Jun 26, 2012

သိန်းစိန်သစ်ခွလေးသာ စိုက်စေချင်ရဲ့

တကယ်ဆိုမလိုဘူးညီလေး
ကွက်ကြားမိုးထဲက ရွှေရောင်တွေ..ဖဲကြိုးတွေ
အို..တကယ်မလိုဘူး..ညီလေး..
မြောက်ဝင်ရိုးစွန်းက ရေခဲကျွန်းက Greenland လို့ခေါ်ပြီး
နော်ဒစ်ပင်လယ်ထဲက မီးတောင်ကျွန်းကို Iceland ဆိုတတ်တဲ့ တလွဲ လူဖြူတွေထဲက တစ်ယောက်ကလေ
ဒိုင်းနမိုက်ထွင်ပြီးမှ နောင်တရသတဲ့ ညီလေးရေ...ထန်းလျှက်လုံးလောက် ယမ်းနဲ့ လူသတ်နေတဲ့ အချိန်..ဒိုင်းနမိုက်ထွင်လိုက်ရင် သွေးပိုစွန်းမှာကို သူမသိခဲ့လေလားကွာ.မေးခွန်းတွေတစ်ဆို့နေတဲ့ လည်ချောင်းထဲက အသံသာ ထွက်ခွင့်ရှိရင် မေးချင်ပါရဲ့..လူသေတွေရဲ့ ဝိညာဉ်တွေနဲ့ သွန်းလောင်းတဲ့ ဒင်္ဂါးပြားက..ငြိမ်းချမ်းရေးဆုတဲ့လားကွာ...။

ဒါတင်ပဲလား ညီလေးရေ ။
မရှိခြင်း ပုံပြင်တွေထဲမှာမှလေ..
စစ်ပွဲတွေ ရှိနေတဲ့ အရပ်မှာ အဲဒီ ဒင်္ဂါးဝိုင်း တစ်ဝိုင်း ရှိတယ် ။
အဓိကရုဏ်းတွေ ရှိနေတဲ့ အရပ်မှာ အဲဒီ ဒင်္ဂါးဝိုင်း တစ်ဝိုင်း ရှိတယ် ။
ညီရယ်...ကိုနားမလည်တာက....အဲဒီဒုက္ခထမ်းပိုးတဲ့ လူတွေ အဲဒီ ရွှေရောင် ဒင်္ဂါးဝိုင်းကို
ရေစိမ်သောက်..ကချင်တွေ ရခိုင်တွေရဲ့ လတ်တလော ဝမ်းမီးတောက်ကို ငြိမ်းနေကြသလားပေါ့..။
" ကျမ တို့ ကျမတို့ " အစချီပြီး ခေါင်းဆောင်မှူ လက်ဆွဲ စာအုပ်တွေထဲက စကားလုံးတွေ အလွတ်ကျက်
လူစုံတာနဲ့ နှူတ်ဆက်လက်ပြ မိုက်ခဲတတ်တဲ့ ကြက်တူရွှေး တစ်ကောင်ထက်
" ခင်ဗျားတို့ကို မကျွေးနိုင်ပဲနဲ့ ကျုပ်တို့ အစိုးရ မလုပ်ဘူး " ဆိုတဲ့ တိုက်ပုံ တစ်ထည်ရဲ့ပြတ်သားမှူက
ပို မကောင်းလား ညီလေးရယ် ။
တစ်ယောက်သော ..ဝပ်ရှော့ဆရာတစ်ယောက်ကို တွေ့ဖူးပါရဲ့။ အနှစ် ၂၀ ကျော်.. ဟိုပြင် ဒီပြင်နဲ့ ပြက္ခဒိန် စာရွက်ထဲက ..ဂဏာန်းသချာင်္သင်္ကေတ တွေ.. တန်ဖိုးတတ်လာရဲ့..ဒင်္ဂါးဝိုင်းတွေ တိုးလာရဲ့..စက်သွား တစိတ်တောင်... ကောင်းမလာတဲ့ ..ဝပ်ရှော့ဆရာတစ်ယောက်ပေါ့ ညီလေးရယ် ။ကမ္ဘာ့သမိုင်းထဲမှာတော့
တူ ကိုင်တဲ့ ပြင်ဆင်ရေး ..ဝပ်ရှော့ဆရာတစ်ယောက် ..ဒင်္ဂါးဝိုင်းတွေ ရပြီးနောက် WAR & PEACE စာအုပ်ရဲ့ဒေသကြီး ကြွေကျတဲ့ ..ပင်မှည့် ဥသျှစ်သီး ဖြစ်ဖူးခဲ့လေရဲ့...(အင်း.ဒါပေမယ့် သူပြင်တဲ့ တချို့စက်သွားတော့ လည်ပတ်လိုက်ပါသေးတယ်)။ဒါတွေဟာ..သိမ်းငှက်တစ်ကောင်ရဲ့ အတောင်ခတ်သံတွေ.ကြက်ခြေခတ်တွေအပေါ်က သရဖူတစ်ခုတို့ရဲ့..လက်သည်း အစွန်းတွေပေါ့ညီလေးရယ် ..။ကိုတို့မေ့နေကြတယ် ညီလေးရယ်...။ B-52 မှာ ကလပ်စမာ ဗုံးတွဲ နဲ့ Eurofighter Typhoon FGR4 တွေမှာ Storm Shadow(scalp EG) ဆိုတဲ့ ဒုံးတွေ အပြင် အဲဖရက်နိုဘယ် ရဲ့ခေါင်းပါ ချိတ်လို့ရတယ် ..ဆိုတာ..မင်းရော ငါရော..မေ့နေကြတယ်နော်..။

 ညီလေးရေ..မြန်မာပြည်ဟာ မျှော်လင့်ခြင်းကို ..ရှာဖွေနေသတဲ့..။ခက်တာကတော့..မျှော်လင့်ခြင်း ဆိုတဲ့
မှင်စာကို ဝှက်ထားတဲ့ ..ပန်ဒိုရာ သေတ္တာကို ဒဏ္ဍာရီထဲအထိ ရူးသွပ်နေကြတာပဲလေ...တကယ်လို့များ
ပန်ဒိုရာ သေတ္တာသာ ရှိနေမယ်ဆိုရင်..သူဘာသာ ဂရိပုံပြင်တွေ ရောမ သမိုင်းတွေ..အိပ်ယာဝင်.ပုံပြင်တွေ.သမိုင်းဆရာတွေ..သူတို့တွေနဲ့အတူတူ.. ဥရောပမှာ ထားခဲ့လိုက်တာ.ကောင်းမယ်နဲ့တူပါရဲ့...
သက္ကရာဇ် ၂၀၀၀ အကျော် မှာ အသက်ရူနေတဲ့ မြန်မာလူတွေအတွက်..
ငါတို့ မျှော်လင့်ခြင်းတွေအတွက်..ပန်ဒိုရာ မလိုဘူး..ပန်ဒိုရာ သေတ္တာမလိုဘူး..ညီလေးရေ..။
အိမ်ရှေ့မှာ အိုးသစ်တစ်လုံးနဲ့ စိမ်းဝါရောင် သစ်ခွ စိုက်ကြစို့ရဲ့...။
မျှော်လင့်ခြင်းတွေ အတွက်...
လင်းရောင် နီဦး နိုးထမှူအတွက်...
ORCHID THEIN SEIN ....စိုက်ကြစို့ရဲ့...။

(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________________
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဦးသိန်းစိန်သာ ကျွန်တော်တို့ အဖေတစ်ယောက်ပါ

LEE DSA said...

LEE Pal DSA

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ