Aug 16, 2013

တပ်မတော် မြေသိမ်းမှုများ ဆက်မဆွေးနွေးရန် နာယကသစ်သူရဦးရွှေမန်း တားမြစ်

တပ်မတော်မှလယ်ယာမြေသိမ်းဆည်းခြင်းကိုလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းသည် တပ်နှင့် ပြည်သူကြားတွင်  သွေးခွဲမှုဖြစ်နိုင်သောကြောင့် ဆွေးနွေးခြင်းမပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သဘောတူလက်ခံကာ ဆက်လက်ဆွေးနွေးခြင်းမပြုရန် တားမြစ်လိုက်သည်။

နာယကကြီးရဲ့ မှတ်ချက်အရ နိဂုံးချုပ်ပါလို့ ပြောခြင်းသည် ဆက်လက်မဆွေးနွေးပါနဲ့လို့ အဓိပ္ပာယ်ရတယ်လို့ ပြောတယ်။ တပ်မတော်နဲ့ပတ်သက်လို့ မဆွေးနွေးပါနဲ့ ကျန်တဲ့ကိစ္စရှိရင် ဆက်လက်ဆွေးနွေးပါ”ဟု သူရဦးရွှေမန်းက ပြောကြားသည်။



သြဂုတ် ၁၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က တပ်မတော်တပ်ရင်းတပ်ဖွဲ့များက ပြည်သူများ၏မြေယာများ သိမ်းဆည်းခြင်းကို ဆွေးနွေးစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်ဦးလွင်က ဆွေးနွေးမှုကိုခွင့်မပြုရန် ၀င်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တပ်မတော်က မြေသိမ်းဆည်းမှုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းအပေါ် “တပ်မတော်ကို ပြည်သူနဲ့အကြားမှာ သွေးခွဲမှုဖြစ်အောင် အကြိမ်ကြိမ်ပြောဆိုနေတဲ့သဘောမျိုး သက်ရောက်တဲ့အတွက် နာယကကြီးအနေနဲ့ တားမြစ်ပေးပါရန်နှင့် ဒီဆွေးနွေးမှုများကို မှတ်တမ်းတင်ခြင်းမှ ပယ်ဖျက်ပေးပါရန် ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်”ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်လွင်ဦးက တင်ပြခဲ့သည်။

နာယကကြီးဦးဆောင်တဲ့ ဒီပွင့်လင်းမြင်သာမှုရှိတဲ့လမ်းကြောင်းကို ပေးနေတဲ့အချိန်မှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ဒီလို အထင်အမြင်လွဲမှားစေအောင် ဟန့်တားတဲ့ အပြုအမူမျိုးကတော့ မလိုလားအပ်ဘူးလို့ တင်ပြလိုပါတယ်။ ကျွန်တော်ဆွေးနွေးတာကလည်း တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေကို ထိခိုက်နစ်နာအောင် တစ်လုံးတစ်ပါဒမှ မပါဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကလည်း ပြည်ထောင်စုလွှတ်တော်နာယကထံတင်ပြခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တင်ပြမှုများသည် အမှန်တရားဖြစ်နေကြောင်း၊ အပြစ်ရှာရန်မဟုတ်ဘဲ အဖြေကိုဝိုင်းရှာပြီး ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်းသုံးကို သြဂုတ် ၁၅ ရက်က ဆွေးနွေးခဲ့ကြသည်။

From:[_ 7Day News Journal _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ