Nov 15, 2012

ွှအဆိုတော်ကြီး ဦးခင်မောင်တိုး တကယ်ပဲ ဆုံးရှာပြီ (ဝေးခဲ့ပြီ ပန်းခရမ်းပြာ)

From:.Sandaya Aung Win
ဦးတိုးရဲ့ နောက်ဆုံးခရီး

.အလွန် ချစ်ခင်လေးစားတန်ဖိုးထားရသော ဂီတ အကိုကြီး ကိုတိုး သည်၊ နိုဝင်ဘာ ၁၅ရက်နေ့  စင်္ကာပူ စံတော်ချိန် နံနက် ၈ နာရီ ၁၈ မိနစ်တွင် ကျနော်တို့ ထံမှ ဘ၀တပါး ဆီသို့  အေးချမ်းစွာ ကူးပြောင်း သွားပါပြီဖြစ်ကြောင်း၊ ကိုတိုး၏ ဆွေမျိုး ညာတိ မိတ်သင်္ဂဟများနှင့် ဂီတ ညီ အစ်ကို မောင်နှမများ အားလုံးသို့  ကြီးစွာသော ၀မ်းနည်း ကြေကွဲမှုနှင့် အတူ၊ မပြောလိုသော သတင်း တရပ်ကို ပြောလိုက်ရပါပြီ ခင်ဗျား။ မနှစ်က ခုလို အေးသော ရာသီမှာ၊ ကျနော်တို့ အမေရိကားမှ ဂီတ ညီအကိုများနှင့် အတူ၊ ကိုတိုး ရှိနေခဲ့ပါတယ်။ ကိုတိုးရဲ့ ပုံရိပ်များဟာလည်း ကျနော်တို့ ရဲ့ အနီးမှာ ထင်နေဆဲပါဘဲ။ ကိုတိုးရဲ့ ဂီတချစ်သူများအပေါ် ထားခဲ့တဲ့ မေတ္တာ စေတနာတွေ ကလဲ နွေးနေဆဲပါဘဲ ကိုတိုး။ ကျနော်တို့  ဘယ်လို ကြေကွဲစွာ ခံစားကြရတယ် ဆိုတာ၊ ရေးပြ ပြောပြဖို့ မတတ်နိုင်တော့ပါဘူး။ အင်အားလဲ မရှိတော့ပါဘူး ကိုတိုးရေ။ ကျနော်တို့ အားလုံးရဲ့ ပြုလာသမျှ ကုသိုလ် အစုကို၊ သာဓု ခေါ်ပါ . ကိုတိုး . . ။ ရောက်ရာဘ၀မှာ ထာဝရ ငြိမ်းချမ်းသော ကောင်းရာသုဂတိသို့  ရောက်ပါစေလို့  ဆုတောင်းပေးပါတယ်ဗျာ . . ဒီနေ့ ဟာ ကျနော်တို့  အားလုံးရဲ့ အကြေကွဲရဆုံးရက်အဖြစ်၊ ထာဝရ ကျန်ရစ်နေခဲ့ပါပြီ ကိုတိုး . .
. ....
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ