Jun 23, 2012

ဒီမိုဖက်တီးဆိုတာ ဘယ်ကောင်လဲ (အပိုင်း-၁)

Facebook မှာလူတော်တော်များများက ဒီမိုဖက်တီး ဘယ်သူလဲဆိုတာကို တော်တော် မေးခွန်းထုတ်လာကြတယ်။
သူ့ရဲ့ Facebook လုပ်ရပ်တွေမှာလည်း အကျိုးရှိတာတွေ ရှိခဲ့သလို၊အကျိုးယုတ်တာတွေ ရှိတယ်ဆိုတာကိုလည်း
ဘယ်သူမှ ငြင်းချက်ထုတ်နိုင်မှာ မဟုတ်ပါဘူး။
ဒီတော့ သိထားတဲ့ သတင်းအချက်အလက်တွေ အရ ဒီမိုဖက်တီးဆိုတာ ဘယ်သူလဲဆိုတာ ပြောကြည့်ပါမယ်။
အနောက်ရွှေဂုံတိုင်လမ်းမှာရှိတဲ့ NLD ရုံးချုပ်ရဲ့ ပထမထပ် အစည်းအဝေးခန်းမဆောင်ရဲ့ နောက်တန်းအကျဆုံး ထိုင်ခုံလေးတွေမှာ ယောင်္ကျားလေးတစ်ယောက်၊မိန်းကလေး လေးယောက်ပါဝင်တဲ့ အစုအဖွဲ့လေးဟာလက်တော့ ကိုယ်စီ၊ပရင်တာ၊စကင်နာ အစုံအလင်နဲ့  ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကာလကစပြီး၊နေရာယူလာတာကို သတိထားမိခဲ့ပါတယ်။
သူတို့အဖွဲ့ရဲ့တာဝန်ကို မေးလိုက်ရင် ရွေးကောက်ပွဲအတွက် Volunteer တွေဖြစ်တယ်လို့ NLD လူကြီးပိုင်းတွေက ပြောကြတယ်။
ရွေးကောက်ပွဲကာလ ပြီးပေမယ့်လည်း အဲဒီအစုအဖွဲ့လေးက ဆက်လက်ရှိနေဆဲပါပဲ။
သူတို့တွေ ဘာလုပ်နေကြတယ်ဆိုတာကိုလည်း ဦးဥာဏ်ဝင်းကလွဲရင် ဘယ်သူမှ မသိကြပါဘူး။
ဦးဥာဏ်ဝင်းနဲ့တတွဲတွဲလုပ်နေတဲ့ ဒီအစုအဖွဲ့လေးဟာ မီဒီယာလောကမှာ ဖြစ်ပျက်သမျှ၊နေရာစုံမှာ ဖြစ်ပျက်သမျှ သတင်းအချက်အလက်တွေကို ရရှိနေတဲ့ အပြင်၊ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့ပါဆိုတဲ့ မျက်ကန်းတစ္ဆေအကြောင်းပြချက်နဲ့ လူပုဂ္ဂိုလ်တော်တော်များများကို ထိခိုက်အောင် လုပ်လာပါတယ်။
တစ်ခုပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းအချက်အလက်တွေကို ဒီမိုဖက်တီးက ရရှိနေတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ဒီပုဂ္ဂိုလ်ဟာ NLD နဲ့ပက်သက်နေတယ်။ဒီပုဂ္ဂိုလ်ရဲ့ လုပ်ရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံတယ်ဆိုတာ ထင်ရှားပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်နဲ့ပက်သက်ပြီး Update တွေကို ဒီမိုဖက်တီးက တင်ပေးနေတာ တွေ့ရပါတယ်။
ဘာကြောင့် သူတင်ပေးနိုင်တာလဲ....ဒေါ်အောင်ဆန်းစုကြည် နောက်မှာသူရှိနေလို့ပါ။
ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်တွေမှာ ဘယ်သူတွေပါသွားလဲဆိုတော့ .....လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်၊ဒေါက်တာ တင်မာအောင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်တို့ပါ။ဒါပေမယ့် လေဆိပ်မှာ အဖွဲ့လိုက် ရိုက်ထားတဲ့ ဓာတ်ပုံမှာကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူငါးယောက် ဖြစ်နေပါတယ်။ဒီလူငါးယောက်ထဲက မျက်နှာစိမ်း ယောင်္ကျားတစ်ယောက်ကတော့ ဒီစာပိုဒ်အစမှာပြောခဲ့တဲ့ NLD ရုံးရဲ့ ပထမထပ် အစည်းအဝေးခန်းထဲမှာ ဘာအလုပ်လုပ်နေလဲဆိုတဲ့ အကြောင်းပြချက် မပေးထားတဲ့ အစုအဖွဲ့ထဲက တစ်ဦးတည်းသော ယောင်္ကျားလေးတစ်ယောက်ပါ။
ကဲ........ဒါလောက်ဆိုရင် ဒီမိုဖက်တီးက ဘယ်သူဘယ်ဝါဆိုတာ ရေးရေးလေး ပေါ်လာပြီထင်တယ်နော်။

(ရွှေအိုး )
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

တော်တော်များများကိုဖတ်ခဲ့၇ပါတယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ