Nov 17, 2012

ဆယ်စုနှစ်တစ်စုနီးပါး မြန်မာ့သွင်းကုန်များ ပိတ်ပင်ထားမှု အမေရိကန်ပယ်ဖျက်

From:.7day...

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှသွင်းကုန်များအား ဆယ်စုနှစ်တစ်ခုစာနီးပါးပိတ်ဆို့ထားမှုအား အိုဘားမား၏ သမိုင်းဝင် အလည်အပတ်ခရီး မလာမီ ယမန်နေ့က ပယ်ဖျက်ပေးလိုက်သည်။ 

အိုဘားမား အစိုးရသည် မြန်မာအပေါ်၌ ခြစားမှုနှင့် အကြမ်းဖက်မှုတို့၏ အဓိကမောင်းနှင်အားအဖြစ်ရှုမြင်ခံရသော ကျောက်မျက်ကဏ္ဍ ပိတ်ပင်မှုမှလွဲ၍ ကျန်ပိတ်ဆို့မှုများ အားလုံးပယ်ဖျက်ပေးသည်။

“ယခုပယ်ဖျက်ပေးမှုသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုများကို ထပ်မံတွန်း အားပေးရန် မြန်မာနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ပေါ်ထွန်းစေရန်” ရည်ရွယ်ကြောင်း အမေရိကန်အစိုးရ ကြေညာချက်တွင်ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဌာနတို့က ပူးတွဲထုတ် ပြန်ထားသောယင်း ကြေညာချက်တွင် မြန်မာအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ ၎င်းတို့၏ တိုင်းပြည်ကို ကမ္ဘာ့စီးပွားရေးနှင့် ထပ်မံပေါင်းစပ်နိုင်ရေးအတွက် ယခုခြေလှမ်းကို ကြိုဆိုခဲ့ကြ ကြောင်းဖော်ပြထားသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံခြားခရီးစဉ်များတွင် မြန်မာကို အကောင်းမမြင်ကြရန်နှင့် စီးပွါးရေးပိတ်ဆို့မှူတစ်ခုဖွင့်ပေးတိုင်း စောလွန်းသည် ဟုသာ ပြောကြားနေလျှက်ရှိသေးသည် ။

လမ်းဘေးအုတ်နံရံတွင်ဆွဲထားသော ပုံဖျက်ခံရမည်ဆိုးသဖြင့် ရဲနှင့်စောင့်နေရသော ဖိန့်ဖိန့်တုန်အောင် ကြောက်ရသော ဘုန်းတန်ခိုးကြီးမားလှသော စကြာဝတေးမင်းမဟာကြီး အိုဘားမား

ယခုကြေညာခဲ့သည့် သွင်းကုန်ပိတ်ဆို့မှု ပယ်ဖျက်ခြင်းအပြင် အမေရိကန်ကုမ္ပဏီများအား တွဲဖက်စီးပွားရေးလုပ်ခွင့် ပိတ်ပင်ထားသည့် အမည်မည်းစာရင်း၌လည်း ဦးတေဇနှင့် စတီဗင်လောတို့ ပိုင်ဆိုင်သော ကုမ္ပဏီများအပါအ၀င် မြန်မာကုမ္ပဏီခုနစ်ခုကိုလည်း အသစ် ထပ်မံ ထည့်သွင်းထားခဲ့သည်။ အမေရိကန် ကွန်ဂရက်တွင် ထိပ်တန်းရီပက်ဘလေကန်ခေါင်းဆောင်ဖြစ်ပြီး အိုဘားမားအား ဝေဖန်လေ့ရှိသူ အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကွန်နယ်ကလည်း အိုဘားမား၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ကို ထောက်ခံကြောင်း ပြောကြားထားသည်။

(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ