Jun 23, 2012

အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဌမှ ရခိုင်ကိစ္စတွင် တောင်းပန်ပြီ

ကျွန်တော်တို့ ဒီဒုက္ခသည်စခန်းမှာ လူဦးရေ တစ်သောင်းခုနှစ်ထောင်ကျော်ရှိပါတယ်။ ဗလီကြီးခြောက်ခုမှာ ဖွင့် လှစ်ထားပါတယ်။ တပ်မတော်ကဆန်တွေပေးတဲ့အတွက် စားသောက်နေရပါတယ်။ ဒီမှာ လက်ရှိ ရှိတဲ့လူဦးရေနဲ့ဆိုရင် လူဦးရေစုစုပေါင်း ခုနှစ်သောင်း နီးပါး ရှိနေကြပါတယ်” ဟု စစ်တွေမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဌ ဦးလှမြင့် က၎င်းတို့နေရာသို့ တပ်မတော်စစ်ကြောင်းနှင့်အတူ လိုက်ပါလာကြသော မီဒီယာများသို့ဇွန် ၁၅ ရက် ညပိုင်းတွင် ပြောခဲ့ သည်။
       ၎င်းတို့အနေဖြင့် ယခင်နေထိုင်ရာ ကျေးရွာ ရပ်ကွက်များတွင် ပြန်လည်နေထိုင်ရန်အများစုက ဆန္ဒရှိနေကြသော် လည်း ၎င်းတို့အတွက် တာဝန်ရှိသူများက မည်သို့စီစဉ်နေရာချထားပေးမည်ကို မသိရှိရသေးကြောင်း ဘင်္ဂါလီဒုက္ခသည် အများစုက
တညီတညွှတ်တည်း ပြောကြသည်။

       “ကျွန်တော်တို့နေထိုင်ဖို့အတွက် အရင်နေရာလေးတွေမှာပြန်ချပေးစေချင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကျွန် တော်တို့အတွက်
သင့်တော်မယ့် နေရာလေးတစ်ခုခု စီစဉ်ပြီးတော့ တာဝန်ရှိသူတွေအနေနဲ့ဆောင်ရွက်ပေးစေချင်ပါတယ် ။ ဒီပြဿနာမှာ ကျွန်တော်တို့ဖက်ကမှားခဲ့တယ်ဆိုရင်လည်း တောင်းပန်ပါတယ်” ဟု စစ်တွေမြို့၊
အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဌ ဦးလှမြင့်ကဆိုသည်။

       စစ်တွေမြို့ပေါ်ရှိ ပြည်သူအများစုကြားတွင် ဘင်္ဂါလီဒုက္ခသည်စခန်းများသို့တခြားဒေသများမှ ဘင်္ဂါလီများ လာ ရောက်စုဝေးစုရုံးနေသည်ဟုသတင်းများထွက်ပေါ်နေမှုကို ဦးလှမြင့်က ငြင်းဆန်ခဲ့ပြီး အကယ်၍လာရောက်သည်ဆိုပါက လည်း ၎င်းတို့ကိုယ်တိုင်သတ်ဖြတ်၍ပင်လယ်အတွင်းမျှောချပစ်မည်ဟု ပြောလေသည်။

(အဘ ဥက္ကာကိုကို ၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြချက်)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ