ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်မြို့၊ကမ်းနားလမ်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်တွင်MyanmarMAAHKaWa
(မအဲခ၀)အမည်ရှိဂျပန်ပိုင်အထည်ချုပ်စက်ရုံတစ်ခုကိုတရားမ၀င်လာရောက်ဖွင့်လှစ်ထားကြောင်းသိရှိရသည်။ထိုစက်ရုံတွင်အလုပ်ချိန်မနက် ခြောက်နာရီခွဲမှ နေ့လည်တစ်နာရီခွဲ၊ နေ့လည်တစ်နာရီခွဲ မှညကိုးနာရီခွဲ အလုပ်ချိန်နှစ်ချိန်ရှိသည်။
ဝန်ထမ်း ၃၈ ယောက်ခန့်ထားရာ ရုံးဝန်ထမ်းမှအပ ကျန်စက်ချုပ်ဝန်ထမ်းများကို လစာ တစ်သိန်းနှစ်သောင်းဖြင့် အလုပ်ခန့်ခဲ့ပြီး အမှန်တကယ်မှာ လစာခြောက်သောင်းသာပေးခဲ့သည်။
ထို့အပြင် ဂျပန်သို့ ပညာတော်သင်ရန် လွှတ်မည်ဟုပြောကာ ပတ်စပို့များပြုလုပ်ခိုင်းပြီး ၀န်ထမ်းများအားလိမ်ညာခဲ့သည်။ အခွန်ရှောင်လိုသဖြင့် ယခုအခါ မြန်မာ သီတာအမည်ပြောင်းပြီး တရားမ၀င် ဖွင့်လှစ်ထားပါသည်။
ဝန်ထမ်းများအား သက်ဆိုင်ရာမှ လာရောက်မေးမြန်းလျှင် ဂျပန်မှ ၀ယ်ယူမည် ဖြစ်သဖြင့် ဂျပန်နည်းပညာလာပြကြောင်း ပြောကြားရန် မှာထားကြောင်းလည်းသိရသည်။
ထိုဂျပန်ပိုင် အထည်စက်ရုံအတွက် တာဝန်ယူထားသူများမှာ ရန်ကုန်ဆူးလေဘုရားအနီးရှိ ဗိုလ်ဆွန်ပက်တာဝါတွင် ဖွင့်လှစ်ထားသော VEVO ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ် အရောင်းလုပ်ငန်းပိုင်ရှင် ဦးရဲထွန်းနှင့် မဇင်မာထွန်း(ကမ္ဘာစိုးစတိုး ၊ပြည်ြမို့ ) တို့ဖြစ်ကြောင်းသိရသည်။ အလုပ်သမားများ၏ရပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် အခွန်ရှောင်ဖွင့်လှစ်ထားခြင်းတို့ကို သက်ဆိုင်ရာမှ အရေးယူပေးပါရန် အသိပေးအပ်ပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။