Aug 15, 2013

တူရာ တန်ရာ ပြောပါ မင်းကိုနိင်ရာ

( အရောင်မတူ အဆင်းမတူ ဂုဏ်ဒြပ်ချင်းလည်းမတူပါ )
အပြောကတော့ ရွှေမန်း ကတော့ ချိုမိုင်မိုင် မင်းသားကြီး ဦးမင်းကိုနိုင်
(၂၅)နှစ်ပြည့် ငွေရတု ၈၈၈၈ အခမ်းအနားကြီး ပြီးဆုံးသွားတဲ့နောက်ပိုင်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စကားသံ လေးတွေ ကြားလာရပါတယ်။ နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ၈၈ မျိုးဆက် ခေါင်းဆောင် တစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်းလို့ မသုံးနှုန်းပဲ ဦးတပ်ပြီး ခေါ်တယ်လို့ ပြန်ကြားရပါတယ်။

ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် အသက်ကိုတောင်ပေးဆပ်သွားခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီးကို ထို ၈၈ ကျောင်းသား ခေါင်းဆောင်က ဘယ်လိုရည်ရွယ်ချက်နဲ့ အဲဒီလို သုံးနှုန်း ခေါ်ဝေါ်ခဲ့တာလဲ ဆိုတာ သိချင်စမ်းပါဘိ။

ဗိုလ်ချုပ်အောင်ဆန်းဆိုတာမိုးကျရွှေကိုယ်ခေါင်းဆောင်အဖြစ်ချက်ချင်းဖြစ်လာတာမဟုတ်ပါဘူး၊ကိုလိုနီစနစ် ဆိုး ထဲက ပညာရေးနယ်ပယ်ထဲမှာ ထူးချွန်အောင်ကြိုးစားခဲ့တဲ့ ကျောင်းသားဘ၀ကစတင်ခဲ့သူဖြစ်ပါတယ်။
အခြားသော မြန်မာနိုင်ငံထဲက ကျောင်းသားတွေလိုပဲ ပညာသင်ကြားခဲ့ရသူ ဖြစ်ပါတယ်။အဲဒီလိုအခြေခံ ပညာတွေကို အောင်မြင် တတ်မြောက်ခဲ့လို့ တက္ကသိုလ် ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ခေတ်က ပညာရေးဟာ ခုခေတ်လို ကျူရှင်တွေတက်၊ ပုဂ္ဂလိက ကျောင်းတွေ၊ ဘော်ဒါဆောင်တွေမှာ သင်ကြားခဲ့ရတဲ့ ပညာရေးမဟုတ်ပါဘူး၊တက္ကသိုလ်ရောက်လာတော့လည်း တက္ကသိုလ်
 ကျောင်းသားဘ၀ကို  လိုလားတပ်မက် စွာ ဖြတ်သန်းခဲ့တယ်။ မျက်စိပွင့်နားပွင့် ဗဟုသုတတွေ ရင့်လာခဲ့တယ်။

ဒီတော့ ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းပြီး လုပ်ခဲ့တယ်။ သူတို့ ကျောင်းသားတွေရဲ့ ရည်ရွယ်ချက်က တိုင်းပြည်လွတ်လပ်ရေးရဖို့ဆိုရင် ဘယ်လိုနည်းလမ်းမျိုး ကိုမဆို ကျင့်သုံးမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ သမဂ္ဂကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂအနေနဲ့ တိုင်းပြည်လွတ်လပ်ရေးရအောင် စွမ်းဆောင်ဖို့ နည်းလမ်းရှာခဲ့ရာမှာ တိုင်းတစ်ပါးအကူ အညီယူပြီး အင်္ဂလိပ်ကို တိုက်ထုတ်ပစ်မှသာ လွတ်လပ်ရေးရမယ်ဆိုတာ သိခဲ့ကြတယ်။ ဒါကြောင့်သခင်ဆိုတဲ့ ကျောင်းသားဘ၀ကနေတိုင်းပြည်လွတ်လပ်ရေးရဖို့အတွက်စစ်သားဘ၀ကို ပြောင်းလဲခဲ့ရတယ်၊ ရဲဘော်သုံးကျိပ် ကို ဦးစီးပြီး ဂျပန်နိုင်ငံ၊ ဟိုင်နန်ကျွန်းမှာ ဂျပန်ရဲ့အကူအညီယူပြီး စစ်ပညာတွေကို သင်ခဲ့ကြတယ်၊ ကျောင်းသားအဖြစ်ကနေခက်ခဲပင်ပန်းကြမ်းတမ်းတဲ့စစ်ပညာတွေကိုသင်ယူတဲ့စစ်သား ဖြစ်လာခဲ့တယ်။ ဗိုလ်ချုပ်နဲ့အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့အသက်ပေးဆပ်မှုနဲ့အတူ သူ့ကျွန်ဘ၀အောက်ကနေ လွတ်မြောက်လာခဲ့ တယ်။ ဒါဟာ သမိုင်းဖြစ်ရပ်မှန်ပဲဖြစ်ပါတယ်။

လိုရင်းပြောရရင် ငယ်စဉ်ကလေးဘ၀ အောင်ဆန်း၊ တက္ကသိုလ်ကျောင်းသားဘ၀မှာ သခင်အောင်ဆန်း၊ နိုင်ငံ ခေါင်းဆောင်ဘ၀မှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဂုဏ်ထူးဝိသေသတွေ အဆင့်ဆင့်ရရှိခဲ့တာဟာ ပါးစပ်နဲ့ လူထုကို စည်းရုံးပြီး ဟိုပြောဒီပြောလုပ်ခဲ့ရုံနဲ့ ဖြစ်လာတာမဟုတ်ဘူး။ ငါတက္ကသိုလ်ကျောင်းသားဘ၀မှာ အနစ်နာခံ စွန့်စားခဲ့လို့ လွတ်လပ်ရေးရခဲ့တာပါလို့ မကြွားခဲ့ဖူးဘူး၊ နိုင်ငံခေါင်းဆောင်ဖြစ်လာတော့လည်း စစ်မှန်တဲ့ လွတ်လပ်ရေးရဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးသွားခဲ့တဲ့အချိန်အထိ မြန်မာပြည်ကို ငါကယ်တင်ခဲ့တာလို့ နာမည်ကောင်းမယူခဲ့ဘူး။

ဒီကနေ့ထိတိုင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး နှလုံးသားထဲမှာ စံပြနိုင်ငံ့ခေါင်းဆောင် ဖခင်ကြီးအဖြစ် ဂုဏ်ယူနေရ ဆဲဖြစ်ပါတယ်။အဲဒီလို မြန်မာမှာသာမကဘဲ ကမ္ဘာမှာပါ သမိုင်းတွင်ရစ် ထင်ရှားခဲ့တဲ့ ခေါင်းဆောင်ကြီးကို မနေ့တနေ့ကမှ ၈၈ ကျောင်းသားခေါင်းဆောင်နာမည်ယူပြီး တိုင်းပြည်အတွက် ချွေးတစ်စက်မကျဘဲ နေရာရလာတဲ့လူက နှိမ့်ချ ခေါ်ဝေါ် ခဲ့တာ စော်ကားလိုက်တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့လို့ ငါတို့နဲ့အတူ အခြေအနေတူမို့ ဦး…..လို့သုံးနှုန်းခဲ့တာဆိုရင် ကိုယ့်အရည်အချင်းကို ပြန်ကြည့်ဖို့လိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ နှိုင်းယှဉ်ပြောဆိုရလောက်အောင် အဲဒီ ၈၈ ကျောင်းသားခေါင်းဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ မူကြိုအဆင့်ပဲ ရှိသေးတယ်လို့ပဲ ပြောချင်ပါတယ်။

မအေက မွေးလာတော့ မူလတန်းကျောင်းသား၊ ပြီးတော့ တက္ကသိုလ် ကျောင်းသား၊ ၈၈ အရေးအခင်းမှာ ဒီမိုကရေစီလို့ ကြွေးကြော်ပြီး လှုပ်ရှားခဲ့တော့ နိုင်ငံရေးသမားယောင်ယောင် လုပ်နေရာမှ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုပြီး လူမှုကွန်ယက်ကိုတည်ထောင်ကာ မြန်မာပြည်သူ အကျိုးအတွက် လုပ်တာတစ်ခုမှမရှိဘဲ တိုင်းတစ်ပါးကော ပြည်တွင်းကပါရရှိသည့်အလှူငွေများဖြင့် ကိုယ်ကျိုးရှာ အမြတ်ထုတ်ပြီး အသံကောင်းဟစ်နေတာပဲတွေ့ရပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အမည်ခံပြီး ဒီမိုကရေစီအရေးလှုပ်ရှားတယ် ပြောတယ်၊ ဒါဆိုရင် လက်ရှိအခြေအနေ ထိ တိုင်းပြည်အကျိုးရှိအောင် ဘာတွေလုပ်ပြပြီးပြီလဲဆိုတာ အဖြေက ရှင်းနေပါတယ်။

နိုင်ငံခေါင်းဆောင်ကြီးကိုဦး….တပ်ခေါ်ခဲ့တဲ့အဲဒီ ၈၈ ကျောင်းသားခေါင်းဆောင်ဆိုတဲ့လူကိုတစ်ခုဘဲ ပြောချင် ပါတယ်။
ပါးစပ်က တဖွဖွ ပြောမနေဘဲနဲ့ လက်တွေ့ အလုပ်နဲ့ပဲ သက်သေပြပါ၊ အလုပ်နဲ့ သက်သေမပြနိုင်ရင်တော့ ကိုယ့် အရည်အချင်းကိုသိပြီး အများက ပေးတာကိုယူ ကျွေးတာကိုစား အာမချောင်ဘဲ တန်ရာတန်ရာ မှန်းပါလို့ အကြံပြု ချင်ပါတယ် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ခင်ဗျာ။

From:[_ သွေးသစ် _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ