Jan 21, 2012

DVB ငယ်ကျိုးငယ်နာဖော်လိုက်တဲ့ Burma VJ ဘာလဲ ဘယ်လဲ

ကဲကဲ..ပြောသူအလွန်လားး..နိုင်ငံရေးအကြောင်းပြ အမြတ်ထုတ်နေကြတဲ့ ခင်ဗျားတို့ရဲ့ သူရဲခေါင်းကြီး ဖြစ်ချင်လှတဲ့ ခွ ကောင်တွေ သူတို့အချင်းချင်းပဲ ဖော်နေကြပါလားဗျာ..သူတို့အချင်းချင်းကိုက်နေကြပါလား.ဟားဟား
________________________________________________________________

ဒီမိုကရက်တစ်မြန်မာ့အသံ ပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်သူများက လုပ်ငန်းအတွက် သတ်မှတ်ပေးထားသော အဖွဲ့အစည်းပိုင် ငွေများကို အလွဲသုံးစားပြုလုပ်နေကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ အုပ်ချုပ်ရေး တာဝန်ရှိသူများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူးတို့က အထောက်အထားအခိုင်အမာ တွေ့ရှိခဲ့သည်။ ငွေကြေးစီမံခန့်ခွဲရေး အပါအဝင် မြန်မာပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်တာဝန်ယူသူ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန္ဒ၊ ကိုမျိုးကြီး) နှင့် ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့နှစ်ဦးသည် မမှန်ကန်သော ငွေစာရင်းများတင်ပြကာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက် အဖွဲ့ပိုင်ငွေကြေးများကို မတရားရယူနေကြောင်း သက်သေ အထောက်အထားများအရ သိရသည်။ ထို့ကြောင့် ယမန်နှစ် စက်တင်ဘာလက ထိုငွေကြေးအလွဲသုံးစားမှုကို အုပ်ချုပ်ရေး တာဝန်ရှိသူများက ဘုတ်အဖွဲ့သို့တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့က အဆိုပါ ငွေကြေးအလွဲသုံးစားမှုကို တာဝန်ယူ စုံစမ်းဖော်ထုတ်ခဲ့သည်။


၂။ လွတ်လပ်၍ သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုကို ဦးတည်သောအားဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် လက်ထောက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့သည် စုံစမ်းစစ်ဆေးမှု ပြီးသည်အထိ စီမံခန့်ခွဲရေးတာဝန်မှ ယာယီရပ်နားပြီး အသံလွှင့်လုပ်ငန်းပိုင်းကိုသာ တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း ဒီဗွီဘီ စီမံခန့်ခွဲရေးကို တာဝန်ယူရန် ယာယီ ဦးဆောင်ညွှန်ကြားမှူးအဖြစ် ဦးဟန်ညောင်ရွှေနှင့် ယာယီရုံးအုပ်ချုပ်ရေးမှူးအဖြစ် Ms. Vibeke Hermanrud တို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။

၃။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှားရမ်းခဲ့သည်။ နော်ဝေး နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အခြေစိုက်သော PwC ရုံးခွဲများမှ စုံစမ်းစစ်ဆေးရေးမှူး ခြောက်ဦးသည် ယမန်နှစ် နိုဝင်ဘာလဆန်းမှစ၍ စုံစမ်းစစ်ဆေးခဲ့သည်။ အော်စလိုမြို့ ဒီမိုကရက်တစ်မြန်မာ့အသံ ရုံးချုပ်ရှိ ဝန်ထမ်းများကို ပထမမေးမြန်းပြီး ငွေစာရင်းများ၊ သက်သေ အထောက်အထားများကို စစ်ဆေးခဲ့သည်။ နော်ဝေး PwC ရုံးမှ စစ်ဆေးရေးမှူးနှစ်ဦးနှင့် ထိုင်းနိုင်ငံ PwC ရုံးမှ စစ်ဆေးရေးမှူး တဦးတို့က နိုဝင်ဘာလလယ်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း စုံစမ်းစစ်ဆေးခဲ့သည်။

၎။ ယခုအခါ PwC က ၎င်းတို့စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက တွေ့ရှိချက်များထဲတွင် အောက်ပါအချက်များ ပါဝင်သည်။
(က) ဒီမိုကရက်တစ်မြန်မာ့အသံ၏ ပြည်တွင်း သတင်းလုပ်ငန်း ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီးကြပ်နေသော အော်စလိုအခြေစိုက် တာဝန်ခံ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန္ဒ၊ ကိုမျိုးကြီး) နှင့် ပြည်တွင်းသတင်းလုပ်ငန်းအတွက် ငွေကြေးကို မဲဆောက်မှ ကြီးကြပ်သူ ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့ နှစ်ဦးမှာ အလွဲသုံးစားလုပ်သူများ ဖြစ်ကြောင်း PwC အစီရင်ခံစာ က ထောက်ပြထားသည်။
(ခ) အလွဲသုံးစားလုပ်ခဲ့သည်ဟု PwC က အတည်ပြုသော ငွေပမာဏမှာ နော်ဝေးငွေ ကရောင်း ၂,၂၁၈,၁၄၁၊ (အမေရိကန်ဒေါ်လာ ၃၆၉,၀၇၅၊ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံးစား ပြုလုပ်ခံရသော ငွေများမှာ ပြည်တွင်းနှင့် မဲဆောက်ရုံးတာဝန်ကျ သတင်းထောက်နှင့် ဝန်ထမ်းများ၏ လစာငွေများ၊ ဖမ်းဆီးခံထားရသော ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်များ၏ မိသားစုများအတွက် ပေးသော ထောက်ပံ့ငွေများ၊ ရုံးခန်းငှားခများနှင့် လုပ်ငန်း လည်ပတ်စရိတ်အတွက် သတ်မှတ်ပေးထားသော ငွေများဖြစ်သည်။
(ဂ) အလွဲသုံးစားလုပ်၍ စုဆောင်းရရှိသော ငွေများဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အိမ်များ၊ တိုက်ခန်းများ၊ မော်တော်ယာဉ်များ၊ မြေကွက်များ ဝယ်ယူထားသည့်အပြင် လောင်းကစားနှင့် အခြား စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။

(ဃ) အကျဉ်းထောင်အသီးသီးတွင် ထောင်ချခံခဲ့ရသည့် ဒီဗွီဘီ သတင်းထောက်များနှင့် မိသားဝင်များအတွက် ထောက်ပံ့ငွေများကိုအလည်း အလွဲသုံးစား လုပ်ခဲ့ကြသည်။

၅။ အလွဲသုံးစားငွေများထဲမှ ဘတ်ငွေ နှစ်သန်းခုနစ်သိန်းဖြင့် ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထားသော ဘန်ကောက်မြို့ရှိ အိမ်တလုံးကို ဒီမိုကရက်တစ်မြန်မာ့အသံက ပြန်လည်သိမ်းယူထားပြီးဖြစ်သည်။

 DVB မှ ခိုးထားသည့်ငွေဖြင့် Burma VJ မျိုးကြီးဝယ်ထားသည့် ဘန်ကောက်မှ ဘတ် ၂သန်းကျော်တန်အိမ်



****************************************************************
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

Howdy! I realize this is sort of off-topic but I had to ask.

Does operating a well-established website like yours take a massive amount work?
I'm completely new to blogging however I do write in my diary
every day. I'd like to start a blog so I can share my experience
and feelings online. Please let me know if you have any suggestions or
tips for brand new aspiring bloggers. Appreciate it!


Also visit my webpage; Bristol hotels

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ