Nov 14, 2012

အသရေပျက်စေသော သတင်းဖော်ပြခြင်းကြောင့် ဂူဂဲလ်အား လျော်ကြေးဒေါ်လာ ၂ သိန်းကျော် ပေးဆောင်စေရန် သြစတြေးလျ တရားရုံး ဆုံးဖြတ်


သြစတြေးလျ နိုင်ငံသား တစ် ဦးအား လူဆိုးဂိုဏ်းဝင် တစ်ဦးအဖြစ် ဖော်ပြ၍ အသရေပျက်စေခဲ့ ခြင်းကြောင့် သြစတြေးလျ တရား ရုံးတစ်ခုက ဂူဂဲလ်အား ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂ဝ၈ဝဝဝ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။

အသက် ၆၂ နှစ်အရွယ် သြစတြေးလျ နိုင်ငံသား Milorad Trkulja သည် ဖျော်ဖြေရေးပွဲ စီစဉ် သူဖြစ်ပြီး ၂ဝဝ၄ ခုနှစ်တွင် ဖြစ်ပွား ခဲ့သော ရာဇဝတ်မှုတစ်ခုတွင် ပစ်ခတ်ခံခဲ့ရသူ ဖြစ်သည်။ ထိုအမှု မှာ ယခုအထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ယင်းအမှုတွင် သူ သည် အပြစ်မရှိဘဲ ပစ်ခတ်ခံခဲ့ရသူသာဖြစ်သ်ာလည်း ဂူဂဲလ်က မဲလ်ဘုန်း မြို့၏ အဓိက ရာဇဝတ်ကောင်အဖြစ် ညွှန်းဆိုဖော်ပြခြင်းဖြင့် သူ ၏ အသရေကို ပျက်စေခဲ့သည်ဟု စွပ်စွဲ၍ တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။


ဂူဂဲလ် ရှာဖွေရေး ဆိုက်တွင် ၄င်း၏ အမည်အား ရိုက်ထည့်၍ ရှာဖွေပါက ၄င်းအား မဲလ်ဘုန်းမြို့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် Tory Mokbelဟုသော်လည်းကောင်း၊ လက်နက်ကိုင် ပစ်ခတ် မှု မကြာခဏပြုလုပ်ခဲ့သော Melbourne Crime အဖွဲ့တို့နှင့် ဆက်စပ်၍သော်လည်းကောင်း ဖော်ပြထားသည်ကိုတွေ့နေရသည်ဟု ၄င်းက ဆိုသည်။

သို့ရာတွင် ဂူဂဲလ်ဖက်မှ ဗစ်တိုရီးယား တရားရုံးတွင် လျှောက်လဲရာ၌ မိမိ တို့အနေဖြင့် တခြားသူတစ်ဦးဦး ၏ ဖော်ပြချက်ကို ရိုးသားစွာ သတိမမူ မိခြင်းသာ ဖြစ်ကြောင်း တင်ပြခဲ့ သည်။

သို့သော်Trkulja ၏ ရှေ့နေ ဖြစ်သူက ၂ဝဝ၉ ခုနှစ် အောက် တိုဘာလတွင် ယင်းနှင့်ပတ်သက် ၍ စာရေးအကြောင်းကြားမှု ပြုလုပ် ခဲ့ပြီး ဂူဂဲလ်က အရေးစိုက် လုပ် ဆောင်ခဲ့ခြင်းမရှိ၍ ဂျူရီလူကြီးများ က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ သည်။ ဆုံးဖြတ်ချက်အရ တရားသူ ကြီး ဒေးဗစ်ဘိခ်ျကအသရေဖျက် စေလိုမှုဖြင့် ဖော်ပြခြင်းဟူသော ပြစ်ချက်ဖြင့် ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၂ဝ၈ဝဝဝ ပေးဆောင်စေ ရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

''ဂူဂဲလ်က အသရေဖျက်မှု မြောက်တဲ့ ဆောင်းပါးတွေ အပါ အဝင် သတင်းတွေကို ရောင်းစား တဲ့ သတင်းအေးဂျင့်ပါ အသရေ ဖျက်လိုတဲ့ စေတနာမပါသည့်တိုင် အောင် သတင်းတွေကို ဖော်ပြတဲ့ နေရာမှာ အသရေဖျက်မှု ဥပဒေ အရ ပြစ်မှုမမြောက်အောင် သတိ ထားရမှာပါ'' ဟု ဘိခ်ျက ဆို သည်။

ယခုကဲ့သို့ ဂူဂဲလ်၏ ဖော်ပြ ချက်ကြောင့် ၄င်း၏ အကျိုးစီး ပွားများစွာ ထိခိုက်ခဲ့ရသည်ဟု ဆိုထားသူ တရားလို Trkulja သည် အလားတူ ဖြစ်ရပ်မျိုးအတိုင်း ရာဟူးသတင်းဆိုက်မှလည်း လျော်ကြေး အမေရိကန် ဒေါ်လာ ၂၃၄ဝဝဝ ရရှိခဲ့ပြီး ဖြစ်သည်။ (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ