Jun 15, 2012

မေစု ကြောင့် ဘူးသီးတွေ ဖရုံသီးဖြစ်သွားလေပြီ(ဖြစ်ရပ်မှန်)

ဖရုံသီးသဏ္ဍာန်သီးနေသော ဘူးသီး


ရွှေပြည်သာမြို့နယ်၊ ၁၀ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဈ(၃၄)အိမ်အမှတ် ၂၆(ခ)ဦးလှကျော်ထွန်း (တက်နေထွန်း ကုန်စုံဆိုင်ပိုင်ရှင်)၏ အိမ်နောက်ဖေး ဘူးစိုက်ခင်းတွင် ဖရုံသီးသဏ္ဌာန် အသီးတစ်လုံးသီးလျက် ရှိကြောင်းသိရသည်။ ၎င်းစိုက်ခင်းသည် ဘူးပင်(သီးရှည်)မျိုးဖြစ်ပြီး စိုက်ပျိုးခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။
 ''ဦးလေးဒီအပင်ကို  (မတ်လ) လောက်က စပြီးစိုက်ထားတာ။ဒီအသီးထူးခြားနေတယ်ဆိုတာ ဧပြီလလောက်ကမှ သိရတာပါ'' ဟုဦးလှကျော်ထွန်းက ပြောကြားသည်။

 ၎င်းအပင်တွင် ဘူးသီးအလုံး၆၀ ကျော်ခန့် သီးသော်လည်း ယင်းတစ်လုံးသာ ဖရုံသီးသဏ္ဌာန်ဖြင့်အဖတ်တင်ကျန်ရှိပြီး အခြားအလုံးများမှာ လုံးသေးအရွယ်၌ပင် ပုပ်ကုန်ကြောင်း သိရသည်။ ဦးတို့ကြားဖူးတဲ့ မြန်မာစကားပုံတစ်ခုရှိတယ်။ ဘူးဆိုရင် ဖရုံမသီးဘူးဆိုတာလေ။ အခုအဖြစ်ကအဲဒီ စကားပုံမှားတယ်လို့ ပြောရမလို ဖြစ်နေတယ်"ဟု ဦးလှကျော်ထွန်းက ပြောသည်။ အဆိုပါ အဖြစ်အပျက်သည် ၎င်း၏အသက်၅၆နှစ်အတွင်း ပထမဆုံး တွေ့ကြုံမြင်တွေ့ဖူးခြင်း ဖြစ်ကြောင်းသိရသည်။

မဲဆွယ်ကာလကတည်းက ပြည်တော်ပြန်မယ်ထွေး ဆိုတဲကတဘောင်ဟောင်းကြီးကိုင်ပြီး လုပ်စားပြခဲ့သော ဒေါ်စုအတွက် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များက အမှန်စောင်မကြည့်ရှမှူကြောင့် တကယ့်နမိတ်ပေးထွန်းခြင်းဟုယူဆပါသည် ။
တချိန်က ၉၀ ရလာဒ်ကို ဆွဲကိုင်ထားပြီး ယနေ့တော့ ၉၀ ရလာဒ် အရေးမပါတော့ ဆိုတာလည်း သူမ။၂၀၀၈ အခြေခံဥပဒေအပေါ် သဘောထားလည်း လုံးဝ ဘူး ပဲ နောက်တော့ သူမ ပဲ ဝင်လာတယ်။ ပါတီမှတ်ပုံတင်ရေး မလုပ်ဘူးဆို မလုပ်ဘူး နောက်တော့လည်း နေပြည်တော် ပြေးရတာပဲ။ရွှေးကောက်ပွဲဆိုလည်း ဘူးဆိုဘူး လုံးဝမဝင်ဘူး အကုန်ကြက်ခြေခတ်ကြ ဆိုကာပြောပြီးနောက် သူမပင် တနိုင်ငံလုံးသို့လှည့်ပတ်ကာ မဲ မဲ မဲ သာ လိုက်တောင်းနေတတ်တာလည်း
ဘူးဆိုဖရုံမသီးတဲ့ သူမ ။၊၊ကျမ်းသစ္စာကျိန်ဆိုရေးစာသးမပြင်ရင် မတတ်ဘူး..နောက်တော့လည်း ဒီအတိုင်း ဆိုတာပါပဲ ။အင်း...အဲဒါကြောင့်လည်း ဘူးတွေ ဖရုံတွေသီးကုန်ပါပေါ့လားဗျာ။


(မောင်ကျောက်ခဲ အဖွဲ့ဝိုင်းတော်သားများ)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

ကို သ စ္စာ ( မင်း မ နိုင် ) said...

ဒေါ်စုကြည် အကျွမ်းကျင်ဆုံး အလုပ်က ဘာဘဲဆိုတော့ နွဲ့ဆိုး ဆိုးတာပါပဲ။ သူနွဲ့ဆိုး အဆိုးကောင်းလို့ မြန်မာပြည် ပိတ်ဆို့မှုတော်တော်များများလည်း ခံခဲ့ရပြီးပြီး။ သူ့ကြောင့် ပိတ်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အစိုးရကြောင့်ပါလို့ လက်ညှိုးထိုးပြတော့
ကျွန်တော်တို့ သူငယ်ချင်း ၅ ယောက် ၀ိုင်းရီကြတာ လက်ဖက်ရည်ဆိုင်က ၀ိတ်တာလေးတောင် သဘောပကျလို့။ ၀ိတ်တာလေ ပြောတာအမှတ်ရသေးတယ် ။'''အကိုရာ ကိုယ့်ထမင်း ကိုယ်ရှာစားရတာပါပဲ ။ ဘယ်သူမှ ဆန်အိုးထဲ ဆန်းထည့်မပေးပါဘူး။ ဒေါ်စု ဒေါ်စုနဲ့ စုဖုရားလတ်လိုပဲ တိုင်းပြည် ဖျက်နေတာပဲလေ။ မောင် သီပေါ လို လူတွေက လည်း စုဖုရားပြောသမျှ ယုံတာပဲလေ။ ကိုယ်တိုင်မှ အစွမ်း အစ မရှိတာ။ မျောက်ပြပြီး ဆန်တောင်ရတာပေါ့ဗျာ''' မှတ်သားလောက်ပါတယ်။ ခုအခြေအနေဆိုရင် အဲ့ဒီဝိတ်တာလေ ဘာပြောနေမလဲ???????????????????????

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ