Jan 18, 2012

အမေရိကန်မရိန်းတပ်သားများမှ လူသားအချင်းချင်းလေးစားမှူ စာနာထောက်ထားမှူများအား စစ်မြေပြင်တွင် လက်တွေ့ကျင့်သုံးပြခဲ့

အင်တာနက်ပေါ်  uploaded တင်ထားသော အမေရိကန်မရိန်းတပ်သားများက တာလီဘန်တိုက်ခိုက်ရေးသမားတို့ ၏ အလောင်းများပေါ် သေးပေါက်ချမှူ ဗီဒီယိုကလစ်မှာ
လျှင်မြန်စွာ ပျံနှံသွားပြီး ကြည့်ရှူမိသော သူများက အလွန်တရာစက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်ဟု ဝေဖန်လိုက်ကြသည်။

 ဒီဗီဒီယိုဖိုင်တွင် စစ်သားတဦးမှ ရဲဘော်တို့ရေ ဒီနေ့ကတော့ နေ့ထူးနေ့မြတ်ပဲဟေ့လို့  ပြောကြားလိုက်ပြီးနောက် ကင်မရာကိုင်စစ်သားတစ်ယောက်က
ဟေး-ဒီမှာ မင်းကိုပါရိုက်နေပြီလို့ ပြောချိန် အခြားတယောက်က ဒီမှာဟေ့ ကွက်ကြားမိုးတွေရွှာနေသလို ရွှေမိုးတွေရွှာနေတယ် ဟု ဟာသလုပ်ပြီး
သေဆုံးနေသော တာလီဘန် အလောင်းများအပေါ် မထီမဲ့မြင်ကျင်ငယ်စွန့် မှူ ပြုလုပ်ခဲ့ကြလေသည်။

CNN မှပြောရေးဆိုခွင့်ရှိသူတစ်ဦးကီလုပ်ရပ်ဟာ စက်ဆုပ်ဖွယ် ရွံမုန်းဖွယ်ကောင်းတဲ့ အကျင့်စရိုက်တွေပဲ လို့ လူသိရှင်ကြားထုတ်ဖော်ဝေဖန်လိုက်တဲ့အခါမှာ
ချက်ချင်းပဲ ၄င်းဗီဒီယိုဖိုင်ကို ပြန်ဖျက်သွားပါသ်ာလည်း  အင်တာနက်ပေါ်တွင် ပျံနှံနေခဲ့ပြီဖြစ်သည်။




U.S.M.C. Media Officer Kendra Hardesty ကတော့ ဒီဖြစ်ရပ်မှာ ပါဝင်သူတွေဟာ မရိန်းတပ်သား အစစ်အမှန်ဟုတ်မဟုတ်စုံစမ်းမည်ဖြစ်ပြီး
သူတို့မရိန်းတပ်သားတွေကို
ဒီလိုလုပ်ဖို့ ညွန်ကြားခြင်းသင်ပေးခြင်းမရှိဘူးလို့ ပြောကြားထားပါတယ်။ ဒီဖြစ်ရပ်ကိုလုံးဝစုံစမ်းစစ်ဆေးခဲ့ပြီး
 ဖြစ်ပြီးပါဝင်သူများကို သူတို့လုပ်ရပ်အတွက်တာဝန်ယူစေရမည်ဖြစ်ကြောင်းလည်း ပြောကြားလိုက်ပါတယ်။
ဒီဖြစ်စဉ်ထဲမှာပါဝင်သူတွေဟာ ဘယ်တပ်ရင်းဘယ်တပ်ဖွဲ့ကဖြစ်တယ်ဆိုတာ အခုစုံစမ်းနေပြီဖြစ်ကြောင်းနဲ့ 
သတင်းတစုံတရာရလျှင်ရခြင်း အသိပေးသွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားထားပါတယ်။

ဗီဒီယိုကလစ် ထဲတွင်ပါဝင်သူများမှာ အမေရိကန်မရိန်းတပ်ဖွဲ့ ၏ လက်ဖြောင့်တပ်သားဝတ်စုံများဝတ်ဆင်ထားသူများဖြစ်ပြီး မရိန်းတပ်ဖွဲ့ ဝင်သုံး အနီးကပ်တိုက်ပွဲဝင်
(.30)caliber sniper rifles များပါတွေ့ရှိရပြီး ၄င်းတို့ ဝတ်ဆင်ထားသော စစ်ဦးထုပ်(helmets) များမှာ snipers လက်ဖြောင့်တပ်ဖွဲ့ ဝင်များအတွက် အထူးထုတ်ပေးထားသော
ကျည်ဆံနှင့် လက်ဖြောင့်သေနတ်တပ်မှန်ပြောင်းများကိုချိတ်ဆွဲနိုင်သော ကျည်ကာHelmets များဖြစ်ကြောင်းလည်း တွေ့နိုင်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ Capt. John Kirby ကတော့ ဒီဖြစ်ရပ်ဟာ စပ်ဆုပ်ဖွယ်ကောင်းပြီး လူသားအချင်းချင်းလေးစားမှူမဟုတ်ကြောင်း
ပြန်တွေးလိုက်တိုင်း အော်ဂလီဆန်လာကြောင်း ပြောဆိုလိုက်ပါတယ်။


အဆိုပါဖြစ်ရပ်ကြောင့် နဂိုရှိရင်းစွဲဖြစ်သော အမေရိကန်တို့ ၏ လူသားအချင်းချင်းစာနာထောက်ထားမှူခေါင်းစဉ်ဖြင့် နိုင်ငံတကာ အား ခြေရှုပ်နေသော ကိစ္စရပ်များအပေါ် တိုက်ရိုက်သက်ရောက်မှူများ မေးခွန်းများဖြစ်ပေါ်လာကာ
အမေရိကန်တပ်များရောက်ရှိနေသော နိုင်ငံများမှ ပြည်သူလူထုက ၄င်းတို့ အပေါ်ယုံကြည်မှူများ ကင်းမဲ့လာခြင်းများ ဖြစ်ပေါ်လာကြောင်း သိရှိရပါသည်။

                                                                       
                                                                    မောင်ကျောက်ခဲ(မြန်မာပြည်)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

They are only peing barmese army is fuck right?????????????????????????????????

Anonymous said...

They are only peing barmese army is fuck right?????????????????????????????????

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ