ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲအတွင်းရှိ လချိတ်၊လ၀မ်၊လီဆူးလူမျိုးများ၏ ကျောင်းသားကလေးငယ်များ
ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဆရာ/ ဆရာမခေါ်ယူနိုင်ရေးအတွက် ကျောင်းအကျိုးတော်ဆောင် ကော်မတီနာယက
ဦးဂျီဇုံးခေါမှ KIA ဗဟိုဌာနချုပ်၊ လိုင်ဇာရှိပညာရေးတာဝန်ခံ ဦးဆန်ွလွတ်ဂမ်နဲ့ သွားရောက်တွေ့ ဆုံဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။
ဟုတ်ပါတယ်… ကျွန်တော် ဇွန်လ ၁၃ရက်နေ့ကတည်းက လိုင်ဇာကိုသွားရောက်ခဲ့ပါတယ်။ ဇွန် ၁၅ရက်နေ့
လိုင်ဇာရောက်လာပြီး KIA ကပညာရေးတာဝန်ခံ ဦးဆွန်လွတ်ဂမ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ ဆဒုံး/ကန်ပိုက်တီးမှာရှိတဲ့ကျောင်းတွေအခြားမြို့နယ်များနည်းတူ ဖွင့်လှစ်လိုပါတယ်။ ဒါကြောင့် ကျောင်းဆရာ/ ဆရာမများကိုလည်း ကျွန်တော်တို့
ဒေသသို့ ဟိုအရင်ကလိုပဲ လာရောက်သင်ကြားဖွင့်လှစ်နိုင်ဖို့ တောင်းဆိုဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ ဦးဆန်ွလွတ်ဂမ်ကတော့ ကလေးငယ်များပညာရေးကို မိမိတို့အစီအစဉ်နဲ့ ပြုလုပ်ရမှာဖြစ်ပြီး ၄င်းတို့ရဲ့ကိစ္စမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ဒေသခံပြည်သူတွေရဲ့ ကိုယ်စားဆွေးနွေးခဲ့တာ ဒါနဲ့ဆို(၂)ကြိမ်ရှိပါပြီ။မအောင်မြင်ခဲ့ပါဘူးဗျာ။ ကျော်းဆရာ/ဆရာမတွေကလည်း အခုဆိုရင် ၀ိုင်းမော်မှာ ရှိကြပါတယ်။ ဒီဘက်ကိုမလာရဲကြပါဘူးဗျာ….ဟု ဦးဂျီဇုံးခေါမှ ပြောကြားခဲ့ပါတယ်။
အစိုးရအနေနဲ့ မြို့ရွာတွေမှာ ၀င်ထွက်သွားလာလုံခြုံမှုဆောင်ရွက်ပေးပေမဲ့
မြို့ပေါ်က KIA အမာခံတွေရဲ့ ရန်ကို ကြောက်ရတာကြောင့် ၀န်ထမ်းတွေမသွားရဲမလာရဲဖြစ်နေတာဖြစ်ပါတယ်။ KIA ကလည်း
ပြည်သူလူထုကို စစ်အင်အားအတွက်သာ တာဝန်ခံပြီး ပညာရေး၊ကျန်းမာရေးကိစ္စတွေဟာ သူတို့နဲ့ ဘာမှမဆိုင်ဘူးလို့ (ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်) ဦးဆွန်လွတ်ဝမ် ပြောစကားအပေါ် တာဝန်မဲ့အပြုအမူ ဖြစ်ပါတယ်။ ဆဒုံမြို့မှာ
ဂျိမ်းဖောမဟုတ်တဲ့ လချိတ်၊ လ၀မ်၊ လီဆူးစတဲ့ လူမျိုးများအများစုနေထိုင်တာဖြစ်တဲ့အတွက် ၎င်းလူမျိုးကလေးငယ်တွေရဲ့ပညာရေးကို KIA ဗဟိုမှ မဆောင်ရွက်မစီစဉ်ပေးတာဟာ ဂျိမ်းဖောလူမျိုးကြိးဝါဒကို လက်ကိုင်ထားနေတာဖြစ်တယ်လို့
ဆဒုံးမြို့ခံတစ်ဦးရဲ့ ရင်တွင်းခံစားချက်အား KDN သတင်းထောက်ထံဖွင့်ဟ၀န်ခံခဲ့ပါတယ်။
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။