Jun 20, 2012

တတ်အားသရွေ့ ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်

ဒေါ် နှင်းအိဝင်း ( ကွန်ပြူတာတက္ကသိုလ် Software Development ဘာသာရပ်သင်နည်းပြ / Post Graduate Diploma Institute of System Science 34th Batch ) သည် ၁၄.၀၆.၂၀၁၂ ရက်နေ့ တွင် ရုတ်တရက် ဖျားနာရာမှ National University of Hospital သို့ တက်ရောက် ဆေးကုသခံယူခဲ့သည်။ ထို့ နောက် ဆေးစစ်ချက်များအရ Sepsis ( Blood Infection ) ဟုခေါ်သော ရောဂါကိုခံစားနေရကြကြောင်း စစ်ဆေးတွေ့ ရှိခဲ့ရသည်။
 ဆေးရုံသို့ ရောက်သော ပထမနေ့ မှစ၍ သတိလစ်မေ့မျောနေခဲ့ပြီး ဒုတိယနေ့ နံနက်တွင် ဆေးရုံ၏ဆေးစစ်ချက်များအရ အသဲ ကျောက်ကပ် နှင့် အဆုတ်များ အလုပ်မလုပ်တော့သဖြင့် စက်ဖြင့် အသက်ဆက်၍ ကုသထားကြောင်းသိရသည်။ ထို့ နောက် အခြေအနေကို စောင့်ကြည့်ခဲ့ရာ ၁၅.၀၆.၂၀၁၂ ညနေ ၉နာရီခွဲခန့် တွင် ဆေးရုံမှ လက်လျှော့ လိုက်ရပြီး ဒေါ်နှင်းအိဝင်းသည် Sepsis ဟုခေါ်သော လူငယ်များတွင်အဖြစ်ရှားသည့် ရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်ခဲ့ရပါသည်။ ထိုကဲ့သို့ NUH တွင် ဆေးကုသခံယူစဉ် ဒေါ်နှင်းအိဝင်း ၏ စုစုပေါင်း ဆေးကုသစရိတ်သည် တစ်ရက်လျှင် စကာင်္ပူ ဒေါ်လာ ၇၀၀၀ ကျော် ဖြင့် နှစ်ရက် ကုသစရိတ် စကာင်္ပူဒေါ်လာ ၁၄၀၀၀ ကျော် ကုန်ကျမည်ဟု ခန့် မှန်းတွက်ချက်ရပါသည်။ စင်္ကာပူနိုင်ငံတွင် ပညာသင်ဆဲ ကျောင်းသူဖြစ်သည်က တစ်ကြောင်း မိဘဆွေမျိုးများဖြင့် အနေဝေးနေသည်က တစ်ကြောင်း ကြောင့် ထိုကဲ့သို့ သော များပြားလှသည့် ဆေးကုသစရိတ်ကို ပေးချေရန် အခက်အခဲ ကြုံတွေ့ နေရပါသည်။ ကွယ်လွန်သူ ဒေါ်နှင်းအိဝင်း၏ လမ်းခရီးဖြောင့်ဖြူးစေရန်ရည်ညွှန်း၍ သူငယ်ချင်းမိတ်ဆွေများနှင့် စကာင်္ပူသို့ ရောက်ရှိနေသော မြန်မာများအနေဖြင့် တတ်အားသရွေ့ ပါဝင်ကူညီ ထည့်ဝင်ပေးပါကြရန် မေတ္တာရပ်ခံပါသည်။ ပါဝင်ကူညီလိုကြသူများအနေဖြင့် အောက်ပါလိပ်စာများအတိုင်း ဆက်သွယ်ကူညီလှူဒါန်းနိုင်ပါသည်။

ရန်ကုန်

၁။ ဒေါက်တာဆွေဇင်လှိုင် ဖုန်း  095182340
၂။ ထက်မြက်အောင် ဖုန်း  0949219975

စင်ကာပူ

၁။ ရာဇာဇော်မင်း ဖုန်း  + 6598501027 ( Bank Acc-248-52985-7   POSB Savings )
၂။ယဉ်လဲ့ဝင်းတင့် ဖုန်း  +6598503519 (Bank Acc- 279-01396-4   POSB Savings)
၃။အိမြတ်မွန် ဖုန်း +6594245316 (Bank Acc- 033-3-088153   DBS Saving Plus )
____________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ