Nov 12, 2012

ဆောက်နေတဲ့ တံတား ငလျင်လှုပ်လို့ ကျိုးကျတာ အင်ဂျင်နီယာတွေကို ဆဲတဲ့ လူတွေအတွက် ဗဟုသုတ ရအောင် ထမင်းစားပြီး ဒီစာကိုဖတ်ပါ

From:. James Mint//-
ဒီလောက်အားပြင်းတဲ့ ငလျင်လှုပ်သွားတဲ့အချိန် တံတားတစ်စင်း ပြိုသွားတာနဲ့ ပါတ်သက်ပီး အင်ဂျင်နီယာတွေေ×ာက်သုံးမကျဘူးလို့ ဝေဖန်တာတွေတွေ့တော့ အောင့်သွားတယ်ဗျ.... ကိုယ်နဲ့တော့ အနေသာကြီးပဲ ဒါပေမယ့်လည်း သေခြာမသိ၊ မလေ့လာပဲ စိတ်ထင် မျက်မြင်လေးနဲ့ သူတစ်ပါးကို အပြစ်တင်ပလိုက်ဖို့ အတော်များနေတဲ့ ကိုယ့်လူမျိုးတွေရဲ့ စိတ်ဓါတ်က တော်တော်ေ
ပ်ါလွင်လာတယ် ပြောရမယ်.... ဗဟုသုတနည်းလို့လို့ ဖြေသာပေမယ့် စိုးစဉ်းလေးမျှ ဓါတ်ပုံ မျက်မြင်တွေကို ကြည့်ပီး မဆုံးဖြတ်ကြပါလားလို့ သံဝေဂရမိတယ်....

ဓါတ်ပုံတွေမှာ ကြည့်လိုက်ရင် သိသာပါတယ်..... တံတားဟာ Skleton ပဲပီးသေးတယ်၊ ကြမ်းခင်း ဘိလပ်မြေလုံးဝ မခင်းရသေးဘူး၊ ပိုင်တိုင်တွေနဲ့ မချိတ်မိ မဆက်မိသေးဘူး.... အမြင်အရတော့ တင်ထားတဲ့သဏ္ဍန်လိုပဲ ဖြစ်နေတယ်.... အင်ဂျင်နီယာတွေသာေ×ာက်သုံးမကျဘူးဆိုရင်ဖြင့်၊ ခိုးတယ်ဆိုရင်ဖြင့် ပိုင်တိုင်တွေ ကျိုးကုန်မှာပါ.... အခုတော့ သံပေါင်တွေပဲ ကောက်ကွေးနေတာကို မြင်ခြင်းအားဖြင့် တင်ရုံတင်ထားတဲ့ သံပေါင်တွေကို ကိုင်ဆွဲဆောင့်လိုက်သလို ဖြစ်သွားတာကို Forensic အနေနဲ့တွေးကြည့်၊ စဉ်းစားကြည့်ရင် မြင်နိုင်ပါတယ်.....

တစ်ယောက်ကလည်း ဝေဖန်ပါတယ် ဒါဆိုရင်ဘာလို့ ၈၀ ရာခိုင်နှုန်း ပြီးပြီလို့ ရေးထားသလဲတဲ့..... ဟုတ်ကဲ့ အင်ဂျင်နီယာမှာလည်း သူတို့ Milestone နဲ့သူတို့ ရှိပါတယ်.... End User အမြင်နဲ့ Engineer အမြင်နဲ့ မတူပါဘူး.... အင်ဂျင်နီယာအနေနဲ့ သူ့ စကေးအရ Phase 1, Phase 2, Phase 3 အစရှိသဖြင့် တိုင်းတာပြီး ဘယ်လောက်ရာခိုင်နှုန်း ပြီးတယ်ဆိုတာကို ပြောတာဖြစ်ပါတယ်......


နောက်တစ်ခုအနေနဲ့ ဖြည့်စွက် စဉ်းစားလို့ရတာက ဒီလောက်ပျက်စီးသွားတဲ့နောက်တော့ မထူးဘူး ၈၀ ရာနှုန်းပြီးတယ် ပြောလိုက်မယ်.... ဒါဆို ပျက်သွားတာ ရေထဲရောက်သွားတာ စာရင်းစစ်လို့မှမရတော့ ဘယ်လောက်ပီးထားတယ်ဆိုတာ မသိနိုင်တော့ စာရင်းဖျောက်ဖို့ လွယ်ကူတာလည်း ဖြစ်နိုင်ပါတယ်.... ဖြစ်နိုင်ချေအနေနဲ့ပဲ သုံးသပ်တာဖြစ်ပါတယ် ဖြစ်တယ် မဖြစ်တယ်တော့ မဝေဖန်လိုပါဘူး....

ဘာပဲဖြစ်ဖြစ်ပါ တစ်ခုခုဖြစ်တာနဲ့ ဖြစ်ရခြင်းအကြောင်းအရင်း၊ ဖြစ်တဲ့အနေအထားတွေကို သေခြာမလေ့လာပဲ မျက်တောင်တစ်ဆုံးနဲ့ ဝေဖန်ကြခြင်း အပြစ်တင်ကြခြင်းမှ လွတ်ကင်းစေဖို့ ဒီစာကို တတ်သလောက် မှတ်သလောက်နဲ့ ရေးတင်ပေးပါတယ်.....

Note from James Mint
Photo:The voice(ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဆောက်လုပ်ဆဲ ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခ).....(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ