Jun 11, 2012

စစ်တွေမြို့နောက်ဆုံး သတင်းများ

 ဓည၀တီ (၈) ရပ်ကွက်တွင် လုံထိန်းနှင့် လက်နက်ကိုင် ဘင်္ဂါလီများအကြား အပြန်အလှန်ပစ်ခတ်မှုများ ယခု သတင်းရေးသားချိန် မွန်းလွဲပိုင်းတွင် ဖြစ်ပွားလျှက်ရှိသည်ဟု စစ်တွေမြို့ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုများ အတွင်း ယင်း(၈) ရပ်ကွက် မူဆလင်သင်္ချိုင်းအနီး အသက် (၂၂) နှစ်ရွယ် ရခိုင်အရပ်သား တဦးသေနတ်မှန်ကာ ယင်းဒဏ်ရာဖြင့် သေဆုံးသွားသည်ဟုလည်း ၎င်းမြို့ခံက ပြောသည်။
စစ်တွေမြို့ ဓညတီရပ်ကွက် မီးလောင်နေစဉ်
မကျည်းမြိုင်ရပ်ကွက် (၅) မီးလောင်နေစဉ်
မကျည်းမြိုင်ရပ်ကွက် (၅) မီးလောင်နေစဥ
ဓမ္မရာမ ကျောင်းတိုက်အား ဘင်္ဂလီများက ခဲ အုတ်ခဲ ဂျင်ကလိများနှင့်တိုက်ခိုက်သဖြင့် သံဃာတော် တစ်ပါး ဦးခေါင်းကွဲသွား၍ ထမ်းခေါ်လာစဉ်

ဘုန်းကြီးကျောင်း မီးရှို့ခံရ

 စစ်တွေမြို့ ရှိ စန္ဒလောက၊ ဇေယျမင်္ဂလာနှင့် ရတနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်းတို့ ယနေ့ မီးရှို့ခံထားရကြောင်း သိရသည်။

စစ်တွေမြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်အလုံအလောက်မရှိပဲ အချိန်မရွေး နေအိမ်များ မီးတင်ရှို့ခံရနိုင်ကာ အသက်အန္တရာယ်လည်း ရှိနေသည့်အခြေအနေဖြစ်သည်ဟု စစ်တွေမြို့ခံများက YPI သို့ပြောသည်။


Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ