Jun 28, 2012

Post titleဘူးသီးတောင်မြို့တွင် မြစ်ရေကြီးမှုကျဆင်းသွားသော်လည်း ရေဘေးဒုက္ခသည်များ အိမ်မပြန်နိုင်သး

အင်္ဂါနေ့က မေယုတောင်မှကျသောရေနှင့် မေယု မြစ်ရေလွှမ်းမိုးမှုကို ခံထားရသော ဘူးသီးတောင်မြို့သည် ယနေ့ ရေကြီးမှုဒဏ် ဘေးအန္တရာယ်မှ လွတ်မြောက်သွားသော်လည်း လူနေအိမ်များမှာ ရွှံ့များဖုံးလွှမ်း နေသောကြောင့် ရေဘေးဒုက္ခသည်များမှာ အိမ်ကို ပြန်၍မရဖြစ်နေကြောင်း သိရှိရသည်။



မြစ်ရေကျဆင်းမှု အခြေအနေနှင့် ဒုက္ခသည်များ လက်ရှိအခြေအနေကို ဘူးသီးတောင်မြို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဇော်သန်းက " မြစ်ရေက ဒီနေ့မနက် ၅ နာရီက အနည်းငယ် ကျဆင်းပါတယ်။ ၈ နာရီ ၉နာရီလောက်မှ အကုန်လုံးကျဆင်းသွားပြီး ပုံမှန်အတိုင်း မြစ်ရေက စီးဆင်းနေပါတယ်။ ဒါပေမဲ့ မြစ်ရေဟာ မိုးမရွာလို့ ပုံမှန်ဖြစ်သွားတာပါ။ မိုးရွာရင်တော့ ရေဘေးမှ လွတ်မြောက်တယ်လို့ အာမ မခံရဲပါဘူး။ ဒုက္ခသည်တွေကတော့ အကူအညီတွေလိုအပ်နေတာပါပဲ။ ကျန်းမာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေးပေါ့။ ရွှံ့တွေဖုံးလွှမ်းနေတဲ့အိမ်ကို ဒုက္ခသည်တွေက ကိုယ်အိမ်ကိုယ် ပြန်လည် ရှင်းလင်းနေရပါတယ်။ အဲဒါကြောင့် ဒုက္ခသည်တွေအနေနဲ့လည်း ကိုယ်အိမ်မှာကိုယ်ပြန်လည် နေလို့ရအောင် ရွှံ့တွေဖုံးအုပ်နေတဲ့ လူနေအိမ်တွေကို သက်ဆိုင်ရာ အာဏာပိုင်များကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေချင်ပါတယ်။ " ဟု ပြောသည်။

ဘူးသီးတောင်မြို့ ဒေသခံများမှာ စီးပွားရေး၊ သိုလှောင်ထားသော ဆန်စပါးများနှင့် လယ်ယာများမှာ မြစ်ရေကြီးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားကြပြီး ရပ်ကွက် ၂၊ ၃၊ ၄ ကတော့ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်တဲ့အတွက် မြို့ပေါ်ဒေသခံများမှာ အိုးအိမ်များပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများဖြစ် နေကြောင်း သိရှိရသည်။

ရေလွှမ်းမိုးမှုကိုခံလိုက်ရသော ဘူးသီးတောင်မြို့တွင် စုစုပေါင်းဒုက္ခသည် ၉၆၇ ကျော်ရှိပြီး ၄င်းဒုက္ခများကို မ.ယ.က (အထွေထွေအုပ်ချုပ်ရေးမှူး)မှ ဦးဆောင်ပြီး ကယ်ဆယ်ရေးဒုက္ခသည်စခန်း ၃ ခုက နေရာအသီးသီးမှာ ယာယီနေထိုင်ခွင့်ပေးထားပြီး ကျန်းမာရေးကို မြို့ပေါ်ကြက်ခြည်နီအသင်းက တာဝန်ယူ လုပ်ဆောင်ပေးလျက်ရှိကြောင်းဇော်သန်းပြောပြအချက်အရ သိရသည်။

ဘူးသီးတောင်မြို့တစ်ခုလုံးသာမက ဘူးသီးတောင်မြို့နယ် တောင်ဘာဇာကျေးရွာ၊ ပြင်ရှည်ကျေးရွာ၊ ၀န်းတော ကျေးရွာ၊ ကွန်ဒိုင်ကျေးရွာ စုစုပေါင်း ကျေးရွာပေါင်း ၇ရွာမှာမြစ်ရေလွှမ်းမိုးမှုခံရခဲ့ပြီး လူဦးရေ ၈၀၀ကျော်ခန့် ဒုက္ခရောက်နေကြောင်း၊ ယင်းကျေးရွာများမှာ ဘူးသီတောင်မြို့နှင့် ၆မိုင်ခန့်ဝေးကွာပြီး သောက်သုံးရေ၊ စားဝတ်နေရေး အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရှိရသည်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ