Jun 29, 2012

မဟာဗမာဝါဒ အယူရှိတဲ့ ဒေါ်စုကို ကော်မရှင်က BURMA လို့မခေါ်ရန် သတိပေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်း အင်္ဂလိပ်ဘာသာဖြင့် 


မိန့်ခွန်းများ ပြောဆိုရာတွင် မြန်မာနိုင်ငံ၏ အမည် ‘Myanmar’ ကို ‘Burma’ ဟု ခေါ်ဝေါ် 

သုံးစွဲခဲ့သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံ 

သတိပေးလိုက်သည်ဟု သောကြာနေ့ထုတ် နိုင်ငံပိုင် 

သတင်းစာတွင် ဖော်ပြထားသည်။









 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂ တွင် နိုင်ငံတော်ကို


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေရမည် (The state shall be known as The 


Republic of the Union of Myanmar) ဟု သုံးစွဲရန် ပြဋ္ဌာန်းထားသဖြင့် Burma ဟု သုံးနှုန်းပြောဆိုခွင့် 


မရှိကြောင်း NLD ကို ဇွန် ၂၈ ရက်နေ့က သတိပေးလိုက်ခြင်း ဖြစ်သည်။



ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဇွန်လ ၁ ရက်နေ့က ကမ္ဘာ့စီးပွားရေး ဖိုရမ်၌ ပြောကြားသည့် NLD ဥက္ကဋ္ဌ၏ 



မိန့်ခွန်းတွင် နိုင်ငံအမည်ကို ‘Burma’ ဟု သုံးစွဲပြောဆိုခဲ့သဖြင့် ကော်မရှင်က ဇွန်လ ၁ ရက်နေ့တွင်ပင် 

NLD သို့ ကန့်ကွက်စာ ပေးပို့ထားခဲ့ဖူးသည်။

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲ 


ဥပဒေများကို လေးစားလိုက်နာရမည့် နိုင်ငံရေးပါတီတရပ်အနေနှင့် ဖွဲ့စည်းပုံ

 အခြေခံဥပဒေပါအတိုင်းသုံးနှုန်းရေးသား/ပြောဆိုရန်ထပ်မံသတိပေးလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကျွန်စော်နံတဲ့ကောင်မ ကို ဘာလို့ သတိပေးနေတာလဲ။ သူ့သမိုင်း သူရေး လိမ့်မယ်။ လွှတ်တော်ပါ ကျွန်စော်နံလိမ့်မယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ