Dec 2, 2012

ဖုန်းအင်တာနက် အသုံးပြုခ ပုံစံသစ် ပယ်ဖျက်


မြန်မာ့ ဆက်သွယ်ရေး၏ ဖုန်း အင်တာနက် အသုံးပြုခ ကောက်ခံမည့် ပုံစံသစ်ကို အသုံးပြုသူ များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်မည့် စနစ်သစ်ကို ၂ဝ၁၃ ခု ဇန်နဝါရီ ၁ ရက်နေ့သို့ ရွှေ့ဆိုင်း လိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းလ် ဒု-အင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားသည်။“ဇန်နဝါရီ ၁ ရက်မှ ပြန်စမယ်။ ဈေးနှုန်း တွေလည်း ပြင်ဆင် သွားဖို့ ရှိတယ်” ဟု ၄င်းက ပြောကြားသည်။


မိုဘိုင်းလ် အင်တာနက် အသုံးပြုခ ကောက်ခံမည့် ပုံစံသစ်နှင့် ပတ်သက်၍မြန်မာ့ ဆက်သွယ်ရေး က နိုဝင်ဘာ ၃၀ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး Volume Based Charging စနစ်သို့ပြောင်းလဲမည် ဖြစ်ကြောင်း အခိုင်အမာ ပြောခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်း တွင် အဆိုပါ အစီစဉ်ကို ပယ်ဖျက် ခဲ့ကြောင်း သိရသည်။

From:[_The Voice Weekly  _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ရိုက်စားလုပ်ဖို့မစဉ်းစားဘဲ ပြည်သူလူထုအမှန်တကယ်သက်သာဖို့စဉ်းစားရင် အမိန့်ကို ခဏခဏပြင်စရာမလိုပါဘူး..ခုတော့ လစ်ရင်လစ်သလို လှည့်ပတ်ပြီး ရိုက်စားလုပ်ဖို့စဉ်းစားတယ်..သိတဲ့လူက ထပြောတော့ အမိန့်ပြင်ရတယ်..ရှက်စရာကွာ။

ဂျူပီတာ said...

connectionတော့ကောင်းအောင်မလုပ်ဖူး။ပိုက်ဆံတော့ကောက်ချင်တယ်။မြန်မာပြည်ဆက်သွယ်ရေးကဘယ်လောက်များကောင်းနေလို့လဲ။ဖုန်းတွေလောက်ရောင်းနေတာ။လိုင်းကတော့ထူးမခြားနားပဲ။ပြည်သူတွေကိုရှောက်သီးများမှတ်နေလား?

ဂျူပီတာ said...

connectionတော့ကောင်းအောင်မလုပ်ဖူး။ပိုက်ဆံတော့ကောက်ချင်တယ်။မြန်မာပြည်ဆက်သွယ်ရေးဘယ်လောက်များကောင်းနေလို့လဲ။ဖုန်းတွေလောက်ထုတ်ရောင်းနေတာလိုင်းကတော့ထူးမခြားနားပဲ။ပြည်သူတွေကိုရှောက်သီးများမှတ်နေလား?

Anonymous said...

မင်းတို့ကလည်းကွာ အခုလို၂သိန်းတန်ဖုန်းတွေကို အကြွေးစနစ်နဲ့ရောင်းမှကိုင်နိုင်ပြီး ဖင်ယားမနေပါနဲ့ကွာ။
ကိုယ့်မိသားစုစားဝတ်နေရေးအတွက်ပဲ ကြိုးစားပါ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ