Nov 16, 2012

မိမိကိုယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံသားဟုဒေါ်အောင်ဆန်းစုကြည် ပြောကြား

အိန္ဒိယသို့ မကြာမီက အလည်အပတ်ရောက်ရှိနေခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိသည် အိန္ဒိယနှင့် ဝေးကွာသည်ဟု တစ်ခါမှ မခံစားခဲ့မိကြောင်း၊ မိမိကိုယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံသားတစ်ဦးဟု  ပြောကြားလိုက်သည်။ 


ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယတွင် ငယ်စဉ်က ကျောင်းတက်ခဲ့ရာ နယူးဒေလီရှိ လေဒီရှရီရမ်အမျိုးသမီးကောလိပ်၌ ကျောင်းသူ၊ ကျောင်းသားများအား မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။ သူမက "ဒီခန်းမကြီးထဲကို ကျွန်မပြန်ရောက်လာရမယ်လို့ အမြဲပဲ သိခဲ့ပါတယ်။ ဒီမှာ ဂန္ဒီကြီးရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ 'ရာဂူပတီရာဂတ်ဗ်ရာဂျာရမ်'သီချင်းကို ဆိုတတ်ဖို့ ကျွန်မ သင်ကြားခဲ့ရတာပါ"ဟု ပြောသည်။ ထို့အပြင် သူမက မိန့်ခွန်း၌ မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်၍လည်း အိန္ဒိယ၏ အကူအညီ၊ အားပေးမှု လိုအပ်ကြောင်းကို "ဒီမိုကရေစီဆီ ဦးတည်နေတဲ့ ကျွန်မတို့ရဲ့ တိုးတက်ပြောင်းလဲမှုမှာ ကျွန်မတို့ ရှင်တို့ရဲ့ အကူအညီလိုအပ်ပါတယ်။ ကျွန်မတို့ ဒီမိုကရေစီရဖို့ ကြိုးစားနေပါတယ်။ ကျွန်မတို့ ရှင်တို့ရဲ့ ကူညီမှုလိုအပ်တယ်"ဟု ထည့်သွင်းပြောကြားသည်။

သို့သော်လည်း အိန္ဒိယသည် ယခင်အစိုးရနှင့် စစ်ရေးပူးပေါင်းခြင်း နှင့်စီးပွါးရေးအဆက်အဆံရှိလာခြင်းနှင့် နိုင်ငံရေးများကို ထောက်ခံပေးခြင်းတို့ကြောင့် မိမိအနေနှင့် လွန်စွာ စိတ်ပျက်မိကြောင်း အိန္ဒိယသည် သူမ ၏ အဝေးသို့ ထွက်ခွါသွားသဖြင့် လွန်စွာဝမ်းနည်းရပါကြောင်း လွန်စွာ စိတ်ပျက်ဖွယ်ကောင်းပါကြောင်းနယူးဒေလီမြို့ ဗီဂ်ရန်ဘာဝန်ရှိ ပလန်နရီ ခန်းမတွင် ပြောကြားခဲ့သေးသည် ။နောက်တဖန် မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို မိမိအနေနှင့် သဘောကျမိကြောင်းလည်း ပြောကြားခဲ့သေးသည် ။ထို့အချင်းအရာများကို ကြည့်ခြင်းဖြင့် ဒေါ်စုသည် မိမိ မည်သည့်စကားကို ပြောနေမှန်းမသိ ရှေ့စကား နောက်စကား မညီဖြစ်နေကြောင်း ဟိုစကားဖာ.ဒီစကားဖာနဲ့  လွန်စွာ စိတ်ပျက်ဖွယ်ကောင်းပါတော့သည် ။ဒေါ်စုသည် ကျောင်းသူဘဝက ပါကစ္စတန်ကျောင်းသားတစ်ဦးနှင့် ရီးစားဦးဖြစ်ခဲ့သေးကြောင်းလည်း သိရသည် ။


(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဒါတွေဟာဒေါ်စုအတွက်တော့ မထူးဆန်းပါဘူး
အင်္ဂလန်က ဆုတွေ ၇ချင်တော့အင်္ဂလိပ်အကြိုက်လုပ်ပေး၇တယ်။
နိုဘယ်ဆု၇ချင်တော့ အမေ၇ိကန်အကြိုက်လိုက်ပေး၇တယ်
INDIA ကဆုတွေ၇ချင်တော့ ကုလားတွေအကြိုက်လိုက်လုပ်ပေး၇တယ်
ကျုပ်တို့ မြန်မာတွေ ကတော့ဘယ်သူလာလာ ခံဘက်ကချည်းပါဘဲ
မြန်မာတွေမင်းလောင်းမျှော်တာ အပြစ်မဆိုသင့်ပါဘူး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ