Jun 28, 2012

အင်တာနက်ပေါ်တွင် KIA မှ အလင်းဝင်ရောက်ခဲ့သူတစ်ဦး၏ အင်တာဗျူးပျံ့နှံလျက်ရှိ

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှရှိတဲ့သူ ခေတ်လူငယ်တော်တော်များနဲ့ လုပ်ငန်းရှင်တွေ အားလုံး
လိုလိုက အင်တာနက်ကိုတွင်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။ အင်တာနက်က ခေတ်သစ်လူထု
ဆက်သွယ်မှု၊ သတင်းဖြန့်ချိရာနေရာတစ်ခုဖြစ်နေပါတယ်။ အခုလည်း KIA နဲ့ပတ်သတ်ပြီးတော့ KIA မှအစိုးရတပ်သို့အလင်းဝင်ရောက်ခဲ့တဲ့သူတစ်ဦးနဲ့ အင်တာဗျူးခဲ့တဲ့ Video File တစ်ခုရောက်ခဲ့ပြီး ၀င်ရောက်ကြည့်ရှုသူများ နေတဲ့
အတွက် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ၎င်း Video File ကို သွားကြည့်မယ်ဆိုရင် http://www.youtube.com/watch?v=jyi7DsPFsw4
သို့သွားကြည့်နိုင်ပါတယ်။


KIA တပ်ဖွဲ့ဝင်အတွင်းမှာ လူမျိုးရေးခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးကြည့်မှု
တွေကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များက စိတ်ဓာတ်ရေးရာကျဆင်းပြီး အခုလိုထွက်ပြေးနေကြတာဖြစ်ပါတယ်။ video
file ထဲမှာတော့ KIA အတွင်းမှ တပ်ကြပ်ကြီးတစ်ဦးဖြစ်တယ်လို့ပြောခဲ့ပါတယ်။ KIA အတွင်းမှာဖြစ်ပျက်နေတဲ့အရာတွေကိုဖြေကြားခဲ့ပါတယ်။ KIA က ဒေသခံတွေကို အမျိုးမျိုးဒုက္ခပေး၊ မိုင်းထောင်၊ မိုင်းခွဲတွေကိုလုပ်နေတဲ့အပြင်
တပ်ဖွဲ့အတွင်းမှာလဲ အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့ အရေးကိုဘာကိုမှမကြည့်ဘဲ ခေါင်းဆောင်ပိုင်းတွေက သူတို့ရဲ့မိသားစု ကြွယ်ဝချမ်းသာဖို့သာကြည့်ပြီး အောက်ခြေကတပ်ဖွဲ့ဝင်တွေက စားစရာမရှိ၊ နေစရာမရှိ ၊ ကုသဖို့ ဆေးဝါးမရှိဖြစ်နေရပါတယ်လို့ အလင်းဝင်ရောက်ခဲ့တဲ့သူက ပြောကြားခဲ့ပါတယ်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ