လူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည့် ကုလသမဂ္ဂအရာရှိတစ်ဦးအားတောင်ပိုင်း
ဆူဒန်အစိုးရက နိုင်ငံတွင်းမှနှင်ထုတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကုလအရာရှိသည် လိမ်လည်ရေးသားသားသည့်အချက်များပါရှိသော အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည့်အတွက် ၄င်းအားနိုင်ငံတွင်းမှ နှင်ထုတ်လိုက်ခြင်းဖြစ်ကြောင်း တောင်ပိုင်းဆူဒန်အစိုးရ
ပြောခွင့်ရှိသူကပြောသည်။
တောင်ပိုင်းဆူဒန် အစိုးရ၏လုပ်ဆောင်မှုကို ကုလသမဂ္ဂအရာရှိများက ရှုံ့ချခဲ့ပြီး တောင်ဆူဒန်က ယင်းကဲ့သို့ကုသအရာရှိတစ်ဦးကိုနှင်ထုတ်ခြင်းသည်နိုင်ငံတကာဥပဒေများကိုချိုးဖောက်ရာရောက်ကြောင်းပြောဆိုခဲ့သည်။
ကုလအရာရှိ၏ သြဂုတ်လအတွင်းထုတ်ပြန်မှုတွင် တောင်ပိုင်းဆူဒန်စစ်တပ်သည်
နှိပ်စက်ညှင်းပန်းမှုများ၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း၊ သတ်ဖြတ်ခြင်းနှင့်မတရားဖမ်းဆီးခြင်း
စသည်တို့ကိုလုပ်ဆောင်ခဲ့သည် ဆိုသည့် လိမ်လည်ရေးသားသားသည့် အချက်အလက်များပါရှိခြင်းကြောင့်
၎င်းကုလအရာရှိအား ထုတ်ပယ်ခြင်းဖြစ်သည်။
ကုလအရာရှိသည် ၄င်းသက်သေမပြနိုင်သည့် လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုများကို အစီရင်ခံစာတွင်ထည့်သွင်းရေးသားခဲ့ကြောင်းတောင်ပိုင်းဆူဒန်အစိုးရပြောခွင့်ရှိသူ ဘာနာဘာ မာရီယယ် ဘင်ဂျမင်ကပြောသည်။
ကုလအရာရှိတစ်ဦးအား ယင်းကဲ့သို့ နိုင်ငံတွင်းမှထုတ်ပယ်ခြင်းသည် ကုလ၏ချာတာကိုချိုးဖောက်ရာရောက်ကြောင်း တောင်ပိုင်းဆူဒန်ရှိ ကုလတာဝန်ခံ ဟီလ် ဂျွန်ဆင်ကပြောသည်။
တောင်ပိုင်းဆူဒန်အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံသားများအား သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းစသည့် အကြမ်းဖက်မှုများကိုကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Amnesty International က အောက်တိုဘာလတွင် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။
(မောင်ကျောက်ခဲ အဖွဲ့)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။