Nov 11, 2012

ငလျင်ဒါဏ်ခံဒေသများသို့ ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ပြည်ခိုင်ဖြိုးပါတီ တို့ ချက်ချင်းသွားရောက် ကူညီနေပြီဖြစ်သော်လည်း ကျမကလည်း ပြည်သူကို ချစ်ပါတယ် ဆိုတဲ့ ဒေါ်စုနှင့် NLD တို့ ကြေငြာချက်ထုတ်ရန်သာ စဉ်းစားနေသေး


ယနေ့နံနက်၇း၄၅အချိန်က လှုပ်ခတ်သွားသော ငလျင်ဒါဏ်ကြောင့် အရေးပေါ်ကယ်ဆယ်     လုပ်ငန်းများဆောင်ရွက်ရန်  စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းတာဝန်ခံ        ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ သူရဦးအေးမြင့်နှင့် တာဝန်ရှိသူများ သွားရောက်ဆောင်ရွက်လျှက်ရှိပါသည်။ အရေးကြီး အကူအညီလိုအပ်                     သောနေရာများမှ တိုင်းပြည်ခိုင်ဖြိုး တယ်လီဖုန်းနံပါတ် ၀၇၁ ၂၂၈၉၈နှင့် မုံရွာခရိုင် ၀၇၁ ၂၂၄၆၈၉ သို့လည်းကောင်း၊ရွှေဘိုခရိုင်ရုံးသို့လည်းကောင်း ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်းသိရသည်။



မနက်ပိုင်း ငလျင်လှုပ်ရာ ဒေသများသို့ ညနေပိုင်းအရောက်သွားသည့် ၅၈ နှစ်အရွယ် ဒုသမ္မတ ဦးဥာဏ်ထွန်း သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ 

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ရွှေဘိုမြို့အနီးယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘို၊ ကျောက်မြောင်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်၊ အမရပူရ၊ စဥ့်ကူး၊ သပိတ်ကျင်း စသောမြို့များ ငလျင်ဒဏ်ခံခဲ့ရသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် နာရီပိုင်းအတွင်း အစိုးရအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးယခုကဲ့သို့ သွားရောက်မှုမှာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဧရာဝတီ မြစ်ကူးတံတားရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လာရောက်ဖွယ်ရှိကြောင်း ယင်းတံတား စီမံကိန်း ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________ 
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဒုသမ္မတ ဦးဥာဏ်ထွန်း ဆိုတော့...လွဲနေတယ်နဲ့ တူတယ်...
မောင်ကျောက်ခဲကို အထင်သေးလာမှာကို မလိုလားဘူးဗျာ...

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ