Jun 15, 2012

စစ်တွေမြို့ပါဒလိတ်ရှိုတ်ရပ်ကွက်အားဘင်္ဂလီများက မီးရှို့ဖျက်ဆီး

လူမျိုးရေး ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့သူကြီးနယ်မြေ ပါဒလိတ်ရှိုတ်ရပ်ကွက်ရှိ ရခိုင်နေအိမ်များအား ဘင်္ဂလီများက မီးရှို့ဖျက်ဆီးနေကြကြောင်း ဒေသခံ ရခိုင်တိုင်းရင်းသားများက မြန်မာစံတော်ချိန် ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင် ဆက်သွယ် ပြောဆိုသည်။

ပါဒလိတ်ရှိုတ် ရပ်ကွက်အတွင်းရှိ ဘင်္ဂလီများမှာ လူမျိုးရေး ပဋိပက္ခများကြောင့် ပြီးခဲ့သည့်အပတ်အတွင်းက ထွက်ပြေးသွားခဲ့ကြပြီးနောက် ညလူချေတိတ်ချိန်တွင် ရပ်ကွက်အတွင်း ပြန်လည်ဝင်ရောက်လာကာ ဓာတ်ဆီပုလင်းများ ပစ်ပေါက်၍ ရခိုင်နေအိမ်များအား မီးရှို့ကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မီးလောင်မှု ကြီးမားပြီး မီးညွန့်များ မြင်တွေ့နေရကြောင်းနှင့် သေနတ်သံများလည်း ကြားရကြောင်း ဒေသခံများက ဆိုသည်။

မီးလောင်နေခြင်းအား ဒေသခံများက ၀ိုင်းဝန်း ငြိမ်းသတ်လိုသော်လည်း ညမထွက်ရအမိန့်ကြောင့် အပြင်မထွက်ရဲကြပဲ ဖြစ်နေသည်။

နံနက် ၁ နာရီခန့်က စတင်လောင်ကျွမ်းခဲ့သည့် မီးများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နံနက် ၂ နာရီခန့်အချိန်တွင် အလိုအလျှောက် မီးညွှန့်ကျိုးသွားကြောင်း သိရသည်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ