Jun 25, 2012

ကချင်ပြည်နယ်အတွင်းမှ ပြည်သူတို့ အသံတွေ နားထောင်ပေးကြပါ

မဘိမ်းမြို့ စည်ပင်သာယာဈေးအတွင်းက ဒေသခံအချို့က ၄င်းတို့ဒေသမှာ အခုမိုးဦးကာလမှာ မိုးတွေ
သည်းထန်စွာ ရွာသွန်းမှုတွေကြောင့် လမ်းပန်း ဆက်သွယ်ရေးတွေခက်ခဲပြီး ယာဉ်တွေအနေနဲ့ သွားလာရေး မလွယ်ကူတဲ့အတွက် ဗန်းမော်၊ မန်စီကနေပြီး ဆန်၊စပါးနဲ့ အခြားသီးနှံတွေ ၀ယ်ယူရတဲ့ ကုန်သည်တွေက ၄င်းတို့ ၀ယ်ယူရရှိတဲ့ရောင်းကုန်တွေ လာရောက် ၀ယ်ယူနိုင်တာတွေ နည်းပါးတဲ့အတွက် စပါးဈေးနှုန်းတွေနဲ့ ဒေသထွက် သီးနှံဈေးနှုန်းတွေဟာ အရင်နှစ်တွေထက် လျော့နည်းလာကြောင်းနဲ့ ဒေသခံလက်လုပ်လက်စား အလုပ်သမားတွေနဲ့ တောင်သူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်မှာကို စိုးရိမ်နေကြကြောင်း စသည်ဖြင့် ပြောဆိုနေတာတွေကို ကြားသိရပါတယ်။

တနိုင်းမြို့ပေါ်မှာရှိတဲ့ ဒေသခံ ခရီးသည်/ယာဉ်မောင်းတွေအနေနဲ့ နမ္မတီး-ဒွန်ဘိုင်-တနိုင်းသွား ကားလမ်း
ကြောင်းတစ်လျှောက်မှာ သွားလာလျက်ရှိတဲ့ ကုန်တင်ယာဉ်ကြီးတွေအနေနဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ပြီး သွားလာရာမှာ လမ်းကြောင်းပေါ်မှာရှိတဲ့ တံတားတွေက အချိန်ကာလတွေ ကြာမြင့်လာတဲ့နဲ့အမျှ တံတားတွေ ဆွေးမြေ့ပြီး ခံနိုင်ဝန် စံနှုန်းတွေ ပြည့်မှီခြင်းမရှိတော့တာမို့ ယာဉ်တွေဖြတ်သန်း သွားလာရာမှာ တံတားကျိုးကျ ပျက်ဆီးမှုတွေဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒီလိုတံတားတွေခဏခဏ ကျိုးကျပျက်ဆီးနေတာကြောင့် ဒေသခံခရီးသည်တွေအနေနဲ့
လမ်းခရီး သွားလာရာမှာ အချိန်နှောင့်နှေး ကြံ့ကြာမှုတွေကြောင့် လိုရာခရီးကို အချိန်မှီရောက်ရှိခြင်းမရှိဘဲ အခက်အခဲတွေများစွာနဲ့ ကြုံ့တွေ့နေရပြီးတော့ အဲဒီလမ်းကြောင်းပေါ်မှာ သွားလာလျက်ရှိတဲ့ ယာဉ်ကြီး/ယာဉ်ငယ်တွေက တံတားကို ဖြတ်သန်းသွားရာမှာ တံတားရဲ့ခံနိုင်ဝန်အားကို စစ်ဆေးကြည့်ရှုပြီးမှသာ ဖြတ်သန်းပြီးတော့ သွားသင့်တယ်လို့ ပြောဆိုမှုတွေကို ကြားသိရပါတယ်။

မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာ မှာရှိတဲ့ ဒေသခံပြည်သူအချို့ကလည်း ၄င်းတို့ရွာမှာအထက(ခွဲ)ကျောင်း
မရှိတဲ့အတွက် ကလေးတွေကို တခြားကျေးရွာမှာရှိတဲ့ ကျောင်းတွေမှာ သွားရောက်ကျောင်း ထားကြရကြောင်း၊အဲဒီလို ဝေးဝေးလံလံမှာ သွားထားရလို့ နီးနီးနားနားမဟုတ်တဲ့အတွက် ကလေးတွေကို စိတ်မချနိုင်ကြောင်းနဲ့ ၎င်းတို့ရွာမှာ ကျောင်းမရှိတဲ့အတွက် ငွေကုန်ကြေးကျများစွာနဲ့ ပြင်ပကျောင်းတွေ ထားရတဲ့အတွက် ငွေကြေးအင်မတန် ကုန်ကျကြောင်းနဲ့ တစ်ချို့မိဘတွေဆိုရင် သူတို့ကလေးတွေကို ငွေကြေးတတ်နိုင်စွာ ကျောင်းမထားနိုင်ကြလို့ ကျောင်းကပင် ထုတ်လိုက်ကြရကြောင်း၊ ရွာမှာ အထက ကျောင်း ဆောက်နေတယ်ဆိုပေမဲ့လည်း မပြီးသေးဘဲကြာမြင့်နေတဲ့အတွက် ကျောင်းသားကျောင်းသူတွေ အနီးအနားလေးမှာ ပညာသင်ကြားနိုင်ဖို့ တာဝန်ရှိသူတွေအနေနဲ့လာရောက်ကာ လိုအပ်တာတွေကို ညွှန်ကြားကြည့်ရှုဆောင်ရွက်ပေးမယ်ဆိုရင် အဆင်ပြေချောမွေ့ မယ်လို့ ထင်ကြကြောင်း ပြောဆိုနေတာတွေကို ကြားသိရပါတယ်။

ဗန်းမော်မြို့မင်းလှရပ်ကွက်မှာရှိတဲ့ ကျောင်းသားမိဘအချို့လည်း ၄င်းတို့ သား/သမီးတွေအနေနဲ့
ကျောင်းကသင်ကြားတဲ့ သင်ခန်းစာတွေကို ကြိုးစားအားထုတ်မှု လျော့နည်းနေကြပြီး မူလတန်း/ အလယ်တန်း/အထက်တန်း ဆရာ၊ ဆရာမတွေရဲ့ ကြားပေါက်ဝင်ငွေတစ်ခုလို သင်ကြားနေတဲ့ ကျူရှင်/ဂိုက်တွေကို တက်ရောက်မှသာ ဘာသာရပ်ဆိုင်ရာရမှတ်တွေ အမှတ်များလာတာ ဖြစ်ကြောင်းနဲ့ ကျူရှင်တက်သူနဲ့ ကျူရှင် မတက်နိုင်သူတွေရဲ့ရမှတ်တွေဟာ ကွာခြားနေတဲ့အကြောင်း၊ ကျောင်းသား မိဘတွေက ၄င်းတို့ရဲ့ သားသမီးတွေကို ယုံကြည်မှုတွေလွဲမှားနေကြကြောင်းနဲ့ ကျူရှင်တွေနဲ့ ကျူရှင်သင်တဲ့ ကျောင်းဆရာ/ဆရာမတွေများလာတာကြောင့် ဖြစ်နိုင်တယ်လို့
ပြောဆိုတာ တွေကို ကြားသိရပါတယ်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ