဖြစ်သဖြင့် အလုံမြို့နယ်၊ ကမ္ဘောဇဘဏ်သို့ ဦးသော်ထက်၊ ၁၄/မအန(နိုင်)၁၆၂၇၇၁ အမည်ဖြင့် လွဲအပ်ပေးရန် အကြောင်းကြား လာသဖြင့် တရားလိုသည်  ဗန်းမော်ကမ္ဘောဇဘဏ်မှ အလုံ ကမ္ဘောဇဘဏ်သို့ ငွေ (၁၇၅ဝဝဝဝိ/-)ကို လွဲအပ်ခဲ့ပြီး  သင်္ကာမကင်းဖြစ်နေသဖြင့် ဗန်းမော်အခွန်ရုံးသို့ သွားရောက်စုံစမ်းခဲ့ရာ မဖြစ်နိုင်ကြောင်းနှင့် လိမ်လည်၍ငွေတောင်းခံခြင်းသာဖြစ်နိုင်ကြောင်း သိရှိရသည့် အတွက် ဗန်းမော် ကမ္ဘောဇဘဏ်မှ အလုံကမ္ဘောဇဘဏ်သို့ မထုတ်ပေးရန် အကြောင်းကြားခဲ့ပြီး ၎င်းငွေ လာရောက်ထုတ်ယူ သူ ဦးသော်ထက်အား အလုံရဲစခန်းမှူး ရဲအုပ် တင်မျိုးထွန်း နှင့်အဖွဲ့မှ ဖမ်းဆီး၍ဗန်းမော် ရဲစခန်းသို့ လွဲအပ်ခဲ့ရာ ဗန်းမော်ရဲစခန်းမှ (ပ)၁၈၅/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၄ဝ၆/၄၂ဝဖြင့်အရေးယူ
ထားရှိပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ