Jun 23, 2012

A4 စာရွက်ကဲ့သို့ ပါးလွှာသော laptop များ DELL မှ ထုတ်လုပ်မည်

Laptop ကွန်ပျူတာများ၏ အခန်းကဏ္ဍကို Tablet ကွန်ပျူတာများက ခြိမ်းခြောက်လာနေမှုအပေါ် Dell က ပါးလွှာသည့် Laptop အသစ် တစ်မျိုးဖြင့် တုံ့ပြန်လိုက်သည်။ XPS 13 အမျိုးအစား Laptop သည် Dell အတွက် ဂုဏ်ယူလောက်ဖွယ် ထုတ်ကုန်သစ်တစ်ခု ဖြစ်လာခဲ့သည်။ XPS 13 သည် အလွန်ပါးလွှာသဖြင့် A4 စာရွက် တစ်ရွက်အောက်တွင်ပင် ဝှက်ထား၍ ရကြောင်း Dell က ဆိုသည်။

သို့သော်လည်း မိုဘိုင်းလ်ဖုန်းများက Quad Core Processor များကို စတင် အသုံးပြုနေချိန်တွင် XPS 13 တွင် တပ်ဆင်ထားသည့် Processor က Dual Core အဆင့်သာ ရှိနေခြင်းမှာ အားနည်းချက်တစ်ခု ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ Tablet များ ထွန်းကားလာခြင်းနှင့်အတူ ကွန်ပျူတာ OS စနစ်တွင် Android နှင့် iOS တို့ ခမ်းနားကြီးကျယ်လာရာ XPS 13 က Windows OS အတွက် ခံတပ်တစ်ခု ဖြစ်လာနိုင်သည်။

XPS 13 ၏ အသွင်အပြင်သည် ဆွဲဆောင်မှုရှိပြီး လှပကျော့ရှင်းနေကာ Mac-book Air နှင့် Asus Zen-book တို့ကို ယှဉ်ပြိုင်လာဖွယ် ရှိနေသည်။ ကိုယ်ထည်ကို အလူမီနီယံ၊ ကာဘွန်ဖိုင်ဘာနှင့် မဂ္ဂနီဆီယမ် သတ္တုစပ်ဖြင့် ဖန်တီးထားသည်။ Dell အနေဖြင့် အဆိုပါ Laptop ကို ပေါင်စတာလင် (၁၂၉၉) ဖြင့် ဗြိတိန်တွင် ရောင်းချသွားဖွယ် ရှိနေသည်။ Windows စနစ်သုံး ပါးလွှာသော Laptop များသည် Apple ၏ ရပ်တည်မှုကို အတုယူကာ SD Card Slot များ၊ HDMI Port များကို မတပ်ဆင်ဘဲ ထုတ်လုပ်လာကြသည်။

ဗြိတိန်မှ IT ထုတ်ကုန် လေ့လာသူများက ထိုအနေအထားသည် အိမ်လှလှ တစ်လုံးကို ဈေးကြီးပေးဝယ်သော်လည်း တံခါးမတပ်ထားသဖြင့် ဝင်၍ မရသည်နှင့် တူနေကြောင်း ဝေဖန်ခဲ့ကြသည်။

_________________________________________________________________________________
 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ