Jun 13, 2012

ဆူပုမှူကို ထိန်းသိမ်းရန်ဟု ဆိုကာ ရခိုင်များထံမှ လက်နက်များသိမ်းနေ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကို ထိန်းသိမ်းနိုင်ရန်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား များက ရခိုင်တိုင်းရင်းသားများထံတွင် ရှိနေသော လေးခွများနှင့် ဒုတ်များကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိကြောင်း ရခိုင်တိုင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦးက ပြောကြားသည်။
ဘင်္ဂါလီတွေ သေနတ်နဲ့ပစ်နေတာ။ ဒီလိုသိမ်းလိုက်တော့ ကျွန်တော်တို့မှာ ခုခံစရာ ဘာမှမရှိတော့ဘူး” ဟု ၄င်းဆိုသည်။

လက်ရှိ စစ်တွေမြို့တွင် လုံခြုံရေးများလုံလောက်စွာ ချထားခြင်း မရှိသည့်အပြင် ပြန်လည်ခုခံနိုင်ရန်အတွက် ရှာထားသည့် လေးခွများ ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းနေသောကြောင့် ရခိုင်တိုင်းသားများမှာ ဆူပူအကြမ်းဖက်မှုဖြစ်ပွားပါက ပြန်လည် မခုခံနိုင်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောကြားသည်။

သူတို့ဆီက ဘာလက်နက်ကိုမှ သိမ်းဆည်းတာမတွေ့ရဘူး။ နဂိုကတည်းက ဆူပူထကြွနေတာ။ ဒီလိုလုပ်လိုက်တော့ ပိုဆိုးကုန်မှာပေါ့” ဟု ဒေသခံရခိုင်အမျိုးသားတစ်ဦးက ဆိုသည်။
 The Voice Weekly
_______________________________________________________________________________
အစိုးရမင်းများခင်ဗျာ
 ရခိုင်တွေကများ ထ ဆူပူပါသလားခင်ဗျာ
ရခိုင်တွေကများ မီးရှို့နေလို့ပါလား ခင်ဗျာ
ရခိုင်တွေက သတ်နေလို့ပါလား ခင်ဗျာ
ရခိုင်တွေကိုရော အပြည့်အဝ လုံခြုံမှုပေးနိုင်ပါပြီလားခင်ဗျာ
လုံခြုံရေးတွေ တဖွဲဖွဲလွတ်ပါတယ်..ရခိုင်ရွှာတွေ တပြိုက်ပြိုက် မီးလောင်ပါတယ် ။ 
ရခိုင်ဒုက္ခသည်တွေ တိုးလာပါတယ် ။
အစိုးရမင်းများ ၏ မဟာဗျုဟာကို လိုက်လံတွေးခေါ်နိုင်ခြင်းမမှီနိုင်တော့ပါလား ။
_____________________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ