Aug 15, 2013

အိန္ဒိယ တပ်မတော်မှ ပြည်တွင်းဖြစ် Prithvi-II ( ပရီဗီ-၂) မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် စမ်းသပ်ပစ်လွတ်နိုင်ခဲ့



အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန မှ ပြည်တွင်းဖြစ် နူကလီးယားထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်သော မိုင်200 အကွာအဝေးအတွင်း မည်သည့်ပစ်မှတ်ကိုမဆို ချေမှုန်းနိုင်သော မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွတ်နိုင်ခဲ့ပါတယ် လို့  15/08/2013 ရက်နေ့တွင် ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

 
အိန္ဒိယတပ်မတော် သုတေသန နှင့် ဖွံဖြို့းရေးဌာန မှ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်အရာရှိတစ်ဦးရဲ့ အဆိုအရ အဆိုပါ နူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်ကို အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေတွင် စမ်းသပ်ပစ်လွတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒုံးကျည်ဟာ ဘင်္ဂလားပင်လယ်အော် အတွင်းရှိ 215 မိုင်အကွာအဝေးရှိ သတ်မှတ်ထားသော ပစ်မှတ်ကို စင်တီမီတာ အနည်းငယ်မျှသာ သွေဖယ်ပြီး  ထိမှန်ပေါက်ကွဲခဲ့ပါတယ်လို့ ဆိုပါတယ် ။the Times of India သတင်းစာကြီးကတော့ ဒီစမ်းသပ်ချက်ဟာ 100 ရာခိုင်နှုန်း အောင်မြင်တယ် လို့ ချီးကျူးရေးသားဖော်ပြထားပါတယ်။



ဒီစမ်းသပ်ချက်ဟာ အိန္ဒိယ-ပါကစ္စတန် နယ်စပ် ကက်ရှ်မီးယား နယ်စပ်ပြဿနာ ကြီးထွားလာချိန်နှင့်တိုက်ဆိုင်စွာ ပေါ်ပေါက်ခဲ့သော်လည်း အိန္ဒိယ တပ်မတော် အနေဖြင့် ဒီစမ်းသပ်ချက်ဟာ သာမန် စမ်းသပ်ပစ်လွတ်ခြင်းသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ် ။အဆိုပါ Prithvi-II မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်ဟာ အလေးချိန် 1.100 ပေါင်ကို သယ်ဆောင်ပြီး စွမ်းဆောင်နိုင်ရည် အကုန်ခရီးအထိကို ၈ မိနစ်နဲ့ ပျံသန်းနိုင်တယ်လို့ ခပ်ကြွားကြွားလေး ဆိုထားလေရဲ့


  From:[_ Army Recognition_] 
  (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ