Jun 17, 2012

ဒွန်ဘန်ချောင်းကူးတံတားအား KIA မှ မိုင်းဖောက်ခွဲနှင့် ကေအိုင်အေ လက်ရှိအနေအထား

ဒွန်ဘန်ချောင်းကူးတံတားAား KIA မှ မိုင်းဖောက်ခွဲ
ဝိုင်းမော်- ချီဖွေကားလမ်းမှရှိတဲ့ ဒွန်ဘန်ချောင်းကူးတံတား ကို မနေ့ မနက် ၂နာရီခွဲ လောက်တုန်းက KIA မှလာရောက်မိုင်းခွဲခဲ့သဖြင့် ကြမ်းခင်းမှာ ၅ပေ ပတ်လည်ပျက်စီး သွားခဲ့ပါတယ်။ တံတားမိုင်းပေါက်ကွဲသံကို နယ်ခြားစောင့်အဖွဲ့မှ ကြားပြီး လိုက်လံပစ်ခတ်ခဲ့ တဲ့အတွက် တံတားကို လာရောက် မိုင်းဖောက်ခွဲတဲ့ KIA အ ဖွဲ့မှ သူတွေကထွက်ပြေးခဲ့တယ် လို့သိရပါတယ်။

KIA A ဖွဲ့ဟာ ကချင်ပြည်နယ်အတွင်းမှာ ရှိတဲ့ အဓိကလမ်းကြောင်းတွေမှာရှိတဲ့ တံတားတွေကို ဖောက်ခွဲမှု
တွေပြုလုပ်နေတာဟာ အခုဆိုရင် တံတားပေါင်း ၂၀၀ ကျော်နေပြီး ဖြစ်ပါတယ်။ အဲဒီလိုဖောက်ခွဲခဲ့တဲ့အတွက်    ဒေသခံတွေရဲ့စားဝတ်နေရေးကို လုံးဝအခက်အခဲ တွေကိုဖြစ်ပေါ်မှုတွေဖြစ်စေတဲ့အပြင် ဒုက္ခတွေကိုဖြစ်ပေါ်စေပါတယ်။
လမ်းကြောင်းတွေကို ပိတ်ပင်မှုတွေ ဖျက်ဆီးမှုတွေကြောင့် ဒေသအတွင်းမှာ ကုန်စည်စီးဆင်းမှုမရှိသလောက် ဖြစ်ခဲ့ပြီး
ကုန်ဈေးနှုန်းတွေမြင့်တက်ပြီး ဒေသခံတွေဒုက္ခရောက်နေကြရတယို့ ၀ိုင်းမော်မြို့မှ ဒေသခံတစ်ဦးမှ KDN သတင်းဌာနသို့သတင်းပေးပို့ထားပါတယ်။
KIA အောက်ခြေတပ်ဖွဲ့များ ရိက္ခာ၊ဆေးဝါးပြတ်လပ် ၀ဲစားပြီးသေဆုံးသူများပြားလျက်ရှိ
ချီဖွေမြို့နယ် မေခမြစ်အရှေ့ဘက်ကမ်းမှာ ရှိတဲ့ KIA အဖွဲ့တွေဟာ ရိက္ခာများမရှိ တော့သည့်အပြင်
ဆေးဝါးများလဲမရှိတော့ဘဲဖြစ်နေပါတယ်။ ၀မ်းရောဂါ၊ ငှက်ဖျားရောဂါဖြင့် သေဆုံးခဲ့သော KIA တပ်ဖွဲ့ဝင် ၅ဦး ရှိနေပြီးအ ပြင်အထန်ဖျားနေသူ ၁၅ဦးရှိနေပြီး ဖျားနားနေသူများကို ဆေးဝါးကုသမှုပြုလုပ်ဖို့ဆေးဝါးမရှိတဲ့အတွက် အခြေအနေ
ဆိုးဝါးတဲ့ အနေအ ထားကိုရောက်နေရပါတယ်။ အခုက မိုးတွင်းကာလသို့ရောက်ရှိနေတာကြောင့် သဲဝဲ စားခြင်းနဲ့အ ခြားသော ရောဂါများလဲဖြစ်ပွားနေကြပါတယ်။

ဒီလို ရိက္ခာပျက်လပ်မှု နာမကျန်းမှုတွေဖြစ်ပေါ်နေပေမယ့်လည်း KIA ဗဟိုက ထောက်ပံ့မှုတွေမပြုလုပ်ဘဲ အစိုးရ  တပ်ကိုသာ တိုက်ဖို့မိန့်တွေကိုဘဲထပ်ခါထပ်ခါပေးနေ ပါတယ်။ ဒါကြောင့် အောက်ခြေတပ်ဖွဲ့ဝင်တွေမှာ စိတ်ဓာတ်ကျ
ဆင်းလျက်ရှိပါတယ်။ မေခမြစ် တစ်ဖက်ကမ်းမှ KIA တပ်ဖွဲ့ဝင်တွေဘဲဒီလိုဒုက္ခတွေခံစားနေရတာမဟုတ်ဘဲ အ ခြားသောKIA တပ်ဖွဲ့ဝင်များတွေလဲ ယခုလိုခံစားနေရတယ်လို့ KIA တပ်ဖွဲ့ဝင် တစ်Uီးက ပြောပါတယ်။ အောက်ခြေမှ ဒုက္ခတွေ
အမျိုးမျိုးခံစားနေကြရပေမယ့် KIA ဗဟိုကခေါင်းဆောင်တွေကတော့ အေးအေးဆေးဆေး နဲ့ စားကောင်းသောက်ဖွယ်တွေ
မိန်းကလေးတွေနဲ့ပျော်မြူးနေကြပါတယ်။ သူတို့အာဏာတည်မြဲရေးအတွက်ဘဲကြည့်ပြီး အောက်ခြေက KIA တပ်ဖွဲ့ဝင်တွေကို ဘာမှကြည့်ရှုထောက်ပံ့ခြင်းမရှိရိက္ခာပြတ်လပ်ပြီး ဒုက္ခခံစားနေရတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှ KDN သတင်းထောက်တစ်ဦးအား ရင်ဖွင့်ပြောကြားခဲ့ပါတယ်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ