Jun 13, 2012

အမျိုးသမီးများအား ကာကွယ်ပါ

     မြန်မာနိုင်ငံတော်တွင် အကြမ်းဖက် ဆူပူမှု့ အပေါ်အခွင့်ကောင်းယူ၍ သူခိုးများ ခါးပိုက်နှိုက်များ ထကြွနေပါတယ်။ကျွန်တော်တို့ လူမျိုးသည် ကိုယ်နှင့် မဆိုင် ၀င်ရောက် မစွက်ဖက်လိုကြတော့ စိတ်ဓါတ်များ လူအများစုတွင် ရှိနေတတ်ပါတယ်။ယခုအခါသည် ယခင်လို နေတတ်သလိုနေလို့ မရသော အခြေအနေဖြစ်ပါတယ်။မြန်မာလူမျိုးအားလုံး အမျိုးကိုချစ်သော စိတ်ဓါတ် ယခင်ကထက် ပိုမိုထားရှိရမှာဖြစ်ပါတယ်။ကိုယ့် အမျိုးကို ကိုယ်မှ မချစ်လျှင် ဘယ်သူမှချစ်မယ့် လူမရှိပါ။ယခု ဒီမိုကရေစီနိုင်ငံကြီးများတွင်လည်း လူရမ်းကားများမှ အုပ်စုလိုက်ဖွဲ့ ၍ ခါးပိုက်နှိုက်ခြင်း ဒုစရိုက်မျိုးဆုံပြုလုပ်နေသည့်တိုင် ဘေးမှပြည်သူများမှ ၀င်ရောက်စွက်ဖက်ခြင်းမရှိကြပါ။ကျွန်တော့်ရှေ့မှာပင် ကိုယ်တွေ့ ဖြစ်ခဲ့ဖူးပါတယ်။ကိုယ့်ရှေ့မှာပင် ပစ္စည်းလုခြင်းများ။အမျိုးသမီးတစ်ယောက် ကို ခါးပိုက်နှိုက်၍ အမျိုးသမီးမှ ထအော်သည့်တိုင် ဘေးမှာ လူများက မသိခြင်ယောင်ဆောင်နေကြခြင်း။ဒါဒီမိုကရေစီနိုင်ငံကြီးတစ်ခုမှာပါ။ကျွန်တော့် အနေနဲ့ တော့ ဒီလိုကိစ္စမျိုးတွေကို ကျွန်တော်တို့ ပြည်ထောင်စုနိုင်ငံတော်မှာမဖြစ်စေချင်ပါ ။စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မျိုးချစ်စိတ်ရှိတဲ့ ပြည်သူတွေရပ်တည်နေတာပဲ ဖြစ်စေချင်တာပါ။အဓိက ပြောချင်တာကတော့ အမျိုးသမီးများအတွက်ဖြစ်ပါတယ်။လိုင်းကားများပေါ်တွင် အမျိုးသမီးများကို  နှမချင်းမစာမနာ ပြုမူတတ်သူများ. ခါးပိုက်နှိုက်များပင်ဖြစ်ပါတယ်။မြန်မာ အမျိုးသမီးများသည် ပင်ကိုယ်အားငယ်စိတ် ရှိကြပါတယ်။ကြောက်တတ်ကြပါတယ်။တချို့ တွေဆို ခါးပိုက်နှိုက်က မိမိပစ္စည်းကို ယူနေတာတောင်မှ မပြောရဲပဲ ဒီတိုင်းကြည့်နေလိုက်တဲ့ အမျိုးသမီးများ တပုံတပင်ပင် ရှိခဲ့ကြပါလိမ့်မည်။သူခိုးဂျပိုးးကတော့ လုပ်လို့ ရရင် ထပ်လုပ်နေဦးမှာပါပဲ။
 ကျွန်တော်ပြောချင်တာက တော့ မြန်မာလူမျိုးအချင်းချင်း ညီအကိုမောင်နှမအရင်းသဖွယ်ရိုင်းပင်းကူညီကြပါ။
အမျိုးသမီးများကလည်း ကားပေါ်မှာ ခါးပိုက်နှိုက်ပဲဖြစ်ဖြစ် ရာဇ၀တ်မှု့ တစ်စုံတစ်ရာတွေ့ တာနဲ့ အော်ဟစ်အကူအညီတောင်းပါ။လုံးဝ မကြောက်ပါနဲ့ ။တာဝန်သိတဲ့ ပြည်သူတစ်ယောက်အဖြစ် သဘောထားပြီးအော်သာအော်ပါ။
အမျိုးသားများ။ညီအကိုတွေကလည်း မဆိုင်သလိုမနေကြပါနဲ့ ။ကိုယ့် အမျိုးတွေ။ကိုယ့် ညီမ အမတွေလို သဘောထားပါ။ခါးပိုက်နှိုက်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မဟုတ်တာလုပ်တဲ့ ကောင်ဆို ၀ိုင်းသာ သမကြပါ။ရဲစခန်းမရောက်ခင် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး ဖြစ်သွားအောင်ကို ၀ိုင်းထိုးကြပါ။လုံးဝ မတုန်လှုပ်ပါနဲ့ ။ဒါဟာ တာဝန်သိပြည်သူတစ်ယောက်လုပ်ရမယ့် တာဝန်ပါ။
ကျွန်တော် မြှောက်ပေးနေခြင်းမဟုတ်ပါ။ဖြစ်သင့်တာကို ပြောနေတာဖြစ်ပါတယ်။ခါးပိုက်နှိုက်ကို မိတာနဲ့ လုံးဝ ချုပ်ထားပါ။အလစ်မပေးမိပါစေနဲ့ ။ထွက်ပြေးလို့ ရတယ်ဆိုတာ မျိုးမဖြစ်ပါစေနဲ့ ။ပြီးရင် ချက်ခြင်းရဲစခန်းကို ပို့ ပါ။
နိုင်ငံရေး မတည်ငြိမ်မှု့ အပေါ်အခွင့်အရေးယူပြီး တော်ကြောင်များလက်ခမောင်းခတ်နေချိန်ဖြစ်ပါတယ်။ကျွန်ေတာ်တို့ မြန်မာ ပြည်သူ ညီအကို မောင်နှမများမှလည်း ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလမ်းပေါ်မှာ တက်အားသရွှေ့ ကူညီလုပ်ဆောင်ပေးကြပါ။
နောက်ဆုံးပြောချင်တာကတော့ ခါးပိုက်နှိုက်ပဲ ဖြစ်ဖြစ် ဘာကောင်ဖြစ်ဖြစ် မဟုတ်တာ လုပ်ရင် ၀ိုင်းသမ။အလွတ်မပေးပဲ ချက်ချင်း ရဲစခန်းပို့ ။
       မြန်မာညီအကို မောင်နှမများသွေးစည်းကြပါ။မြန်မာ အမျိုးးသမီးများကို ကိုယ့် နှမ အရင်းသဖွယ် ကူညီစောင့်ရှောက်ကြပါ။
(နတ်သားလေး)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ