Jun 11, 2012

စစ်တွေမြို့နယ် နောက်ဆုံးရ သတင်းများ

ဇွန်လ ၁၀ ရက်နေ့ ၁၀၅၀ နာရီမှ ဇွန်လ ၁၁ ရက် ၀၈၃၀ နာရီထိ

ဇွန်လ ၁၀ ရက်၊ ၁၂၀၀ မှ ၁၃၀၀ နာရီထိ ။ တရားသီးစုပိုက်သယ် ကုလားရွာ၊ ဘင်္ဂါလီလူမျိုး (၂) ဦးမှ ၄င်းတို့၏ နေအိမ်များကို မီးရှို့၊ ဘေးအိမ် (၅) လုံးသို့ မီးကူး၊ မီးသတ်ကား(၂)စီးမှ ငြိမ်းသတ်။ (ဗလီ ၂ လုံး၊ ဘင်္ဂါလီလူမျိုးနေအိမ်(၁၀)လုံး ပျက်စီး)။

ဇွန်လ ၁၀ ရက်၊ ၁၂၂၅ နာရီ ။ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံ၊ ရခိုင်တိုင်းရင်းသား(၂)ဦး (မစိုး ရိမ်ရ)၊ ဒဏ်ရာဖြင့် ရောက်ရှိလာ။

ဇွန်လ ၁၀ ရက်၊ ၁၃၃၀ နာရီ ။ စစ်တွေမြို့အနီးရှိ အနောက်ဖရုံကာကျွန်းအနီးတ၀ိုက်၌ ဘင်္ဂါလီလူမျိုးများ ခိုအောင်လျက် ရှိပြီး ညပိုင်တွင် စစ်တွေမြို့သို့ တိတ်တဆိတ်တက်ကာ မီးရှို့လေ့ ရှိကြောင်း၊ မီးရှို့ပြီးနောက် စက်လှေများဖြင့် ပြန်လည်ထွက်ပြေးသွားလေ့ရှိကြောင်ူး စစ်တွေမြို့၊ ကမ်းနားလမ်းနေ ပြည်သူများမှ သတင်းပေးပို့ခဲ့သည်။ စစ်တွေရှိ ပြည်သူများမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် ညပိုင်းအချိန် အခွင့် ကောင်းယူ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်လေ့ရှိသောကြောင့် အကြမ်းဖက်မီးရှို့မှုများ ထပ်မံ မဖြစ်ပွားစေရေး အတွက် တပ်မတော်(ရေ)မှ လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက် ရှိရာ အနောက်ဖရုံကာ ကျွန်း၊ စကေးပြင်ကျေးရွာတွင် ဘင်္ဂါလီလူမျိုး (၁၀၀၀)ဦးခန့် တွေ့ရှိရကြောင်း သိရှိရသည်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ