Jun 25, 2012

ဘယ်သူအတွက်လဲ.....? ( အပိုင်း-၁)

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သာယာချမ်းမြေ့စရာ၊ အဖိုးတန် ရတနာတွေနဲ့ ပျော်ရွှင်စရာနေရာတစ်ခုကို ပြပါဆိုရင် ကချင်ပြည်နယ်ကိုပြရမှာဖြစ်ပါတယ်။ ရေခဲတွေ တစ်နှစ်ပတ်လုံး ဖုံးလွမ်းတဲ့ တောတောင်တွေရှိတာ ဘယ်နေရာမှာရှိသလဲ? အဖိုးတန် ရတနာတွေ ရှိတာ ဘယ်ပြည်နယ်လဲ? ရိုးသားတဲ့ တိုင်းရင်းသားတွေ ယဉ်ကျေးသိမ်မွေ့တဲ့ လဏ္ခာတွေ၊ လှပတဲ့ နေရာဒေသတွေနဲ့ပြည့်စုံတဲ့ပြည်နယ်ဆိုတာ ဘယ်နေရာမှရှိပါသလဲ? ဒါတွေနဲ့ ပြည့်စုံပြီး သာယာလှပတဲ့နေရာဟာ ကျွန်တော်တို့ကချင်ပြည်နယ်ပါ။ 





  ဒီလိုလှပသာယာချမ်းမြေ့လှတဲ့ ကျွန်တော်တို့ကချင်ပြည်နယ်ကြီးဟာ အတ္တကြီးမားပြီး တကိုယ်ကောင်းဆန်ကိုယ်ကျိုးကြည့်တဲ့ KIA ခေါင်းဆောင်ကြီးတွေကြောင့် အခုဆိုရင် ဖွံဖြိုးတိုးတက်မှုတွေနောက်ကျပြီး ပြည်သူအပေါင်း ဒုက္ခတွေဝေခဲ့ပါပြီး ကချင်ပြည်နယ် အတွက်သာယာလှပပြီး ၀င်ငွေတွေ အများဆုံးရရှိတဲ့ ဖားကန့်မြို့လေးကလည်း အရင်က ကျောက်တူးသမားတွေ၊ ကျောက်ကုမ္ပဏီကြီးတွေ၊ ဈေးဆိုင်တန်းတွေနဲ့ စည်စည်ကားကား မရှိတော့ဘဲ အကျည်းတန်နေပါပြီး၊ KIA ဗဟိုရဲ့ ရံပုံငွေ၊ ကချင်ပြည်နယ် ကောင်းစားရေး အတွက်ဆိုပြီး  မေလ ၁၈လရက်နေ့မှာ ရင်း(၆)မှ တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲက ကျောက်စိမ်း လုပ်ကွက် တွေကိုနှစ်စဉ်ကြေး တစ်ဧက ကို သိန်း(၅၀)၊ ဘက်ဟိုးအကြီး တစ်စီးသိန်း(၂၀)၊ ဘတ်ဟိုး အသေးတစ်စီးကို (၁၀) သိန်းကို အတင်းအဓမ္မ တောင်းခံခဲ့ ပါတယ်။ တောင်းခံတဲ့ ငွေတွေကိုမပေးဘူး ဆိုရင်တော့ စက်ယန္တရားတွေနဲ့ အဆောက်အအုံတွေကို ဖောက်ခွဲ ဖျက်ဆီးပြီး လူတွေရဲ့ အသက်ကိုအန္တရာယ် ပေးတဲ့အထိပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကြောင့်မို့ဖားကန့်မှာရှိတဲ့ ကျောက်စိမ်း ကုမ္ပဏီ တွေဟာ မေလ ၂၈ ရက်မှာ စက်ယန္တရားတွေအားလုံးကိုပါ ယူဆောင်သွားကြပြီး လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းခဲ့ ပါတယ်။

 ကိုယ်ပိုင်အသေးစား ရွှေတူးဖော်၊ ရွှေကျင်နေတဲ့ သူများတွေကိုလဲ တဲတစ်တဲကို ငွေ၁သိန်းစီ ၁လတစ်ခါပေးသွင်းဖို့ KIA က အမိန့် ထုတ်ထားတဲ့ အတွက် ရွှေတူးတဲ့သူတွေ ရွှေကျင်တဲ့သူတွေလဲ ပြန်ကုန်လို့ ဒေသခံတွေလဲအလုပ်လက်မဲ့ ဖြစ်ကုန်ကြပါပြီး၊ ဖားကန့်မြို့ရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ ကျောက်စိမ်းနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အတွက် ဖားကန့်မြို့လဲ အသက်မရှိတော့တဲ့ သုသာန်တစပြင်ကဲ့သို့ ခြောက်သွေ့နေပါတယ်။ အရင်တုန်း က ဈေးဆိုင်တွေ၊ ကျောက်တူးသမား၊ ရွှေတူးသမားတွေနဲ့ စီးပွားရေးအလွန် ကောင်းတဲ့ ဖားကန့်မြို့လေးမှာ အလုပ်သမားတွေ တစ်နေ့လုပ်မှတစ်ရက်စားရတဲ့ ဒေသခံ တွေမှာလဲ စားစရာ သောက်စရာတွေ တောင်မရှိကြတော့ပါဘူး။ နောက်ဆုံးရိုင်းရိုင်းပြောရရင် ဖာ တွေတောင်----------------အဆင်မပြေ ကြတော့ပါဘူး။
ကချင်ပြည်နယ်အစိုးရက ပြည်နယ်ကထွက်ရှိတဲ့ သယံဇာတတွေ၊ အခွန်ငွေတွေနဲ့၊ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်တွေကို တက်နိုင်သလောက် ဆောင်ရွက်ပေးနေပါတယ်။ ယခင် စစ်အစိုးရလက်ထက်ကလဲ ကချင်ပြည်နယ် တိုးတက်ရေးအတွက် လမ်းတွေ၊ တံတားတွေ တည်ဆောက်ပေးခဲ့တယ်ဆိုတာ ပြည်သူတွေအသိပါဘဲ။ ဒါပေမယ့်လဲ KIA အဖွဲ့က ဆောက်ပြီးသား တံတားတွေကို မိုင်းခွဲ၊ ဖောက်ပြီးသား လမ်းတွေကိုဖျက်လိုဖျက်ဆီး လုပ်ခဲတာ လက်တွေ့ပါဘဲ။ ဒီလိုလုပ်တာတွေဟာ ကချင်ပြည်သူတွေအတွက်လား ………..???
လက်ရှိအစိုးရက ပြည်နယ်အတွင်း ရရှိတဲ့ အခွန်အကောက်တွေကို ပြည်နယ် ဖွံ့ဖြိုးရေးအတွက်အသုံးချခဲ့ပေမယ့်၊ ကချင်တွေကိုချစ်ပါတယ်ဆိုတဲ့ KIA ခေါင်းဆောင်ကြီး တွေက အခုလိုများပြားလှတဲ့ ငွေတွေကို ဘယ်နေရာမှာသွားရောက်အသုံးချနေတာလဲ??? ကချင်ပြည်နယ်မှာ လမ်းတွေဘယ်လောက် ဖောက်ခဲ့ဘူးလဲ??? တံတားဘယ်နှစ်စင်း ဆောက်ခဲ့ဘူးလဲ??? ကချင်ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ဘူးလဲ??? ဆိုတာသေချာ ပြန်ကြည့်တော့ ရေရေရာရာမတွေ့ရပါဘူး။ လမ်းတံတားတွေကို မလုပ်ဆောင်ပေးတဲ့အပြင် မိုင်းထောင်ဖောက်ခွဲမှုတွေတောင် နေ့စဉ် ရက်ဆက်လုပ်ဆောင်နေပါသေးတယ်။ဒါကြောင့် ပြည်သူတွေသွားလာရေးခက်ခဲ၊ စီးပွားရေး လုပ်ငန်းတွေ ကျဆင်းပြီး ကုန်ဈေးနှုန်း တွေလဲ ကြီးတဲ့ဒဏ်တွေကို ခံနေရပါတယ်။ ကချင်ပြည်နယ် ကောင်းစားရေး ဆိုတာ        ဒါတွေဘဲလား ……???




KIA အောက်ခြေတပ်ဖွဲ့ဝင်တွေကိုထောက်ပံ့ပေးနေသလားလို့မေးပြန်ရင်လဲ KIA တပ်ဖွဲ့ဝင်တွေဟာ ရိက္ဖာနဲ့ဆေးဝါးတွေပြည့်ပြည့်၀၀ ထောက်ပံ့မှုတွေမရရှိတဲ့အတွက် မိမိတို့ရဲ့စားဝတ် နေရေးကိုဖြေရှင်းဖို့ ဒေသခံရွာသားတွေထံမှနေ လုယက်စားသောက် နေရတဲ့ဘ၀ကို ရောက်နေကြရပါတယ်။ ဒါဆိုရင် KIA က ကောက်သွားတဲ့ အခွန်အကောက် သန်းပေါင်း ထောင်ချီတဲ့ငွေတွေက ဘယ်တွေကိုရောက်ကုန်နေတာလဲ KIA တပ်ဖွဲ့အတွက် လက်နက် ခဲယမ်းတွေဝယ်ပြီး ကျန်တဲ့ အခွန်အကောက်ငွေတွေက KIA ခေါင်းဆောင်ကြီး တွေဆီ ရောက်နေတာလား ……???
          အောက်ခြေ KIA တပ်ဖွဲ့အတွက်လဲ လိုအပ်တဲ့ထောက်ပံ့မှု မလုပ်ပေးနိုင်သလို ကချင်ပြည်နယ်ကောင်းစားရေးဖွံဖြိုးတိုးတက်ရေး အတွက်လဲ ဘာတစ်ခုမှမလုပ်ပေးတဲ့ KIA ခေါင်းဆောင်ကြီးတွေဟာ သူတို့မိသားစု တွေပိုချမ်းသာသထက် ချမ်းသာအောင် လက်နက်ကိုင်ပြီး အကြမ်း ဖက် လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ ကချင်ဒေသခံ အားလုံးက မြင်နေကြပါပြီ။ ဒါကြောင့် KIA အဖွဲ့ရဲ့ လုပ်ရပ်တွေက ဘယ်သူအတွက်လဲ??? ----  ကချင်ပြည်သူတွေ အတွက်လား ……?  KIA ခေါင်းဆောင်တွေ အတွက်လား……..?

(မြန်မာပြည်သား)

___________________________________________________________________________



Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ