"မနေ့နဲ့ ဒီနေ့နှစ်ရက်လုံးမှာ ရပ်ကွက်က ဖမ်းမိတဲ့ ဘင်္ဂါလီတစ်ချို့ကို ရဲစခန်းကို လာပို့ပါတယ်။ အဲ့ဒီလူတွေကို ဘင်္ဂါလီတွေအတွက် ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ နောက်ပြီး ကယ်ဆယ်ရေးစခန်းသွားချင်တဲ့ ဘင်္ဂါလီတွေကိုလည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက စောင်ရှောက်ပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ ဘင်္ဂါလီကလေးတွေနဲ့ မိန်းမတွေကို တွေ့ရင်လည်း စစ်တွေမြို့ခံတွေက ဘာမှမလုပ်ဘဲ ရဲစခန်းကို လာပို့ပေးပါတယ်။ သူတို့တွေကိုလည်း ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ လောလောဆယ် စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်း ၂ ခု ဖွင့်ထားပါတယ်။ " စစ်တွေမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ ညနေ ၇ နာရီ ၂၀ မိနစ်တွင် သတင်းပေးပို့ခဲ့ပါသည်။

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။