Jan 20, 2012

မင်းကိုနိုင်နှင့်ကျောင်းသားခေါင်းဆောင်ဆိုသူများသို့ ..(ပေးစာ)

မောင်မင်းကိုနိုင်စတဲ့ ကျောင်းသားခေါင်းဆောင်၊ တိုင်းပြည်ရဲ့ခေါင်းဆောင်တွေကို ဘုန်းဘုန်း ပြောချင်တယ်။ နိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ အထူးသဖြင့် ဗုဒ္ဓဘာသာပေါ့ကွာ ရည်မှန်းချက်ချင်း လုံးဝဥဿုံ မတူပါဘူ။ ဒါကြောင့် ကိုယ်သေသေချာချာ မလေ့လာရသေးတဲ့ ဘာသာရေးနယ်ပယ်မှာ မောင်ရင်တို့ ၀င်မပါစေချင်သေးဘူး။ အခု ရွှေည၀ါကိစ္စဆိုတာ တကယ်တော့ ဘာသာရေးကိစ္စ၊ သံဃာ့ကိစ္စပါကွာ။ နိုင်ငံရေး မဟုတ်ပါဘူး။ မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောလို့ ဆိုတာက စကားကျဉ်းအောင် ခေါင်းစဉ်တပ်တာပါ။ အဲဒါက အဓိက မဟုတ်ဘူး။ ဟောထားတဲ့တရားဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မ၀ိနယနဲ့ ဘယ်လောက်သွေဖီနေသလဲ ဆိုတဲ့ အပေါ်မှာမူတည်ပါတယ်ကွာ။ ဘုန်းဘုန်း ဒီလိုပြောတာ အလွတ်မဲ့ ပြောတာ မဟုတ်ပါဘူး။ ဘုန်းဘုန်းက ရွှေည၀ါဆရာတော်ဟောတဲ့ “မတရားမလုပ်ကြနဲ့”တို့ “ငါးပါးမှောက်သွားမယ်”တို့ “စုံနံ့သာမြိုင်ဟောပြောပွဲ” တို့ စတဲ့ စတဲ့ တရားခွေတွေကို နားထောင်ပြီးမှ ပြောတာပါ။ အဲဒီမှာ အားနည်းချက်တွေ ရှိနေတယ်။ နိုင်ငံရေးကို မဆိုလိုပါဘူး။ ဘာသာရေးအရ မပြောအပ်တာတွေ ပြောထားတာမျိုးတွေ ရှိနေတယ်။ ရွှေည၀ါတစ်ပါးတည်း မဟုတ်ပါဘူးကွာ။ တခြားဓမ္မကထိကဆရာတော်တွေမှာလဲ အဒီလိုမျိုး အမှားအယွင်းတွေ ရှိနေတဲ့အတွက် မဟနအဖွဲ့ဆရာတော်ကြီးများက တရားဟောခွင့် တစ်နှစ်ပိတ်တယ်ဆိုတာမျိုးကို လုပ်ရပါတယ်။ အမှားအယွင်းတွေကို ဖြန့်ဖြူးရာရောက်နေလို့ ပိတ်ရတာပါ။ နိုင်ငံရေးကြောင့်တော့ မဟုတ်ပါဘူး။ ဒါကို ရွှေည၀ါဆရာတော်က အပြည့်အ၀ မလိုက်နာခဲ့ဘူး။ နောက်ပြီး သူနေတဲ့ ကျောင်းကလဲ သူပိုင်ကျောင်းမဟုတ်ဘူး။ သာသနာရေးဋ္ဌာနက ပိုင်တဲ့ကျောင်း၊ ပြောရရင် အစိုးရပိုင်ကျောင်းဖြစ်နေတယ်။ ပြဿနာဖြစ်လို့ အစိုးရက သိမ်းထားတာ။ မဟနနဲ့ ဘာမှ မဆိုင်ဘူး။ ဒီတော့ အစိုးရပိုင်ကျောင်းမှာ နေပြီး မဟနဆရာတော်ကြီးများရဲ့ အဆုံးအမကိုလဲ အပြည့်အ၀ မလိုက်နာတဲ့အတွက် ဆရာတော်ကြီးများအနေနဲ့ ထိုက်သင့်သလို အရေးယူရတယ်။ တကယ်တော့ ဆရာတော်ကြီးတွေက အလွန်သက်ညှာပါတယ်။ ဘယ်နေ့ ထွက်သွားရမယ်ဆိုတာမျိုး မလုပ်ပါဘူး။ ရွှေည၀ါကို ထွက်သွားစေလိုတဲ့ ဆန္ဒမျိုးလဲ မရှိပါဘူး။ တတ်နိုင်သမျှ ရွှေည၀ါဆရာတော် အပြောအဆိုတွေ ဆင်ခြင်လာမလား-ဆိုပြီး ညွှန်ကြားချက်တွေ ထုတ်တယ်လို့ ယူဆနိုင်ပါတယ်။ အာရ်အက်ဖ်အေ က တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော်ကို ဆက်သွယ်မေးမြန်တဲ့အခါမှာလဲ ဥက္ကဋ္ဌဆရာတော်က အရေးမယူပါဘူး၊ မဟနဆရာတော်ကြီးများက သိလိုရာကို မေးမြန်းခိုင်းလို့ မေးမလို့ပါ-လို့ ပြောပါတယ်ကွာ။ ဒါကို ရွှေည၀ါဆရာတော်က မီဒီယာတွေ အသုံးချပြီး ဆရာတော်ကြီးတွေကပဲ မတရားလုပ်နေသလို သူ့ကိုပဲ လူချွတ်တော့မှာ လိုလိုနဲ့ မမှန်မကန် ပြောဆိုတာပါ။ ဒါက ဖြစ်စဉ် အကျဉ်းပါ။ ပြောလိုတာက မောင်ရင်တို့တတွေ မီဒီယာတွေအပါအ၀င်ပေါ့ကွာ။ သံဃာ့အဖွဲ့အစည်း အမည်တောင် မှန်အောင် မပြောနိုင်( တိုင်းသံဃနာယကကို တိုင်းသံဃမဟာနာယကလို့ ပြောတာမျိုး)သေးဘူးဆိုတော့ ဒီသံဃာ့အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေ၊ ၀ိနည်းတရားတော်တွေဆိုတာကို သိဖို့ တော်တော်လေ့လာကြရဦးမှာပါ။ ဒီလို ကိုယ့်ဘက်က ဘာမှ ကျကျနန မလေ့လာရသေးတဲ့အချိန်မျိုးမှာ ရွှေည၀ါဆရာတော်ကို ၀ိုင်းထောက်ခံပြီး ဆရာတော်ကြီးတွေအပေါ်
အမြင်တစ်မျိုး ဖြစ်နေတာ ဘုန်းဘုန်း တော်တော် စိတ်မကောင်းပါဘူး။
ဘုန်းဘုန်းဖြစ်စေချင်တာက ခုလိုကိစ္စမျိုးမှာ မောင်ရင်တို့ ၀င်မပါစေချင်သေးဘူး။ နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ ရွှေည၀ါ အခုနေတဲ့ ကျောင်းက ထွက်ပေးရတယ် ဆိုရင်တောင် မောင်ရင်တို့ ၀င်မပါသင့်ဘူး။ အေး မောင်ရင်တို့ လုပ်ပေးရမှာက မောင်ရင်တို့ဆရာတော် အနေအထိုင် မဆင်းရဲရအောင် နေရေးထိုင်ရေးအတွက် စီစဉ်ပေးသင့်တယ်။ တခြား ဆွမ်းကွမ်းကိစ္စတွေ၊ သူလုပ်နေတဲ့ ပညာရေးလုပ်ငန်းတွေ အဆင်ပြေအောင် အကူအညီပေးပေါ့ကွာ။ မောင်ရင်တို့ ပြောရမှာက အခုလိုမျိုး ဆရာတော်ကြီးတွေအပေါ် အမြင်စောင်းသွားစေနိုင်တဲ့ အပြောမျိုးတွေ မပြောဘဲနဲ့ “ဒါဟာ သံဃာ့ကိစ္စ သံဃာဆောင်ရွက်တာ ဖြစ်တယ်၊ ကျနော်တို့ဘက်ကတော့ တတ်နိုင်သမျှ ထောက်ပံလှူဒါန်ဖို့သာ ဖြစ်ပါတယ်” ဆိုတာမျိုးလောက်ပဲ ပြောသင့်ပါတယ်ကွာ။
မောင်ရင်တို့ကို ဘုန်းဘုန်း အခုလို သတိပေးပြောဆိုတာ မောင်ရင်တို့အပေါ် မျှော်လင့်ချက် ကြီးကြီးမားထားနေလို့ ပြောတာ။ ၀င်မစွက်သင့်တဲ့ ကိစ္စမှာ ၀င်စွက်မိလို့ မြင်းကောင်းခွာလိပ် ဖြစ်သွားမှာကို ဘုန်းဘုန်း သိပ်ပြီးစိုးရိမ်တယ်။ ဘုန်းဘုန်းဘ၀မှာ ၀မ်းသာလွန်းလို့ ကျတဲ့ မျက်ရည်ဆိုတာ မောင်ရင်တို့ ပြန်လွတ်လာတဲ့နေ့က ကျတဲ့ မျက်ရည်ပဲ ရှိတယ်။ ဒီတော့ ကိုယ်သေသေချာချာ မလေ့လာရသေးတဲ့ သံဃာ့ကိစ္စမှာ ၀င်မစွက်ကြပါနဲ့၊ ၀င်စွက်ချင်သပဆိုရင်လဲ မဟနအဖွဲ့က ဆရာတော်ကြီးတွေအကြောင်း၊ သံဃာ့အဖွဲ့အစည်းတွေအကြောင်း ကျကျနန နီးနီးကပ်ကပ်လေ့လာပြီးမှ ၀င်စွက်ကြပါလို့ မောင်ရင်တို့ကို ဘုန်းဘုန်းမေတ္တာရပ်ခံပါရစေ။
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မင်းကိုနိုင်တို.ကတော.တောင်းစားဖို.ဂွင်တခုရသွားပြန်ပြီ။
ရွှေည၀ါဆရာတော်ကြီးဗန်းပြပြီး..ထမင်းစားဖို.တောင်းစားကြဦးမယ်။

Anonymous said...

ဘယ် ဘုန်းဘုန်း ပြောတယ်ဆိုတာကို ဘွဲ့အမည်လေးတော့ ထည့်ပေးမှာ မောင်ကျောက်ခဲရယ်......

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ