Jun 15, 2012

စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ခုကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်

၂၀၁၂ ခုနှစ် ဇွန်လ(၁၅)ရက်နေ့မှ စတင်၍ စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ခုကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးတင်ကြပ်ရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။ 
တားမြစ်ထားသည့်ရပ်ကွက်(၄)ခုမှာ နာဇီရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက် တို့ဖြစ်ကြောင်းသိရသည်။ အဆိုပါ တားမြစ်ထားသည့်ရပ်ကွက်(၄)ခုအတွင်းနေထိုင်သော လူမျိုးခြားများမှာပြင်ပသို့ထွက်ခွာခြင်းမပေးကြောင်း၊ ထို့အတူပြင်ပမှရခိုင်လူမျိုးများကိုလည်း အတွင်းသို့ဝင်ခွင့်မပြုကြောင်းသိရှိရသည်။ စစ်တွေမြို့နယ်အတွင်းရှိ နေအိမ်များကို မီးရှို့ရန်နှင့် ဆူပူအောင်ဆောင်ရွက်သူများနှင့်ကျူးလွန်သူဟု ယူဆသူများကို ဖမ်းဆီးစစ်ဆေးထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရှိ ကွပ်ကဲရေးရုံးမှ သိရှိရသည်။ ဇွန်လ(၁၃)ရက်နေ့နံနက်ပိုင်းတွင် (၄)ဦး၊ ညပိုင်းတွင် ၂၉ ဦး၊ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် (၂)ဦး၊ ညပိုင်းတွင်(၁၄) ဦးတို့ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါဖမ်းဆီးစစ်ဆေးနေသူများထဲမှ ၁၃ ဦးကို အာမခံပေးခဲ့ပြီး ကျန်လူများကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ဇွန်လ ၁၅ ရက်နေ့ မွန်လွဲ ၄ နာရီ ၁၈ မိနစ်တွင် သတင်းပေးပို့ပါသည်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ