Jun 23, 2012

တရားမ၀င်ခိုးဝင်လာသောဘင်္ဂလီကုလား (၈၄)ဦးကိုထောင်ဒဏ်ချမှတ်

မွန်ပြည်နယ် ရေးမြို့နယ်သဲခုန်ကျေးရွာကိုဆိုက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၈၄)ဦးကို မြန်မာအာဏာ ပိုင် တွေကနေ ဖမ်းဆီးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ်တနှစ်ချမှတ်ခဲ့ပါတယ်။ ထောင်ချခံ ဘင်္ဂလားဒေ့ရ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့လက မွန်ပြည်နယ်အတွင်းကိုဒုက္ခသည်အဖြစ် ၀င်ရောက်လာခဲ့ပြီး ပြန် လည်လွှတ်ပေးရာကနေ အခုတဖန်ပြန်လည်ဝင်ရောက်လာတယ်လို့လဲဆိုပါတယ်။ ဒီအခြေအနေအပြည့်အစုံကို တော့ ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်ရေးမြို့နယ် သဲခုန်တံငါစခန်းကိုရောက်ရှိလာတဲ့ စက်လှေတစ်စီးပေါ်က ဘင်္ဂလားဒေ့ရ်နိုင်ငံသား တွေကို ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေှးဌာနနဲ့ မြို့နယ်ရဲစခန်းတွေကနေ တရားမ၀င်ပြည်တွင်းခိုးဝင်မှုဥပဒေနဲ့ အပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ရေးမြို့မြို့မရဲစခန်းကနေအတည်ပြုပြောဆိုခဲ့ပါတယ်။ 
မြန်မာပင်လယ်ပြင်ပိုင်နက်ထဲကိုဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေး အက် ဥပဒေပုဒ်မ၁၃/၁နဲ့အရေးယူခဲ့တယ်လို့ ရေးမြို့မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

ဘင်္ဂလားဘင်္ဂလီလူမျိုးတွေကို ကျွန်တော်တို့မော်လမြိုင်အကျဉ်းထောင်ကိုပို့လိုက်ကုန်ပြီး။ ထားဝယ်အပိုင်ကနေ မိတာ။ ထောင်ဒါဏ်တနှစ်စီချလိုက်တယ်။ လ၀ကအက်နဲ့။ လှေပေါ်မှာအားလုံး(၈၄)ယောက်။ ပြီးခဲ့တဲ့အပါတ်က ဟိုဥစ္စာဘဲပြန်လည်မိတာ။

ဒီတရားမ၀င်ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရ်နိုင်ငံသားတွေကို ပီးခဲ့တဲ့အင်္ဂါနေ့က ရေးမြို့နယ်တရားရုံးကနေ အားကစားရုံအတွင်းမှာ ယာယီတရားရုံးဖွင့်ပြီး စီရင်ချက်ချမှတ်ခဲ့ပြီးတော့ ဇွန်လ(၁၉)ရက်နေ့မှာ မော်လမြိုင် အကျဉ်းထောင်ကိုပို့ခဲ့တယ်လို့ရေးမြို့မရဲစခန်းအရာရှိတစ်ဦးကပြောပါတယ်။

တကယ်တော့ဒီဘင်္ဂလားဒေ့ရ်နိုင်ငံသားတွေဟာ မေလ(၂၃)ရက်နေ့ကတည်းက စက်လှေပျက်ပြီးရေးမြို့နယ် ငါးမျှားစခမ်းမှာဝင်ရောက်လာခဲ့တဲ့သူတွေဖြစ်ပါတယ်။ သူတို့စက်လှေပြန်အထွက်မှာ စက်လှေချွတ်ယွင်းမှု ကြောင့် အခုလိုကမ်းဘက်ကိုပြန်ကပ်လာရတယ်လို့ဒေသခံသဲခုန်ကျေးရွာအမျိုးသမီးတစ်ဦးက မွန်ဘာသာ နဲ့အခုလိုပြောပါတယ်။

အဲဒီလှေကသဲခုန်ရွာကိုဝင်လာတယ်။ လူ(၈၆)ယောက်ပါလာတယ်။ အဲဒီဆိုက်ရောက်တဲ့နေ့မှာ(၂)ယောက် ပျောက်သွားတယ်။ သူတို့တတွေက ငါးမျှားစခမ်းကနေထွက်ခွါလာပြီးမန်ကျီးကျွန်းကိုရောက်လာတယ်။ အဲဒီမှာလှေပျက်လာပြီးတော့ ကျွန်မတို့သဲခုန်ရွာဘက်ကိုဝင်လာတယ်။ လှေပြင်ဖို့နဲ့ စက်ဆီဝယ်ဖို့ အတွက်လို့ပြောတယ်။ အခုမြန်မာအာဏာပိုင်တွေက ရေးမြို့ဘက်ကိုခေါ်သွားပြီးသူတို့တတွေကို။

မလေးရှားနိုင်ငံကိုတရားမ၀င်အလုပ်လုပ်မဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၈၆)ဦးပါ တန်ကေးစက်လှေ တစီးဟာ စက်ချွတ်ယွင်းမှုကြောင့်ပြီးခဲ့တဲ့မေလ(၂၃)ရက်နေ့က မွန်ပြည်နယ်ရေးမြို့နယ်ကမ်းခြေဘက်ကို ဒုက္ခသည် အဖြစ်ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ ကပ္ပလီပင်လယ်ပြင်ထဲမှာ ရက်ကြာကြာ လှေမျောနေပြီး အစာရေစာငတ်မှုကြောင့် လမ်းခရီးမှာသေဆုံးမှုတွေလဲရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ့်စက်လှေပျက်ဒုက္ခသည်တွေရဲ့စားဝတ်နေရေးနဲ့ ယာယီနေထိုင်ရေးအတွက် ဒေသခံရွာသား တွေကနေ ကူညီစောင့်ရှောက်ထားပြီး ဒေသခံအာဏာပိုင်တွေကနေစစ်ဆေးမေးမြန်းပြီး မူလဒေသကို ပြန်လည် ပိုကဆောင်ပေးခဲ့ရာကနေ အခုတဖန်ပြန်လည်ဝင်ရောက်လာတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မနဲ့ အရေးယူရခြင်းဖြစ်တယ်လို့ အမည်မဖေါ်လိုသူဥပဒေအရာရှိတဦးကပြောပါတယ်။

လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်ဘက်မှာ ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်ပြည်နယ်သားတွေအကြား တင်းမာမှုပဋိပက္ခတွေဖြစ်ပွါးနေတာကြောင့် မွန်ပြည်နယ်အတွင်း လူမျိုးခြားတွေဝင်ေ၇ာက်မှာကိုစိုးရိမ်နေတယ် လို့ ဒေသခံသံဃာတော်တွေကနေ ပြောဆိုမှုတွေလဲရှိနေပါတယ်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ