၂၀၁၂ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေ
အမှတ်အနီး ၁၁၆၆ စင်တီမီတာအနီးသို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။ မြစ်ရေကြီးလာမှုကြောင့်
လယ်ကုန်း၊ ရမ်ပူရပ်ကွက်တွေမှာ ရေ ၄ပေခန့် တက်လာလို့ အိမ်ထောင်စု(၂၀) ကျား/မ ၁၀၀ ကျော်ဟာ
ဆုထူးပန် ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရှိရပါတယ်။
အလားတူ မြို့သစ်ကြီးရပ်ကွက်မှာလည်း ရေ ၅ပေ လောက်တက်လာလို့ အိမ်ထောင်စု ၁၄၀ကျော်နဲ့
လူဦးရေကျား/မ၇၀၀ ကျော်ဟာအောင်ဇေရန်အောင်ဘုန်းကြီးကျောင်းကုတိာဝန်ရှိသူတွေက ပြောင်းရွှေ့
နေရာချထားပေးပြီးတော့ နေထိုင်စားသောက်ရေး၊ သောက်သုံးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ
ဆောင်ရွက်ပေးထားကြောင်း သိရှိရပါတယ်။ စစ်တပ်ကလည်း ရေးဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို
ကူညီလုပ်ကိုင်းပေးတာတွေ၊ဆန်အိတ်တွေကိုလည်းလှူဒါန်းဒါနဲ့ စစ်တပ်ကဆရာဝန်တွေကလည်းဆေးကုသ
မှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ ရေးဘေးသင့်သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
__________________________________________________________________________
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။