Aug 16, 2013

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ စာနယ်ဇင်းကျင့်ဝတ်များ

၁။ သတင်းမီဒီယာတစ်ခုက ဖော်ပြသော သတင်းတိုင်း အချက်အလက်တိကျ မှန်ကန်ရန်နှင့် တတ်နိုင်သမျှ ပြည့်စုံရန် စီစစ်ရမည်။
၂။ တိကျမှန်ကန်မှူမရှိသော သတင်းကိုဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါက သက်ဆိုင်ရာ မီဒီယာသည် အမြန်ဆုံး ပြန်လည် ပြင်ဆင်ဖော်ပြပေးရမည်။သတင်းမှန်ဖြေရှင်းချက်ကိုလည်း ယင်းသတင်းထည့်သွင်းသည့် နေရာနှင့် အနီးစပ်ဆုံး စာမျက်နှာတွင် ထင်ရှားစွာဖော်ပြပေးရမည်။
၃။ သတင်းပေးသူ(သို့)သတင်းရင်းမြစ်၏ အမည်နာမ နှင့် စပ်လျဉ်း၍ ကာယကံရှင်၏ ဆန္ဒနှင့်အညီ ထိန်းသိမ်းဆင်ခြင်ရမည်။ယုံကြည်၍ ထုတ်ဖော်အသိပေးလိုက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ လျှို့ဝှက် ထိန်းသိမ်းထားရမည်။
၎။ တရားရုံးတွင် စစ်ဆေးဆဲ အမှုများနှင့် စပ်လျဉ်း၍ မီဒီယာတွင် ရေးသားဖော်ပြရာ၌ တရားရုံးတော်က ပြစ်မှူထင်ရှားစီရင်ခြင်း မပြုသမျှ ကာလပတ်လုံး တရားစွဲဆိုခံရသူအား အပြစ်ကင်းစင်သူတစ်ဦးအဖြစ် မှတ်ယူရမည်။
၅။ သတင်းများ ရယူရေးသားရာ၌ မိမိကိုယ်စားပြုသည့် သတင်းမီဒီယာအမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူရမည်။
၆။ သတင်းစာ ၊ ဓါတ်ပုံ ဆောင်းပါး စသည်တို့ အသွင်ဖြင့် ထည့်သွင်းသော ကြေငြာများကို ကြော်ငြာဖြစ်ကြောင်း သိသာထင်ရှားအောင် ဖော်ပြရမည်။
၇။ သတင်းရေးသားရာတွင် ရေးသူ၏ အာဘော်လုံးဝ မပါစေရ။ ဘက်လိုက်ရေးသားခြင်းမပြုရ။
၈။ အများပြည်သူ အကျိုးစီးပွါးအတွက် ရေးသင့်ရေးထိုက်သည်မှ အပ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့)
အဖွဲ့ အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသား နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော အရေးအသားများအား ရှောင်ကြဉ်ရမည်။
၉။ သတင်းရေးသားရာတွင် ကလေးသူငယ်များ ၊ အမျိုးသမီးများနှင့် စပ်လျဉ်းသည့် ဥပဒေ ပြဌာန်းချက်များကို လိုက်နာရမည်။
၁၀။ ဇာတိ ၊ ကိုးကွယ်ရာဘာသာ ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား  ဝေဖန် လှုံဆော်ရေးသားခြင်း မပြုရ။
၁၁။ စာနယ်ဇင်းသမားများအားလုံးသည် မည်ကဲ့သို့သော အခွင့်အရေး တံစိုးလက်ဆောင်ကြောင့်မျှ မိမိ သို့မဟုတ် အခြားတစ်စုံတစ်ယောက်၏ အကျိုးငှာ ဘက်လိုက်ရေးသား ဖော်ပြခြင်း မပြုရ ။
၁၂။ စီးပွါးရေး နိုင်ငံရေး စသည့် အဖွဲ့အစည်းတစ်ခုခု၏ သြဇာကြောင့် မမှန်မကန်ရေးသားခြင်းမပြုရ။
၁၃။ သူတစ်ပါး ဖန်တီးထားသော သတင်း၊ ဓါတ်ပုံ ၊ ဆောင်းပါးများကို မူရင်းဖန်တီးသူ၏ ခွင့်ပြုချက်မရပဲ
ကူးယူဖော်ပြခြင်းမပြုရ ။ ခွင့်ပြုချက်ရယူပြီး ဖော်ပြလျှင်လည်း မူလရင်းမြစ်ကို ဖော်ပြပေးရမည် ။
၁၄။ အီလက်ထရောနစ် နည်းပညာဖြင့် ထုတ်လွင့်သော အင်တာနက် လူမှုကွန်ယက်များစသည့် နည်းလမ်းများမှ တစ်ဆင့်ရသော သတင်းများသည် မှန်ကန်ကြောင်း သက်သေ အခိုင်အမာ မပြနိုင်ပါက ပြန်လည်ကူုးယူ ဖြန့်ချီခြင်း မပြုရ။
၁၅။ အများပြည်သူ၏ ကိုယ်ကျင့်တရားကို ထိခိုက်၊ ပျက်ပြားစေမည့် ရေးသားဖော်ပြမှူများ ၊ညစ်ညမ်းမှူများနှင့် ပတ်သတ်၍ မည်သည့် သတင်း ၊ ဓါတ်ပုံ ၊ ဆောင်းပါးမျှ ပုံနှိပ်ထုတ်ဝေခြင်းမပြုရ။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ