Jun 28, 2012

ထမင်းစားရဖို့အတွက် မိုးရာသီမှာ ထွန်းယက်စိုက်ပျိုးခွင့်မရတဲ့ KIA တပ်ဖွဲ့ဝင်များ


ကချင်ပြည်နယ်အတွင်း မိုးကျလာပြီဖြစ်သဖြင့် KIA (ကချင်)လက်နက်ကိုင်အဖွဲ့ ရင်း(၂၅)မှ တပ်ဖွဲ့ဝင်အင်အား ၂၀ဦးအား မိမိတို့ ကိုယ်ပိုင်လယ်ယာများ စိုက်ပျိုးနိုင်ရန်အတွက် ၄င်းတို့နေထိုင်ရာ မြို့သစ်ကျေးရွာ ၀န်းကျင်တစ်ဝိုက်သို့ ဇွန်လ ၁၀
ရက်နေ့က ပြန်လည်စေလွှတ်လိုက်ကြောင်း သတင်းများ ရရှိခဲ့ပါတယ်။
 
KIA တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိမိုးထဲရေထဲမှာ စားစရာနဲ့အမိုးအကာ အလုံအလောက်မရှိလို့ ဖျားနာ နေသူများများပြားနေတဲ့အပြင် အထက်ကလည်းစစ်ကြောင်းတွေကို ပစ်ခတ်ဖို့ဆက်လက်တွန်းအားပေးနေတာကြောင့် တပ်ဖွဲ့ဝင်
အချို့ဟာ လယ်ယာမြေမရှိဘဲ ခွင့်ယူထွက်ပြေးနေတာကို သိရှိရပါတယ်။ ဒါကို KIA ရင်း(၂၅)ရင်းမှသိသွားလို့ ခွင့်ယူချက်တဲ့လူရှိရင် လယ်ယာမြေပိုင်ဆိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အာမခံပေးမှသာ ခွင့်ပေးမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်
ခဲ့တဲ့အတွက် ကျေးရွှာအုပ်ချုပ်ရေးမှူးများအကြိုက် ဈေးကွက်တစ်ခု ပေါ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် လက်ရှိလယ်ယာမြေမရှိဘဲ ထွက်ပြေးနေသူများအား ရင်း(၂၅)မှ တပ်ကြပ်ကြီး လရိန် ဦးစီးအဖွဲ့နဲ့ ၁၈ ရက်နေ့မှ မြို့သစ်ကျေးရွာသို့ လာရောက်ရှာဖွေ
လျက်ရှိကြောင်း ရွာသားတစ်ဦးက KDN သတင်းထောက်တစ်ဦးအား သတင်းပေးပို့ထားပါတယ်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ